17 December 2008

လာလည်သူများသို့

အခုရက်ပိုင်းမှာ စိတ်ကလည်း ညစ်တစ်တစ်နဲ့မို့ ပို့စ်အသစ်တင်ဖို့လည်း စိတ်မဝင်စား၊ တင်လိုက်မိရင်လည် သူတပါးကို ထိခိုက်မည့် အရေးအသားတွေများဖြစ်နေမလားဆိုပြီး ဘာမှမတင်ဖြစ်တော့ဘူး။ စိတ်ထဲမှာ စာစီထားတဲ့ အကြောင်းအရာတွေကတော့ အများကြီးဘဲ။ လှပတဲ့ အကြောင်းအရာတစ်ခုကိုတော့ တင်သင့် မတင်သင့် စဉ်းစားနေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့် ငြိမ်နေလိုက်ရင် ကောင်မလားလို့လည်း စဉ်းစားမိပါတယ်။ ပို့စ်အသစ်မတင်ဖြစ်တဲ့အတွက်လာလည်ကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ Deleteလုပ်လိုက်တဲပို့စ်များအတွက်လည်း အဆင်မပြေ ဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးပါ။ ဘာကြောင့်လည်းလို့မေးခဲ့ရင်လည်း ပြန်မဖြေနိုင်ခဲ့ရင် ထပ်ပြီးတော့ခွင့်လွှတ်ပေးပါ။ ကျွန်မကို ချစ်၍ လာလည်ကြသော၊ မုန်း၍ လာလည်ကြသော သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အရေးအသားများဟာ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါ... သို့သော် ထိုအကြောင်အရာများနှင့်ပတ်သက်၍ အမျိုးအမည် မသိသော စိတ်ညစ်ခြင်းများ ပေါ်ပေါက်ခဲ့ပါသော် နာလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခုလောလောဆယ်မှာ wordpress ပြောင်းဖို့လုပ်နေတဲ့အတွက်ကြောင့် ပို့စ်အသစ်တင်ဖို့ အချိန်အနည်းငယ်ခန့် ကြာပါဦးမယ်။ blogspotမှာ အနေကြာလာတော့ နည်းနည်းပျင်းလာတာလည်းပါတယ်။ အပြောင်းအလဲကိုကြိုက်တတ်တဲ့စိတ်ကလည်း တခါတလေတော့ မကောင်းပြန်ဘူး။ wordpress လုပ်ရင် PHP ကိုလည်းသိလာတယ်ဆိုတာကြောင့် wordpress ပြောင်းလိုစိတ်ပြင်းပြလာတယ်။ နောက်ပြီး blogspotမှာ theme ပြောင်းချင်ရင် ဒုက္ခနည်းနည်းရောက်လို့ပါ။ လှတပတ theme ဆိုရင် blogspot မှာထက် wordpress မှာပိုများတဲ့အတွက်ကြောင့်ပါ။ လိပ်စာ(ဒိုမိန်းနိမ်း) လည်း ပြောင်လဲမှုရှိနိုင်ပါတယ်။DNS update ဖြစ်ဖို့အတွက် အချိန်စောင့်နေရတာကြောင့် ဘာကိုမှဆက်လုပ်လို့ မရသေးပါ။
စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာမထားတတ်တဲ့အကျင့်ကြောင့် ဘလော့ပေါ်မှာ ရေးချခြင်းဖြစ်ပါတယ်။ လာလည်တဲ့သူများကို ကျေးဇူးတင်ပါတယ်။
ဘာရယ်မဟုတ်ဘူး ဆားချက်လိုက်တာပါ... :P

14 December 2008

ဖတ်မိတာလေးတွေ

ငြိမ်းချမ်းနေတယ်.. ပျော်ရွှင်နေတယ်… ကြည်လင်နေတယ်… ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ….

ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ၊ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ် … ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်…

ဘဝရဲ့အရည်အသွေး မြင့်မားစေချင်ရင်၊ စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်.. ဘဝရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်…

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ …

လူ့ဘဝမှာ စွန့်စားရတာနဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ နဲနဲရှိမှကောင်းတယ်.. သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာကောင်းနေလိမ့်မယ်…

စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ ဘ၀ကို ကျေနပ်မှုရမယ်။

မေတ္တာဆိုတာ သူတစ်ပါးအတွက် အဟာရဖြစ်သလို… ကိုယ့်အတွက်လည်း အဟာရဖြစ်ပါတယ် …

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ဘူး … ကိုယ့်စိတ်ပါ… ကိုယ်အတွေးပါ… ကိုယ့်သဘောထားမှားနေလို့ပါ…

ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာစမ်းစစ်ကြည့်ရမယ်….

ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ အလုပ်မျိုးဖြစ်သင့်တယ်….

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ..

လူတိုင်းလူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွှေးချယ်မှုတွေ လုပ်နေရပါတယ်… ရွှေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့လိုပါတယ်။

စိတ်ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ…



11 December 2008

Ways to Beat Stress

For many of us, there is never enough time. There are so many things to do and so little time in which to get them done. Stress is closing in on all of us. Stress is affecting not only the way we work, but also our bodily health. While we cannot make stress go completely away, there are some things we can do to reduce our stress levels and make us happier and more productive. Here are some tips!

Change “I have to…” to “I get to…”
· Even the most miserable of tasks seem easier and less stressful if you get to do them.
· It seems like a reward.
· By removing that feeling that you “have” to do something, you have reduced some pressure and stress.

Keep toys on your desk
· Toys can give you something physical and mental to do and at the same time, helped reduce anxiety.
· A good example would be plastic robots that change their shape depending on which way you turn them. You would be surprised to find that by twisting the robots around, it’s a good way to de-stress!

Write it down
· By putting your thoughts down on paper (or on your computer), you can transfer your emotions from your mind to something more tangible.
· After you are done with the writing, you can crumble up the paper and throw it away. It’s like throwing your troubles away.

Tackle the most stressful tasks first
· As we become more tired, our stress defences go down.
· So it is best to handle the most stressful events when your body is most alert and rested.
Exercise
· You can choose to exercise your thighs when you have been hunched over a desk for too long.
· Getting away from the desk and exercising for just a couple of minutes can reduce stress remarkably.
· If you can get away for a walk, that is even better.
· Think about your pleasant thoughts and not about your problems.

Breathe deeply
· One of the main keys to a healthy body is getting oxygen, which you cannot do if you are slumped over and stressed out.
· Take a few minutes away from your work, close your eyes and breathe deeply and slowly.
· With each outgoing breath, you may find yourself becoming calmer and less worried and stress.

Make yourself at home
· Personalize your workspace.
· Surround yourself with photographs of home, posters from favorite movies or plants and flowers.
· Familiar objects help you to relax.

Drink Orange Juice
· Scientists have discovered that vitamin C can reduce the production of stress hormones.
· Other foods rich in vitamin C include broccoli, tomatoes, strawberries, grapefruit etc.

Sing a song
· Singing relaxes the body and helps you breathe more deeply.
· But if you don’t sing well, save this activity for the shower or you might create more stress for the people around you!

Watch a funny video
· Laughter, like singing, gets more oxygen into your lungs.
· So watch something that really makes you laugh out loud. A great comedy will do the trick here.

Reduce multi-tasking
· The more balls you have in the air, the more stress you will feel.
· Reduce the number of tasks you are juggling and lower your tension and stress.


No matter what kind of work you do, you will experience some form of stress. Do not let it overwhelm you. You can learn to control it.


********************************

Extract from The Straits Times (RECRUIT), Oct 30 2008 Thursday

03 December 2008

ကျမနှင့် မလေးရှားခရီးစဉ်များ

အရောက်အများဆုံးနဲ့ သွားတဲ့အခေါက်တိုင်းမှာ စိတ်လှုပ်ရှားစရာအမျိုးမျိုးကြုံရတဲ့ နိုင်ငံက မလေးရှားနိုင်ငံဘဲ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ရုံးပိတ်ရက်ကဘဲ မလေးရှားကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် မလေးရှားသွားတာ သုံးခေါက်ရှိသွားပြီ။ သွားတဲ့အခေါက်တိုင်မှာ အတွေ့အကြုံပေါင်မျာစွာနဲ့ စိတ်လှုပ်ရှားစရာအမျိုးမျိုးဖြစ်ခဲ့ရလို့ အားလုံးဟာ မှတ်မှတ်ရရတွေပါဘဲ။

ပထမအကြိမ်ခရီးစဉ်

စလုံးမှာ အလုပ်ရတာမကြာသေးဘူး.. စလုပ်တဲ့အလုပ်မှာ အဆင်မပြေမှုတွေကအများကြီးဘဲ။ တနေ့တနေ့ အလုပ်သွားရမှာကိုတောင်ကြောက်နေတဲ့အထိဘဲ။ ဒီလိုနဲ့ provision period အတွင်းမှာဘဲ အလုပ်ရှင်က ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုမကြိုက်တာနဲ့ အလုပ်ထွက်ဖို့ စကားခေါ်လာတယ်(ထုတ်တယ်လို့ပြောရင်လည်း ပြောလို့ရတာပေါ့လေ ဟီးဟီး)။ ကိုယ်တိုင်ကလည်း အဲ့ဒီမှာ လုံဝမလုပ်ချင်တော့ ချက်ချင်းဘဲထွက်မယ်ဆိုပြီး အလုပ်ကနေထွက်လာလိုက်တယ်။ အလုပ်မရမှာတွေ s-pass ကို cancelလုပ်ရမှာတွေဘာမှ မစဉ်းစာခဲ့ဘူ။ မလုပ်ချင်တာတစ်ခုဘဲသိတာနဲ့ စိတ်လိုလက်ရ ထွက်လာလိုက်တယ်။ s-pass ကို cancel လုပ်ပြီးရော social visit နဲ့ ဆယ့်လေးရက်လောက်နေပြီတော့ အလုပ်မရသေးတာကြောင့် မလေးရှားကိုသွားဖို့လုပ်ရတယ်။ တချို့သူငယ်ချင်းတွေက ပြန်ဝင်လို့မရမှာကြောင့် မသွားစေချင်ကြဘူး။ ကိုယ်ကလည်း အရှုံးနဲ့ နောက်ကြောင်းပြန်မလှည့်ချင်တာကြောင့် ဘာဘဲဖြစ်ဖြစ် သွာမယ်လိုဆုံးဖြတ်ပြီး stay ကုန်တဲ့နေ့မှာဘဲ စလုံးကနေထွက်သွားပါတယ်။ စလုံး Immegration ကတော့ အေးအေးဆေးဆေးပါဘဲ။ မလေး Immegration ရောက်တော့ နည်းနည်းအရစ်ခံရတယ်။ ဘာသွားလုပ်မှာလဲ ပိုက်ဆံဘယ်လောက်ပါလဲဆိုပြီးပေါ့။ ပိုက်ဆံတွေပြလိုက်တော့ ဝင်ခွင့်ရသွားပါတယ်။ ဒါနဲ့ဘဲ ကွာလာလန်ပူ ဆိုတဲ့ မြို့တော်ကြီးကို ရောက်သွာခဲ့တယ်။ ပူတူးရိုက်ရွယ်ကားကွင်းရောက်တော့ ဆင်လိုက်ပြီး လာကြိုပေးမဲ့ ဦးလေးကိုစောင့်ရတယ်။ ကိုယ်ကလည်း တခါမှရောက်ဖူးတဲ့ ကလားတိုင်ပြည်ဆိုတော့ ခပ်လန့်လန့်ဘဲပေါ။ ကာပေါ်ကဆင်ပြီ ဦလေးကိုမတွေတော့ ဟိုဘက်ရှောက်လိုက် ဒီဘက်လျှောက်လိုက်ပေါ့။ Taxi သမားတွေကလည်း တကြော်ကြော်အော်ပြီခေါ်တာပေါ့။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ဖုန်းဆက်ဖို့လုပ်ရတယ်။ အကြွေကလည်းမရှိတာနဲ့ ကုဒ်တစ်ဘူးဝယ်ပြီး အကြွေရအောင်ကြံဆောင်လို့ ဖုန်းခေါ်ကြည့်တာပေါ့။ ရှိသမျှအကြွေတွေသာကုန်သွာတယ် ဖုန်းကခေါ်လို့မရဘူး။ အကြွေထပ်လဲပေးဖို့ ကုဒ်ရောင်တဲ့ အဒေါ်ကြီးကိုပြောကြည့်တော့ လဲမပေးနိုင်တော့ပါဘူးတဲ့။ စိတ်ညစ်နေတုန်းဦလေးရောက်လာလို့ အဆင်ပြေသွားခဲ့တယ်။ ဦးလေးအိမ်မှာနေတဲ့ တစ်ပတ်အတွင်းမှာ တနေ့တနေ့ ဘုရားရှစ်ခိုးလိုက် အဓိဋ္ဌာန် ပုတီးစိတ်လိုက်နဲ့ အချန်တွေကုန်တယ်။ ဘယ်ကိုမှလည်းသွားမလည်ချင်ဘူးလေ။ တစ်ယောက်တည်းလည်း သွားမလည်ရဲဘူး။ ဦးလေးကလိုက်ပို့မယ်ပြောတော့လည်း သွာလည်ဖို့စိတ်မပါတာနဲ့ ဘယ်မှမသွားခဲ့ဘူး။ ပြန်ဝင်လို့မရမှာကိုဘဲ စိုးရိမ်နေခဲ့တယ်။ ကိုယ့်လိုဘဲ stay လာရှောင်တဲ့သူငယ်ချင်းတစ်ယောက် စလုံးကို ပြန်ဝင်တာ ပေးမဝင်လို့ မလေးရှာကိုပြန်ရောက်လာတယ်။ ငိုသံပါကြီးနဲဖုန်ဆက်ပြီး သူဝင်လို့မရကြောင်းကို ပြောတယ်။ သူလည်း မလေးရှာကဘဲ ရန်ကုန်ကို ပြန်သွာရတယ်။ သူဝင်လို့မရဘူးဆိုတော့ ကိုယ့်အလှည့်ကျရင်ရော ပြန်ဝင်လို့ရမှ ရပါမလားဆိုပြီး ပိုပြီးရင်ပူရတာပေါ့လေ။မလေးရှာမှာနေတဲ့တစ်ပတ်က တရားစခန်း ဝင်နေတဲ့အတိုင်းဘဲ။ တနေ့တနေ့ဘုရာရှစ်ခိုးရင်းနဲ့ အချိန်တွေကုန်သွားတယ်။ တစ်ပတ်လောက်နေပြီး စလုံးကို ပြန်ဝင်ဖို့လုပ်တယ်။ ပြန်လာတဲ့လမ်းတလျှောက်မှာလည်းတစ်လမ်းလုံး ဘုရာစာတွေရွတ်လာလိုက်တာ ဂျိုဟိုးကိုရောက်လာတယ်။ ဝယ်လာတဲ့ကာလက်မှတ်က ဂျိုဟိုးမှာဂိတ်ဆုံးမယ်ဆိုတာကိုမသိဘူး။ ဂျိုဟိုးလည်းရောက်ရော ဂိတ်ဆုံးလို့လူတွေဆင်းကြတယ်။ ဒါကိုဘဲ ကိုယ်က မလေး Immigration ရောက်တာထင်ပြီး passport လေးကိုင်ပြီး Immigration ဝင်ဖို့လူတွေနောက်ကနေလိုက်လျှောက်သွာတယ်။ တော်တော်သွားပြီးရော စိတ်ထဲမှာ သံသယဖြစ်လာတာနဲ့ မေးကြည့်တော့ Immigration မဟုတ်ဘူးတဲ့။ ကားကဂိတ်ဆုံးသွာပြီတဲ့။ ဒါနဲ့ဘဲ ကားဆီကိုပြန်ပြေရတာပေါ့။ ကားသမားက ခရီးဆောင်အိပ်ကြီးကို ရှေ့မှာယူထာလိုက်နေပြီ။ ကားသမားကိုမေးတော့ သူတို့ကားက ဂိတ်ဆုံးသွားပြီး စင်္ကာပူကိုမသွားကြောင်း ပြောတယ်။ ကိုယ်လည်းဘာလုပ်ရမှန်မသိဘဲ သူကိုရစ်နေလိုက်တော့ သူလည်းမနေနိုင်တာနဲ့ စင်္ကာပူသွားမဲ့ ကာတစ်စီးပေါ်တင်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေး Immigration ကိုကျော်လို့ စင်္ကာပူ Immigration ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ လေယာဉ်လက်မှတ်ကြီကလည်း စလုံးအိမ်မှာကျန်ခဲ့တော့ booking လက်မှတ်လေးလုပ်ခိုင်းပြီးယူလာတယ်။ ပိုပြီးအဆင်ပြေအောင်ဆိုပြီး ကျောင်းတစ်ကျောင်းက form တွေကို download လုပ်ပြီးအဆင်သင့်ဖြည့်လာပြီး Immigration ရောက်တော့ ဘာလုပ်ဖို့ပြန်ဝင်မှာလည်းမေးတော့ ကျောင်းတက်မှာဆိုပြီး ကျောင်းရှောက်ဖို့ form တွေပြလိုက်တော့ ချောချောခြူခြူဘဲ တစ်လနေထိုင်ခွင့်တုံးထုပေးလိုက်တယ်။ စင်္ကာပူထဲလည်းရောက်ရော ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သလိုခံစားရတယ်။ ဘုရားကု ကုထားတာလည်းပါမယ်ထင်ပါတယ်။ စလုံးကနေမထွက်ခင်မှာ clementi ဘုန်းကြီးကျောင်းမှာ ပြန်ရောက်တာနဲ့ ဆွမ်းကပ်ဖို့ ဘုန်းဘုန်းကို စာရင်းပေးထားတယ်။ ပြန်လာကိုလာရမယ်ဆိုပြီးပေါ့။ ဒါကတော့ ပထမဆုံးမလေးရှာအတွေ့အကြုံမျာဖြစ်ပါတယ်။

ဒုတိယအကြိမ်ခရီးစဉ်

အလုပ်ရပြီးလို့မကြာဘူး မလေးရှားကိုထပ်သွာဖို့ အကြောင်းဖန်လာပြန်ပါတယ်။ clementi ကျောင်းမှဘုန်းဘုန်းက မလေးရှာကိုသွာစရာရှိလို့ ကိုယ်တွေအဖွဲ့တွေတစ်ဖွဲ့လုံးကို အလည်လိုက်ခဲ့ဖို့ ခေါ်တာကြောင့် အဖွဲ့လိုက်ကြီးဘဲ မလေးရှာကို ရထာကြီးစီလို့ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ ဒီတစ်ခေါက်ကတော့ အလုပ်ရပြီးတဲ့အတွက်ကြောင့် ဘာမှအပူအပင်မရှိဘဲ မလေးရှာခရီစဉ်က လှပလို့နေပါတော့တယ်။ သောကြာနေ့ရထားနဲ့ထွက်သွားပြီး စနေနေ့ရောက်တော့ ပထမဆုံး ပူချွန်းမှာရှိတဲ့ ဘုန်ကြီးကျောင်းကိုသွာတယ်။ အဲဒီနေ့မှာဘဲ Genting highland ကိုသွားလည်ခဲ့တယ်။တောင်ပေါ်ကို sky-bus စီးပြီးသွားရတာလည်း တော်တော်ပျော်ဖို့ကောင်းတယ်။ တောင်ပေါ်မှာအရမ်းအေးတာဘဲ။ နှင်းတွေက အရမ်းကျနေတော့ ဘယ်လိုမှမနေနိုင်တာနဲ့ အနွေးထည်တစ်ထည် ဝယ်ဝတ်လိုက်ရတယ်။ တောင်ပေါ်ကပြန်ဆင်းတော့ အဲဒီအနားမှာရှိတဲ့ ဘုရားကျောင်းတစ်ခုကိုဝင်ခဲ့တယ်။ ညနေဘက်မှာ ပူချွန်းနားမှာရှိတဲ့ shopping center နားမှာဘဲ ဈေးလျှောက်ဝယ်ကြတယ်။ နောက်နေ့မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ကြတယ်။ နေ့လည်ခင်မှာ KL tower နဲ့ Twin tower ကိုသွာလည်ခဲ့ကြတယ်။ ညနေဘက်ရောက်တော့ ကားနဲ စလုံးကိုပြန်လာခဲ့ကြတယ်။ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပြီး အမှတ်တရလည်းဖြစ်ပါတယ်။

တတိယအကြိမ်ခရီးစဉ်

ဒီအကြိမ်ခရီးစဉ်ကလည်း အရင်အကြိမ်များနဲ့မတူဘဲ အတွေ့အကြုံက နောက်တမျိုး ဆန်းသစ်လို့နေပါတယ်။ မြန်မာပြည်က ညီမလေး ဒီမှာအလုပ်လာရှာတာ အလုပ်ကရှာလို့မရဘူး။ စီးပွားရေးအခြေအနေက မကောင်းတာကလည်း ပါတယ်လေ။ ဒါနဲ့ ကျောင်းအပ်ပေးလိုက်တာ ကျောင်းကလည်း student pass ကို တစ်ပတ်အတွင်း ကျမယ်လို့ပြောတော့ ယုံစားမိတာပေါ့။ ဒါပေမဲ့နှစ်ပတ်နေလို့လည်းမကျတော့ ကျောင်းက ICA ကိုသွာတိုးကြည့်တဲ့ သူတို့စာထုတ်ပေးမယ်လို့ ပြောတော့စောင့်ကြည့်နေရတာပေါ့။ ICA ကိုသွာတိုးကြည့်တော့လည်း မရတော့ မလေးရှားကိုသွာဖို့ ဗီဇာလုပ်ရတယ်။ ရက်ကလည်း သိပ်မကျန်တော့တာကြောင့် ဗီဇာကိုအမြန်ကြေးပေးပြီးလုပ်တာ တစ်ရာ့ရှစ်ဆယ်တောင်ပေးရတယ်။ သူတို့ကလည်း ရမယ်လို့ပြောတော့ အေးအေးဆေးဆေးဘဲစောင့်နေမိတာပေါ့။ ဗီဇာရမဲ့နေ့မှာသွာယူတော့ ဗီဇာကမရပါဘူးဆိုပြီးပိုက်ဆံပြန်ပေးတယ်။ လူလည်းဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ဖို့ ကလည်း လေယာဉ်လက်မှတ်ကရဖို့မလွယ်ဘူး။ ဒါနဲ့သူတို့ကအကြံပေးတယ်။ Twas Immigration ဘက်ကဝင်ပြီး Immigration ရောက်မှ arrival visa လုပ်လို့ရတယ်တဲ့။ ပိုက်ဆံတော့အများကြီးပေးရတယ်တဲ့။ အဲ့ဒီညမှာဘဲ ကောင်လေးတစ်ယောက်ကလည်း မလေးရှားကိုသွာမှာဆိုတော့ သူနဲ့လိုက်သွားရင် အဖော်ရတယ်ဆိုပြီး ညတွင်ချင်းဘဲသွာဖို့လုပ်တယ်။ ဗီဇာမပါဘဲသွားရမှာကတော့ စွန့်စားမှုလို့ဘဲဆိုရမှာဘဲ။ ဝင်လို့မရခဲ့ရင်ဆိုတဲ့အတွေးကလည်း ရင်ကိုပူလောင်စေပါတယ်။ ဒါနဲလမ်းမှာ ဘုရာစာ ရွတ်သွာမယ်ဆိုပြီးလုပ်တော့ အမြဲတမ်းရွတ်နေတဲ့ မေတာသုတ်က ဘယ်လိုမှ အစဖော်လို့မရအောင် ဖြစ်သွာတော့ စိတ်ကိုတည်ငြိမ်တောင်ကြိုးစားပြီး ပြန်စဉ်စားရတာပေါ့။ ဒီလိုနဲ စလုံး Immigration ကိုဖြတ်လို့ မလေး Immigration ကိုရောက်တော့ officer တွေရဲ့အခန်းထဲကိုဝင်ပြီး arrival visa လုပ်ချင်ပါတယ်ဆိုပြီး ပြောတာပေါ့။ ညီမလေးကတော့ ဘာမှမပြောဘူး ကိုယ်ကဘဲနောက်ကနေ အားလုံးပြောပေးရတာပေါ့။ ဘာသွာလုပ်မှာလဲ sponser လုပ်မဲ့သူရှိလားဆိုပြီးမေးတာပေါ့။ ဆင်းမြန်မာ ကပေးလိုက်တဲ့ မလေးရှာ နိုင်ငံသာရဲ့ IC ရယ်၊ ကွာလာလန်ပူ-ရန်ကုန် လေယာဉ်လက်မှတ် booking ရယ်ပြလိုက်တော့ ပိုက်ဆံဘယ်လောက်ပါလည်းဆိုပြီးမေးပါတယ်။ ပါလာတဲ့ အမောင့်ကိုပြောလိုက်တော့ visa ဖိုး Malaysia Ringgit 331 ပေးရမယ်တဲ့။ ဘယ်တတ်နိုင်မလဲလေ no choice ဆိုတော့ ပေးရမှာပေါ့ visa လုပ်ပေးတာဘဲ ကျေးဇူးတင်ရဦးမယ်။ ဒါတောင်တုံးထုတဲ့နေရာက လေယာဉ်လက်မှတ် booking ကြီးမို့လို့ရစ်နေတုန်း တခြား officer တစ်ယောက်က special pass နဲ့ဝင်တာလို့လှမ်းပြောမှ ဘာမှမရစ်တော့ဘဲ မလေး Immigration ကို အောင်မြင်စွာဖြစ်နိုင်ခဲ့တော့တယ်။ စလုံးကနေစီးလာတဲကားက Immigration ဝင်နေတာကြာတဲ့အတွက် မစောင့်ဘဲထွက်သွာခဲ့တာကြောင့် ကွာလာလန်ပူ ကိုသွာမဲ့တစ်ခြား ကာတစ်စီးကို တားစီပြီ ကွာလာလန်ပူဆိုတဲ့မြို့တော်ကြီးကို မနက်လေးနာရီလောက် စောစောစီးစီး ရောက်ရှိသွားပါတယ်။ ရင်မေားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ မှတ်မှတ်ရရရှိနေဦးမှာပါ။

နောက်ထပ်ဘယ်လိုအတွေ့အကြုံတွေနဲ့ မလေးရှားကိုထပ်သွာရဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်. ......

27 November 2008

ရုံမှာ ခိုးလုပ်တတ်တဲ့အရာများ

တနေ့တနေ့ မိုးလင်းမိုးချုပ် ကွန်ပျူတာရှေ့မှာဘဲရှိနေတော့ အင်တာနက်စွဲတဲ့ရောဂါများရှိနေပြီလားလို့ ကိုယ့်ကိုကိုယ် သံသယဝင်မိတယ်။ တနေ့လုံးရုံှးမှာလည်း ကွန်ပျူတာရှေ့မှာ၊ အိမ်ပြန်ရောက်တော့လည်း ကိုယ့်ရဲ့အားလပ်ချိန်လေးမှာလည်း ကွန်ပျူတာရှေ့မှာဆိုတော့ အိပ်ချိန်ကလွဲလို့ တချိန်လုံး သူနားမှာဘဲရှိနေတယ်။ ရုံမှာ ခိုးခိုးပြီးလုပ်တဲ့ အလုပ်တွေလည်း များမျာလာပြီ။ အရင်ကဆို ရုံးမှာ online မဝင်ဘူး။ ဒါပေမဲ့လေ တနေ့မှာ အခါနှစ်ဆယ်လောက် မေးစစ်တတ်တဲ့အကျင့်ကလည်း မဖျောက်နိုင်တာကြောင့် အီးမေးကို ခဏခဏဝင်စစ်ဖြစ်တယ်။ ဒါနဲ့ဘဲ တချိန်လုံးဝင်ထားလိုက်တော့ ခဏခဏအဝင်အထွက်လုပ်စရာမလိုတော့ဘူး။ ရုံရဲ့ဖွဲ့စည်းပုံကလည်း သူများရဲ့အခန်းတွေ အကန့်လေးတွေနဲ့မဟုတ်ဘဲ ဘလာကြီးဆိုတော့ ကိုယ့်ရဲ့မော်နီတာကို အတိုင်းသားမြင်နေရတယ်။ ပိုဆိုးတာက ကိုယ်ထိုင်တဲ့နေရာက Technical Director ရဲ့အခန်းရှေ့တည့်တည့်မှာဆိုတော့ ကိုယ်ဘာတွေလုပ်လုပ် သူလှမ်းကြည့်လိုက်တာနဲ့ မြင်နေရတယ်။ တခါတလေမှာ ကိုယ့်နောက်မှာ တိတ်တိတ်လေးလာရပ်ပြီး ဘာတွေလုပ်နေလည်းဆိုတာ လာကြည့်တတ်သေးတယ်။ တခါတုန်းကဆိုရင် မေးစစ်နေရင်း ကြော်ငြာမေးတစ်စောင်တက်လာတယ်။ အမယ် မေးခွန်းငါးခုဖြေနိုင်ရင် iphone တစ်လုံးရမယ်တဲ့။ မဆိုးဘူးဟဆိုပြီး ဖြေမယ်လို့လုပ်တော့ ဖုန်းနံပါတ်လာတောင်းတယ်။ ပျော်ပျော်ကြီးဖြည့်ပေးလိုက်တာပေါ့။ မကြာပါဘူး ခဏအတွင်းမှဘဲ ဖုန်းထဲကို message လေးဝင်လာတယ်။ apple ကွန်ပျူတာကိုဘယ်တုန်းကစသုံးတာလဲတဲ့ multiple Choice ကလေးနဲ့။ ဒါလောက်ကတော့ အလွယ်လေးပေါ့။ microsoft စာမေးပွဲတွေဖြေလာတဲ့သူဆိုတော့ ဒီ multiple Choice လောက်ကတော့ ချိုင်းပလေးပါဆိုပြီး ဖြေပေးလိုက်တယ်။ မေးခွန်းတစ်ခုဖြေလိုက် တစ်ခုထပ်မေးလိုက်နဲ့ မေးခွန်းငါးခုလည်း ဖြေပြီးရော ထပ်ဝင်လာတဲ့ message က မေးခွန်းတစ်ခုကို လေးကျပ် မေးခွန်းငါးခုဆိုတော့ နှစ်ဆယ်ကျပါတယ်တဲ့။ သေပြီဆရာဘဲ။ ဒါပေမဲ့လေ ချက်ချင်းပေးရတာမှမဟုတ်တော့ အေးဆေးဘဲ။ မေ့မေ့ပျောက်ပျောက်ပဲပေါ့။ လကုန်လို့ ဖုန်းဘေလ် လာတဲ့အခါမှ ရင်နာတော့တာဘဲ။ ဘေလ်ထဲမှာ message ငါးခုစာအတွက် ဒေါ်လာနှစ်ဆယ်က အခန့်သား ပါလာတော့တယ်။ ရင်နာနာနဲ ဖုန်းဘေလ်ကို မဆောင်ဘဲထားလိုက်တာ ရက်အတော်ကြာလို့ အကြောင်းကြားစာရောက်လာမှ မဖြစ်တော့ဘူးဆိုပြီး ဆောင်လိုက်ရတယ်။ :(
ရုံမှာနောက်တစ်ခုခိုးလုပ်တာရှိသေးတယ်။ blog တွေခိုးဖတ်တာလေ။ အရင်ကဆိုရင် ရုံးမှာ မြန်မာဖောင့် သွင်းမထားဘူး။ အလုပ်ထဲမှာ အာရုံနောက်မှာဆိုးလို့။ အခုတော့မရပါဘူး ဝင်းဒိုးလေးကို နှစ်ကြောင်း သုံးကြောင်းစာလောက် မြင်သာအောင်ချုံ့ပြီးဖတ်တာပေါ့။ အဲဒီလောက်တောင်အားပေးတာ။ ဒါပေမဲ့ theme အရောင်ရင့်ရင့်တွေက ဖွင့်ထားရင်သိသာတာကြောင့် theme အရောင်ဖျော့ဖျော့လေးတွေဘဲ ရွေးဖတ်တယ်။ ကဲ.. အားပေးစေချင်ရင် theme အရောင်ဖျော့ဖျော့လေးတွေသာ ပြောင်းထားလိုက်ကြနော့။ :P
နောက်ထပ်တစ်ခု ခိုးလုပ်တဲ့အကျင့်ကတော့ ဟီးဟီး ပြောရမှာ အားနာပါတယ်... လာတော့မတိုင်နဲ့နော်။ နေ့ခင်းဖက်ထမင်းစာပြီးလို့ နှစ်ချက်ထိုးလောက်ဆိုရင် လူကအိပ်ငိုက်လာပြီ။ နောက်ဆုံးဘယ်လိုမှ မနေနိုင်တော့ဘူးဆိုရင် toilet ထဲသွားပြီး ငါးမိနစ်လောက် နှပ်နေလိုက်တယ်။ နည်းနည်း အိပ်ငိုက်ပြေ သွားပြီဆိုမှ ခတ်တည်တည်နဲ့ပြန်လာပြီး အလုပ်ဆက်လုပ်တယ်။ တော်ပြီတော်ပြီဆက်ပြောနေရင် ကိုယ့်ရဲ့မကောင်တဲ့အကျင့်တွေ အကုန်ပေါ်လာလိမ့်မယ်။ ဟား ဟား.. နောက်မှဘဲ ကြုံရင်ကြုံသလို ရေးတော့မယ်။

21 November 2008

သို့ ချစ်သူ ....

ရင်ထဲ့မှာ စူးနစ်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲးထုတ်ဖို့ကြိုးစားရင်းနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တချို့ကိုတမ်းရင်းမင်းရဲ့အကြောင်းတွေ ပြန်တွေးမိလာတယ်။ ငါမင်းကို သိပ်ချစ်ခဲ့ပါတယ် ချစ်သူ…
အတူထိုင်ခဲ့ဘူးတဲ့ကော်ဖီဆိုင်လေးရှေ့ကိုရောက်တိုင်း မင်းကိုပြင်းပြင်းပျပျသတိရမိတယ်။ အတူသွားခဲ့ဖူးတဲ့ နေရာလေးတွေကိုရောက်တိုင်းလည်း မင်းကို တမ်းတမ်းတတ သတိရမိတယ်။ မင်းအနားမှာရှိနေတဲ့ အချိန်လေးတွေဟာ ငါ့အတွက်တော့ အပျော်ဆုံးအချိန်လေးတွေပါဘဲ။ မင်းကစကားပြောကောင်းတဲ့သူဆိုတော့ မင်းပြောသမျှကို ငြိမ်ငြိမ်လေးနားထောင်ခဲ့တဲ့ အကျင့်လေးကလည်း မင်းသင်ပေးခဲ့တာဘဲလေ…
မင်းရဲ့ အကြင်နာ၊ ဂရုစိုက်မှုတွေကို တဖြည်းဖြည်းသိလာတဲ့အချိန်မှာ ငါမင်းကို တော်တော်သံယောစဉ် တွယ်နေပြီဆိုတာကို သိလိုက်ရတယ်။ မင်ကိုတွယ်တာနေတဲ့သံယောစဉ်တွေထဲက ရုန်းထွက်သွားဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လေ ငါ့ရဲ့ကြိုးစားမှုတွေပာာ မင်းရှေ့ကိုရောက်သွားပြီး မင်းအသံကိုကြာလိုက်တာနဲ့ဖယောင်ရုပ်တစ်ရုပ်လို အရည်ပျော်သွားခဲ့ရတယ်။ မင်းမျက်နှာတစ်ချက်ငြိုးရင်တောင် မနေတတ်ခဲ့တဲ့ငါ့အကြောင်းကိုလည်း နင်ကောင်းကောင်းသိနေခဲ့ပါတယ်။ ညညဖုန်းဆက်တတ်တဲ့ မင်းရဲ့အကျင့်ကြောင့် မင်းရဲ့အသံကိုမကြာရဘဲ အိပ်ရတဲ့နေ့တွေမှာ တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့တာကို မင်းသိအောင် ပြောမပြဖြစ်ခဲ့ဘူး။ တစ်ပတ်မှာ တစ်ခါလောက် တွေဖြစ်ကြတဲ့အချိန်တွေမှာ အိမ်ပြန်ချိန်ရောက်တိုင်း မင်းနားကခွဲမသွားချင်လောက်အောင် ခံစာခဲ့ရတာတွေဟာ ဘယ်လိုအကြောင်းကြောင့်ဆိုတာ မင်းမသိခဲ့ဘူးလား။
ငါ့ဘဝအတွက် မင်းဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ ငါဟာ မင်းဘဝအတွက် ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတဲ့အချိန်မှာ ငါအရမ်းစိတ်ထိခိုက်သွာခဲ့ရတယ်။ မင်ရင်ထဲမှာ ငါမဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက် ရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့က ကြိုးပျက်သွားတဲ့ အရုပ်တစ်ရုပ်လိုပါဘဲ။ "ချစ်လည်းမချစ်ဘူး၊ မုန်းလည်း မမုန်းဘူး" ဆိုတဲ့ စကားတစ်ခွန်းက မင်းအနားက ငါ့ကိုထွက်ခွာသွားဖို့အတွက် လုံလောက်တဲ့ စကားတစ်ခွန်းပါဘဲ။
မင်းပျော်မယ်ဆိုရင် ငါ့ရင်ကနေ ထွက်သွားနိုင်ပါတယ်။ မင်းရွေးချယ်ခဲ့တဲ့သူဟာ ငါ့လောက်မင်းကိုချစ်ရဲ့လား ဆိုတာလည်း ငါစောင့်ကြည့်နေပါတယ်။ မင်းသိထားဖို့က ငါဟာ ကွဲသွားတဲ့ မှန်တစ်ချပ်ကို ဘယ်တော့မှ ပြန်ဆက်ဖို့ စိတ်မဝင်စားဘူး ဆိုတာဘဲ။ ပြန်ဆက်လိုက်တဲ့မှန်ဟာ မူလတိုင်းပြန်မဖြစ်လာဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်လေ။ ငါ့ပေးတဲ့အချိန်မှာ ငါ့ရဲ့အချစ်တွေကို တန်ဖိုးမထားခဲ့ရင် မင်ပြန်လိုချင်တဲ့အချိန်မှာ ငါ့အချစ်တွေကို မင်းဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ဘူးဆိုတာ မင်သိထားပါ။ ငါမင်းကိုသတိရတဲ့အခါတိုင်း မင်းပြောခဲ့တဲ့စကားတစ်ခွန်ကို ပြန်ကြားယောင်ပြီး ငါ့မာနကို အရောင်တင်လိုက်မယ်။ အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ညှိတွယ်ခဲ့တဲ့နှောင်ကြိုးကို လွယ်လွယ်နဲ့ ဖြစ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အချိန်ဆိုတဲ့အရာကတော့ ငါ့ကိုကုစားပေးသွားမှာပါ။ လွယ်လွယ်လေးနဲ့ ဝင်လာဖို့ခက်တဲ့ငါ့ရင်ထဲ့ကအချစ်တွေကို လွယ်လွယ်လေးနဲ့ ပြက်ပျယ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး မရှိခဲ့တာဟာ ငါ့ရဲ့အားနည်းချက်လို့ဆိုမလား။


15 November 2008

Except your Love

My Honey,

If you will leave me alone

you can take all the things

That I possessed.

Your presents you give one in remembrance,

Your photographs you have give as sign of love,

Your love letter that you write,

Through your have taken all the things back

Your love will remain in my heart.


12 November 2008

အတွေ့အကြုံလေးများ

ရေမယ်ရေမယ်နဲ့ မရေးဖြစ်တဲ့ ပို့စ်လေးကို ရေးလိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ နေ့ရက်တစ်ရက်အကြောင်းပါ။
ရုံးမှာရေးထားတဲ့ software လေးကို user စသုံးပြီး UAT( User Acceptance Testing) လုပ်ဖို့ မန်နေဂျာများနဲ့တကွ user site ဖြစ်တဲ့ မူလတန်ကျောင်းလေးကို အရောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာ user site ကို သွားတိုင်း ကိုယ့်ရဲ့user တွေက အသက်ကြီးကြီး ရာထူးကြီးကြီး လူကြီးသူမတွေဖြစ်ပေမဲ့ အခုတစ်ခါမှာတော့ ကိုယ့်ရဲ့user တွေက အသက်ခုနနှစ်အရွယ် primary school မှ ကလေးသူငယ်လေးများ ဖြစ်နေပါတယ်။ အတန်းထဲကိုရောက်တော့ ကလေးတွေက အခန်းထဲကိုမရောက်ကြသေးဘူး။ တခြားအခန်းမှာသင်ပြီးမှ ဒီဘက်အခန်းကို ပြောင်းလာကြပုံရတယ်။ ကလေးတွေ သုံးဖို့အတွက် fujitsu tablet လေးတွေကို ဗီရိုလိုမျိုးထဲ့မှာထည့်ပြီး ဘက်ထရီသွင်းထားပေးတယ်။ မြန်မာပြည်မှာက တက္ကသိုလ်တွေမှာတောင် ကွန်ပျူတာတွေကို Lab ထဲမှာအလုအယက်သုံးနေရတဲ့အချိန်မှာ ဒီက primary one ကလေးတွေကတော့ fujitsu tablet တစ်ယောက်တစ်လုံးနဲ့။ အခြေအနေက အဲဒီလို တန်းတူလိုက်နေတာ။
အတန်းထဲကို ကလေးတွေဝင်လာပြီဆိုရင်ဘဲ သူတို့သုံးမဲ့ laptop လေးတွေကို ကိုယ်တိုင်ယူ ကိုယ့် user account နဲ့ login ဝင်ပြီးတာနဲ့ Typing tutor website ကိုဖွင့်ပြီး အဖျောင်းဖျောင်းရိုက်နေတော့တာဘဲ။ အမယ် တို့များ ကိုကို မမတွေတင် blog သုံးကြတာမဟုတ်ဘူး ခုနနှစ်အရွယ် ကလေးလေးတွေကလည်း blog သုံးကြတယ်ဗျ။ သူတို့တွေ သင်ဖို့ သင်ခန်းစာတွေကို blog ပေါ်မှာတင်ထားပေးပြီး သင်ကြားမှုတွေလုပ်တယ်။ software လေးကိုစသုံးဖို့လုပ်တော့ ကလေးတွေကို network IP ပေးပြီး wireless နဲ့ဆရာမရဲ့စက်ကို connect လုပ်ခိုင်းတယ်။ တချို့ကလေးတွေက သင်ခန်းစာကိုလိုက်မလုပ်ဘဲ typing ဘဲရိုက်နေလို့ မနည်းပြောယူရတယ်။ စသုံးပြီဆိုတာနဲ့ electronic roll call ခေါ်ပြီး ကလေးတွေက သူတို့ laptop ကနေ သူတို့ရဲ့ ID ကိုရိုက်စေကာ စာသင်မှုကို စတင်ပါတယ်။ ဒါတောင်လိုက်မလုပ်တဲ့ ကလေးတွေကရှိပြီး နောက်ဆုံးဘယ်လိုမှပြောမရတော့ ဆရာမက ကလေးတွေအားလုံးကို လက်မြှောက်ခိုင်းကာ software ကိုဘယ်လိုသုံးရမယ်ဆိုတာသင်ပြပြီး စတင်သင်ကြားပါတယ်။ ဆရာမက webcam ကိုသုံးပြီး ကလေးတွေရဲ့ laptop မှာသူ့ရဲ့ပုံကို ပြလိုက်တဲ့အခါမှာတော့ ဆရာမရဲ့ပုံကို သူတို့ laptop မှာမြင်ရရော ဝေးလို့အော်ပြီးပျော်သွာကြတယ်။ ဆရာမက ကလေးတွေရဲ့ kewboard နဲ့ mouse တွေကို သုံးလို့မရအောင် control လုပ်တဲ့ အခါမှာတော့ "Teacher!! Why you control my computer" လို့အော်ပြီး complain လုပ်ပါတယ်။ complain နိုင်ငံလို့ဆိုတဲ့အတိုင်း ငယ်ငယ်လေးနဲ့ complain တက်တာက အကျင့်ဖြစ်နေပြီထင်ပါတယ်။ စာသင်နေတဲ့အချိန်မှာ ကလေးတချို့ရဲ့စက်တွေက ဘက်ထရီကုန်သွားလို့ ဘက်ထရီလဲပေးရသေးတယ်။
ဘာပဲပြောပြော စိတ်လှုပ်ရှာဖွယ်ကောင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်ကို လက်တွေ့မြင်ရတော့ တကယ်ဘဲလေးစား အံ့သြမိတယ်။ တို့မြန်မာနိုင်ငံကြီးလည်း သူတို့လို ပညာရေးစနစ်လေးလုပ်ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့။ သူတို့ရဲစနစ်တွေ အားလုံးမမှီရင်တောင်မှ ပညာရေးအဆင့်အတန်းလေးမြှင့်တင်ပေးခဲ့ရင် တိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမှာ မလွဲမသွေဖြစ်ပါတယ်။

06 November 2008

ပျော်ပျော်ပါးပါးလှေလှော်သွားကြမလား?






ရုံးမှ သူငယ်ချင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ bedok Reservior မှာ dragon boat သွားစီးခဲ့ကြတဲ့ဓာတ်ပုံလေးတွေကို share လိုက်ပါတယ်။

30 October 2008

ပီတိရဲ့အရသာ

bonus တဲ့ … နာမည်လေးက စွဲဆောင်မှုရှိတယ်။ လူတိုင်းလည်း လိုချင်ကြတယ်။ Bank Account လေးထဲမှာ လစာရဲ့နှစ်ဆ ပိုနေတဲ့ ပမာဏလေးကို တွေလိုက်ရတော့ အတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။ ရမယ်လို့ သိထားခဲ့ပေမဲ့ တကယ်ရလာတော့ အတိုင်းထက်အလွန် ပါဘဲ။ အလုပ် လုပ်လာတာကြာပြီ တစ်ခါမှ မရဖူးဘဲကိုး။ ကိုယ့်ရလုပ်အားနဲ့ရထားတဲ့ အပိုဆုကြေးလေးကို တန်ဖိုးရှိအောင်သုံးမယ်လို့ စဉ်းစားထားတယ်။ တလောကဘဲ အမေက ငါးကျပ်သား လက်ကောက်လေးလိုချင်တယ်လို့တော့ အဆိုသာ။ ဒါနဲ့ ရွှေဈေးကို မေးကြည့်တော့ ငါးသိန်းကျော်တဲ့။ ရထားတဲ့ bonus လေးက မပြည့်တပြည့်မို့ လိုတာလေးကိုစိုက်ပြီး အမေ့ကို ကန်တော့လိုက်တယ်။ အဖေကတော့ နောက်တစ်ခေါက်ပေါ့။ တောင်းတတ်တဲ့ ကလေးက မုန်းစားရတယ်ဆိုလားဘဲ။
ဒီမှာနေရတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းကို ရှာဖို့၊ မိသားစုကို ထောက်ပံ့ပေးနိုင်ရမယ် ဆိုတာလေးနဲ့ ကြိုးစားပြီးနေရတာဘဲ။ မပျော်လည်းနေ ပျော်လည်းနေပေါ့။ တကယ်တမ်းကျတော့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်ကျင် အရာအားလုံးကို စွန့်ပြီးလာရတာ။ ထိုက်တန်တဲ့ အကျိုးအမြတ်တစ်ခုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒီမှာနေကြတဲ့လူတွေထဲမှာ တချို့က ဘဝကိုဘယ်လိုတိုးတက်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကိုကုန်လွန်ကြတယ်၊ တချို့က ပေါ့ပေါ့ပါးပါး ရေလိုက်ငါးလိုက် ရရစားစားဘဝနဲ့ အချိန်တွေ ကုန်သွားကြတယ်။ ကိုယ့်ရဲ့ရှေ့ဆက်ရှောက်မဲ့ဘဝကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မှာလည်းလို စဉ်းစားထားဖို့က အရေးကြီးတယ်လို့ထင်မိတယ်။ ကိုယ်တိုင်လည်း တခါတလေမှာ ရေလိုက်ငါးလိုက်နဲ့ အချိန်တွေကို အကျိုးမရှိသုံးမိလိုက်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ လွင့်ပါးနေတဲ့စိတ်တွေကို ထိန်းချုပ်ရင်း… ဘဝဆိုတဲ့ ခရီးကြမ်းကို ဖြတ်သန်းရင်း… ပျော်ရွှင်ရမဲ့ နေ့ရက်တချို့ကို စောင့်ဆိုင်းနေပါတယ် …

29 October 2008

What is Marketing?

You see a gorgeous girl at a party.
You go up to her and say, 'I am very rich. Marry me!'
That's Direct Marketing

You're at a party with a bunch of friends and see a gorgeous girl.
One of your friends goes up to her and pointing at you says, 'He's very
rich. Marry him.'
That's Advertising.

You see a gorgeous girl at a party.
You go up to her and get her telephone number.
The next day you call and say, 'Hi, I'm very rich. Marry me.'
That's Telemarketing.

You're at a party and see a gorgeous girl.
You get up and straighten your tie; you walk up to her and pour her a drink.
You open the door for her, pick up her bag after she drops it, offer her a
ride, and then say, 'By the way, I'm very rich 'Will you marry me?'
That's Public Relations.

You're at a party and see a gorgeous girl.
She walks up to you and says, 'You are very rich, I want to marry you.'
That's Brand Recognition.

You see a gorgeous girl at a party.
You go up to her and say, 'I'm rich. Marry me'
She gives you a nice hard slap on your face.
That's Customer Feedback.


Hey... you guys.. Do you know how strategies need to use?

28 October 2008

ကာရန်မဲ့သော

ပျော်ရွှင်ခဲ့တဲ့ ဟိုရင်ချိန်
ပြန်လည်သတိရ တမ်းတဆဲ …

မင်သာ ထာဝရ အနားရှိနေရင်
ပျော်ရွှင်မှုဖြင့်
ငါ့ဘဝတစ်ခု ပြည့်စုံသွားပြီ ….

စွမ်းအားတွေသာရှိမယ်ဆိုရင်
ဝင်ကြည့်ချင်တယ် မင်းရင်ဆီကို …..

27 October 2008

Get to the Root of the Problem

Were there times when you desperately needed to make a decision but found yourself running around in circles instead? It is likely that you failed to come to a conclusion because you were cornered by your own perspective.

Here is the sharing on some of the difficulties a decision maker encounters when it comes to making tough decisions.

Lack of Clear Objectives

  • Making a decision requires a clear objective.
  • Until you figure out what is your true objective, perhaps you might want to revisit your decision question.
  • Align your decision to your main objective.
Lack of Clear Constraints
  • The focus is usually on the boundary of the constraint and not what can be done within.
  • For example, when you hear words like “budget constraints”, you normally think that nothing much can be done about it.
  • A good decision maker embraces constraints and works within them to create the right outcome.
  • Of course, too many obstacles make it difficult to arrive at a solution.
  • So it is important to identify only the key constraints in the decision process.
Lack of Clear Perspective

  • The lack of fresh perspectives is one of the key hurdles that hampers decision-making.
  • It is more difficult for a person to look at the situation from another angle if he has a vested interest in a decision.
  • He may prefer one or two options over the other, regardless of merit.
  • His rationale is formed by his experiences, expertise or assumptions, which may not be appropriate for the situation at hand.
  • The inability to reframe his thoughts will lead him back to his problem.
  • A good decision maker must be able to shift his focus, look at his constraints and assumptions objectively and understand the limits of his thinking.

Difficulty with Emotions

  • Almost all decision-making models view emotions as a hindrance to good decisions.
  • However, your intuition has been honed by years of decision-making success.
  • Instead of ignoring the key element of our humanity, we should learn to use it to greater effect.

Difficulty in Selecting the right option
  • Experienced decision-makers face difficulties in selecting the right option because of the possibility of a bad outcome.
  • This fear paralyses the decision-maker as the outcome is being delayed waiting for the “right time” or “more information”.
  • Sometimes the longer you wait, the greater the chance that circumstances have shifted out of your favor and the higher the chance of a bad outcome.
  • If a decision has to be made, make it fast.

Choose the option that meets all your constraints, complements your decision objective and the amount of resources you have and holds the least or most manageable risk.


*** Extract from The Straits Times (RECRUIT), Tuesday, August 26, 2008

21 October 2008

MPA မှသူငယ်ချင်းများသို့

ဒီနေ့ MPA မှသူငယ်ချင်းတစ်ယောက် online ရောက်လာပြီး သူတို့ ဘွဲ့နှင်းသဘင်တက်ပြီးကြောင်း၊ Dinner မှာရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလာပြတယ်။ သူတို့တွေဘွဲွဲ့တွေယူကြပြီဆိုတော့မှ ကိုယ်လည်း အဲဒီဘွဲ့ကို စွန့်လွတ်ခဲ့တာကို နောင်တရတယ်။ ကျောင်းပြီးပြီးချင်း Thesis မလုပ်ဘဲ ဒီကိုထွက်လာခဲ့တော့ ဘွဲ့ရဖို့က မဖြစ်နိုင်တော့ဘူး။ ထွက်လာကာစကတော့ ဒီကနေ Thesis ရေးပြီး supervisor ကိုလှမ်းပို့မယ်။ လူတွေ့ဖြေမှဘဲ ပြန်ပြီးဖြေမယ်ပေါ့။ ဒါပေမဲ့လေ ဒီလည်းရောက်ရော အလုပ်ထဲမှာ ပြောင်းဆန်နေတာနဲ့ Thesis ရေးဖို့ မပြောနဲ့ အခြေကျအောင်ဘဲ မနည်းကြိုးစားရတာ။ ဒါနဲ့ဘဲ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ကိုယ်က အဲဒီဘွဲ့နဲ့ လုပ်မစားဘူးဆိုတာ သေချာတာကြောင့် ဘွဲ့မယူတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ IT ဆိုတဲ့လမ်းကြောင်းကြီးကိုလျှောက်နေတာကြာပြီဆိုတော့ လမ်းပြောင်ပြီးမလျှောက်ချင်ဘူး။ ဘွဲ့ရအောင်ထိ မလုပ်နိုင်ခဲ့ပေမဲ့ ၂-နှစ်ဆိုတဲ့ စာသင်နှစ်အတွင်းမှာ Public Administration အကြောင်းကို တော်တော်လေးသိခဲ့ရတယ်။ နိုင်ငံတော် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုအတွက် Management ပိုင်းရဲ့ လိုအပ်ချက်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး Administration ပိုင်တွေ၊ ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ရမယ်ဆိုတာတွေ၊ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဟာကွက်တွေ အများကြီးသိလာခဲ့ရတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း အတွေ့အကြုံးအများဆုံးရှိတဲ့ ဆရာ၊ဆရာမတွေချည်းဆိုတော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။ အတွေ့အကြုံးနည်းသေးတဲ့ ဆရာ၊ဆရာမတွေ တစ်ယောက်မှမပါဘူး။ အားလုံးလိုလိုက ပါမောက္ခ(သို့မဟုတ်) ဒေါက်တာ အဆင့်တွေဆိုတော့ ကောင်းတာလည်း မပြောနဲ့လေ။ တက်ရတာကလည်း ရန်ကုန် စီးပွားရေးတက္ကသိုလ်(ပင်မ) မှာဆိုတော့ တက္ကသိုလ်ဆိုတဲ့အရသာကို အပြည့်အဝခံစားရတယ်။ အတန်းချိန်မရှိရင် ကန်ဘောင်ကိုသွားပြီး မုန့်စားလိုက်၊ စိမ်းလန်းစိုပြေသွားလိုက်၊ သစ်ပုတ်ပင်ဖက် ဓာတ်ပုံသွားရိုက်လိုက်၊ စာကြည်တိုက်မှာ Internet လေးလုသုံးလိုက်နဲ့ တကယ့်ကို မမေ့နိုင်စရာ နေ့ရက်တွေပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တက်ရတာနဲ့ကတော့ ဆီနဲ့ရေလို ကွာပါတယ်။ ရွာသာကြီးမှာက ကျောင်းကလည်းဝေး၊ မြွေကလည်းပေါ၊ ရာသီဥတုကလည်းပူ၊ သစ်ပင်ရိပ်ကကျဲကျဲ။ ကျောင်းကားတွေက ခဏခဏမှောက်၊ ဟီး ဟီး … ကိုယ့်ကျောင်းကို အမွန်းတင်တာပါ။ နည်းနည်းများသွားဘီထင်တယ်။ MPA မှာတွေ့ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းလူကြီးဆန်ပြီး စိတ်ဓာတ်ရင့်ကျက်တဲ့သူတွေ ရှိသလို ကလေးအရမ်းဆန်တဲ့ လူကြီးတွေလည်း တွေရတယ်။ ဒါပေမဲ့ အားလုံးက Management ပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေကြည့်ပါဘဲ။ presentation တွေရှိရင်၊ စာမေးပွဲတွေရှိရင် အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အိမ်တလှည့် ကိုယ့်အိမ်တလှည့် စာတူတူလုပ်ကြတယ်။ စာမေးပွဲနီးမှ မိုးလင်းပေါက်နီးနီး စားကျက်ခဲ့ကြတဲ့ အချိန်တွေကို သတိရတယ်။ ရုန်ကန်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေကို အောက်မေ့သတိရမိတယ်။ အခုချန်ထိလည်း ဘဝပင်လည်ထဲမှာ ရုန်ကန်နေဆဲပါဘဲ။ ဒီစာလေးကိုရေးရင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကံဇော်နှင့်တကွ စာသင်ပေးခဲ့သော ဆရာ၊ဆရာမ ပါမောက္ခများ၊ ဆရာ၊ဆရာမများကို ရိုသေစွာ ကန့်တော့လိုက်ပါတယ်။
P.S-သူငယ်ချင်းပေးတဲ့ Link လေးပါ။ http://popularmyanmar.com/popw/?p=586

19 October 2008

စာပန်းအိမ်မှ အမှတ်တရ နေ့ရက်များ

ပြင်ဦးလွင်မှာ အပေါများဆုံးအရာတွေက အဆောင်တွေလို့လည်း ပြောလို့ရတယ်။( ပြီးတော့ စိမ်းစိမ်းနဲ့ အကောင်တွေလည်းပေါတယ်) နာမည်ကြီးတဲ့ အဆောင်တွေကတော့ အနည်းစုပေါ့။ စိုးစံ၊ စာပန်းအိမ် အဆောင်ဆိုရင် မသိတဲ့သူ ရှားပါတယ်။ ထိုနှစ်ခုရဲ့ ကွာခြားချက်ကို အနည်းငယ်ရှင်းပြပါမယ်။
စိုးစံ
အဆောင်ပိုင်ရှင်က ဗိုလ်မှူးမောင်လတ်။ သူကတော့ သူ့တပည့်တွေကို စစ်တပ်စည်းကမ်းလို အုပ်ချုပ်တယ်။ အရာရာကို စစ်စည်းကမ်းလိုဘဲ အတိအကျကြီးလုပ်တော့ တချို့ကလေးတွေမနေနိုင်ကြတော့ အဆောင်ကနေ ထွက်ပြေးကြတယ်။ စည်းကမ်းအရမ်းကြပ်တယ်လို့ နာမည်ကြီးတဲ့အဆောင်ပါ။ စည်းကမ်းကြီးသလို အောင်ချက်လည်းကောင်းတဲ့ အဆောင်တစ်ခုပါ။
စာပန်းအိမ်
အဆောင်ပိုင်ရှင်က ဒေါက်တာကျော်ဇော။ သူကတော့ ဆရာဝန်ဆိုတဲ့အတိုင်း သူ့တပည့်တွေကို ဂရုနာနဲ့ အုပ်ချုပ်တယ်။ ဒါကြောင့် ကလေးတွေအားလုံးက ဒေါက်တာကို အရမ်းချစ်ကြတယ်။ စည်းကမ်းက စိုးစံလောက်အရမ်းကြီးမကြပ်ဘဲ စည်းကမ်း ရှိတဲ့အဆောင်တစ်ခုပါ။ အစားအသောက်နဲ့ပတ်သက်ရင်တော့ စာပန်းအိမ်က ပိုကောင်းတယ်လို့ အားလုံးကပြောကြပါတယ်။ အောင်ချက်အနေနဲ့ကတော့ စိုးစံနဲ့ အပြိုင်အဆိုင်ပါဘဲ။ ဘာသာစုံဂုဏ်ထူး ဘယ်သူများလဲဆိုတာ ပြိုင်နေတဲ့ အဆောင်နှစ်ခုလို့လည်း ပြောလိုရပါတယ်။
ဆယ်တန်းတက်မဲ့နှစ်မှာ အဆောင်နေချင်တဲ့ ရောဂါကြောင့် စာပန်းအိမ်တက်မယ်လို့ ပူစာမှုနဲ့ စာပန်းအိမ်ဆိုတဲ့ အဆောင်ကိုရောက်ခဲ့ပါတယ်။ အမှတ်တရ တွေထဲက အမှတ်ရစရာနေ့ရက်တွေပါဘဲ။ အဆောင်မှာနေခိုက်အချိန်တွေတုန်းကတော့ ပျော်စရာတွေ၊ အမှတ်တရတွေ ဘာမှမရှိသလိုဘဲ။ အခုချိန်မှာ ပြန်တွေးကြည့်ရင် အရာအားလုံးက အမှတ်တရတေအပြည့်နဲ့ပါ။
ပထမဆုံးအဆောင်ကို စရောက်တဲ့နေ့
အဆောင်ဝင်ရမဲ့ပထမဆုံးနေမှာ အမေနဲ့ အဒေါ်တွေကလိုက်ပို့ မှုနဲ့ စာပန်းအိမ်(ဇီဇဝါဆောင်)ကို ရောက်ခဲ့ပါတယ်။ လိုက်ပို့ကြတဲ့ အမေတို့လည်းပြန်သွားရော ဝမ်းနည်းတာနဲ့ ငိုမိခဲ့တယ်။ အဲဒီအချိန်မှာ ရောက်နေပြီးကြတဲ့အဆောင်သူတချို့နဲ အဆောင်မှုးက ဝိုင်းမေးကြတယ်။ ဘယ်မြို့ကလာတာလဲတဲ့။ အဝေကြီးကလာတက်လို့လားတဲ့။ “ဒီမြိုကဘဲ လာတတ်တာလို့” ပြောလိုက်တဲ့အချိန်မှာတော့ အားလုံးက ကောင်ချီးပေးကြတယ်။ အားလုံးက အဝေကြီးက လာကြတာ သမီးကအနီးဆုံးလူဘဲလို့ အဆောင်မှုကတော့ အားပေးပါတယ်။
အဆောင်ရဲ့ စာသင်ချိန်တွေက တဆိတ်များလွန်းတယ်လို့ပြောရမလားဘဲ။ မနက်(ရ)နာရီ ကနေ ညနေ (၆)နာရီအထိကို စာသင်ချန်ကဆက်တိုက် နေ့လည်ထမင်းစားချန် (၁)နာရီဘဲ နားတယ်။ ထမင်းစားချန်တစ်နာရီအတွင်းမှာ ရေချိုးချင်ရင် ရေချိုးကြတော့ တချို့က ရေးချိုးရင် ထမင်းမစားရဘူး၊ ထမင်းစားရင်ရေမချိုးရဘူး။ တစ်နာရီအတွင်းမှာ စာသင်တဲ့အဆောင်ကို လမ်လျှောက်သွားရတဲ့အသွား၊အပြန်အချိန် ဆယ်မိနစ်လည်း ပါသေးတယ်။ အဲဒီတော့ အချိန်ကသိပ်မရဘူး။ အိဝေဖြိုးတို့ကတော့ ဘယ်ရမလဲ နှစ်ခုလုံးကို တစ်နာရီအတွင်းအပြီးလုပ်တယ်။ အဆောင်မှရခဲ့တဲ့အကျင့်ကြောင့် အဲ့ဒီနှစ်ခုက အရမ်းမြန်တယ်။ အဆောင်ကြောင့် ကော်ဖီကြိုက်တတ်တဲ့ အကျင့်လည်းရခဲ့တယ်။ မသောက်လို့လည်းမရဘူးလေ။ စာသင်နေတုန်း အတန်းထဲမှာ အိမ်ငိုက်လို့ အခန်းမှာဘေးကစောင့်နေတဲ့ ဆရာမလေးတွေက report တင်လိုက်ရင် ကြိမ်လုံးစာ မိပြီသာမှတ်။ တခါတလေ အိပ်ငိုက်ရင် သို့မဟုတ် ကော်ဖီဖျော်သောက်ဖို့အချိန်မရရင် ကော်ဖီမစ်ထုတ်ကို ဒီအတိုင်းမော့ပြီးစားလိုက်တယ်။ အနည်းဆုံး အိပ်ငိုက်တော့ပြေသွားတာဘဲ။
အဆောင်မှာ နေ့စဉ်တစ်နေ့လုံးစာတွေသင်တယ်။ စာသင်ချိန်များတာလည်းမပြောနဲ့ တစ်ဘာသာကို အနည်းဆုံးနှစ်ယောက်သင်ပြီး အချိန်တွေကလည်းနေ့တိုင်းလိုလိုပါတယ်။ တနေကုန်သင်တဲ့စာတွေကို ညဘက် ထမင်းစာချိန်ပြီးတာနဲ့ study time မှာအကုန်ပြန်ကျက်ရတယ်။ မကျက်ချင်လို့လည်းမရဘူး နောက်နေ့မှာ Tutorial ဖြေလို့ မအောင်ရင် တစ်ဘာသာကို ကြိမ်ဒဏ်တစ်ချက်။ ညနေဘက် ဒေါက်တာကျော်ဇော(သူက Bio သင်တယ်။ သူ့ကို တပည့်တွေကချစ်စနိုးနဲ့ ဒေါက်ကျော်လို့သူ့ နောက်ကွယ်မှာခေါ်ကြတယ်) အချိန်ပြီးလို့ ကလေးတွေဇတ်လမ်းစမယ်ဆိုရင် ရင်ခုန်ရပြီသာမှတ်။ Tutorial ကျတဲ့သူတွေကို နာမည်ခေါ်ပြီး stage ပေါ်တက်ခိုင်ပြီး ထမိန်ကို ဒူးအထက်လှန်ခိုင်တယ်။ ပြီးတော့ ကြိမ်နဲ့ အားကုန်လွှဲပြီးရိုက်တော့တာဘဲ။ ရိုက်ပြီးတာနဲ့ အရှိုးရာကြီးက မည်းနေတာ။ ဒဏ်ကျေလိမ်းဆေး မလိမ်းဘဲထားလိုက်ရင် တသက်လုံးအတွက် အမှတ်တရ အရာလေးတွေထင်သွားမယ်။ တစ်နေ့မှာ သုံးဘာသာကျလို့ကတော့ သေပြီဆရာဘဲ။ နောက်ပိုင်း ဒေါက်တာလည်းမရိုက်နိုင်လို့ထင်တယ်။ တစ်ဘာသာကျရင် ထိုင်ထတစ်ရာ လုပ်ခိုင်းတယ်။ သုံးလေးဘာသာကျလို့ကတော့ အဆောင်လှေခါးကို လေးဘက်ထောက်တက်ရပြီသာမှတ်။ ချေထောက်တွေက ကွနေပြီး ရိုးရိုးမတက်နိုင်တော့လို့။
အဆောင်မှာနေရတဲ့ တွေ့အကြုံကလည်း စုံနေတာဘဲ။ အခန်ထဲမှာ သူမျာပစ္စည်း ယူတတ်တဲ့ တစ်ယောက်ပါတယ်။ သူ့ရဲ့ပြစ်မှတ်တွေကို အများဆုံးခံရတာ ကိုယ်ဘဲ။ အမြဲတမ်း ဟိုဟာပျောက်လိုက် ဒါပျောက်လိုက်နဲ့။ ဘယ်သူ့လက်ချက်လဲဆိုတာက ဗေဒင်မေးဖို့မလိုဘူးလေ။ ဟီးဟီး သူဆီကနေပြန်ခိုးဖူးတဲ့ ပစ္စည်းလေးတော့ရှိတယ်။ EVA လေ။ ကိုယ်မှာလည်းမရှိ ပြန်ဝယ်ဖို့ကလည်း အလွယ်တကူမရနိုင်တော့ သူမရှိတုန်းသူဆီကနေ ပြန်ခိုးလိုက်တယ်။ အားလုံးတော့ပြန်မယူပါဘူး။ တချို့တဝက်ကို သူသုံးဖို့ထားပေးခဲ့လိုက်တယ်။ :P
တစ်နှစ်လုံးမှာကျောင်တက်ရတဲ့နေ့ဆိုတာခပ်ရှားရှားရယ်။ ကျောင်ဆိုတာကဟန်ပြဘဲတက်ရတာကိုး။ ကျောင်တက်ရတဲ့နေ့ဆိုသိပ်ပျော်တာ။ တစ်နေကုန် ကျောင်းမှာ အိပ်လိုက်၊ မုန့်စားလိုက်နဲ့ စာမသင်ရဘူး။ ကျောင်းကပြန်လာပြီဆိုရင်တော့ အဆောင်မှာစာသင်ချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
အဆောင်မှာနေတဲ့ အကျိုးကျေးဇူးအနေနဲ့ လူတိုင်သိပ်ပြီးမရတဲ့ ဂုဏ်ထူးကိုရတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တစ်နှစ်ပတ်လုံးကြိုစားခဲ့ရတဲ့အတွက် ရခဲ့တဲ့အသီးအပွင့်တွေပါ။ အဆောင်မှာခင်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံးကို သတိရမိတယ်။ အဆောင်ပြန်လာ ပြီးကတည်းက သူတို့လည်းသူတို့မြို့တွေကို ပြန်သွားတော့ တော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ တချို့လည်း အိမ်ထောင်တွေကျနေပြီလေ။
သတိရပါတယ်သူငယ်ချင်းတို့ရေ….သူငယ်ချင်းတွေထဲက ဒီ post လေးဖတ်မိပြီး ဆက်သွယ်လာခဲ့ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ…..

12 October 2008

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။

သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။
ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
*** အဘိဓမ္မာ အခါတော်နေ့ လက်ဆောင်လေးပို့ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။





09 October 2008

နှုတ်ဆက်ချိန်

ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက် ကိုယ့်ကိုခွဲသွားတဲ့အခါမှာ ရင်ထဲမှာ အတိုင်ဆမရှိ ၀မ်းနည်းမိပါတယ်... တစ်နှစ်ဆိုတဲ့ သံယောဇဉ်ကြိုးက တော်တော်လေးခိုင်မြဲနေပြီလေ..

ရုံမှာ အလုပ်တူတူတွဲလုပ်တဲ့ Singaporian လုပ်ဖော်ကိုင်တစ်ယောက်ရှိတယ်။ သူရဲ့စိတ်ဓာတ်လေးကလည်း တော်တော်ကောင်တာ။ Project တစ်ခုမှာ အတူတူလုပ်ရင်း သူနဲ့ ရင်နှီးမှုက ညီအမလိုဖြစ်လာတယ်။ ကိုယ်ရဲ့ အာနည်းချက်၊အားသာချက်တွေကိုလည်း အမြဲထောက်ပြတယ်လေ။ တခါတလေ ရုံဆင်ချိန်မှာ ညစာသွာစားကြ၊ Gym အတူတူသွားကစားကြနဲ့ တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုဘဲ။ ပျော်ပျော်နေတတ်တဲ့ သူ့အကျင်းလေးကလည်း ကိုယ်စရိုက်နဲ့ကိုက်ညီနေတော့ သူနဲ့ပေါင်းဖြစ်တာ အဆန်းတော့မဟုတ်ပါဘူ။ သူကိုမြန်မာစကား တစ်လုံးစနှစ်လုံးစ သင်ပေးထားတော့ မပီကလားလေသံနဲ့ ပြောတာ ရယ်ချင်စရာတော့အကောင်းသား။ သူငယ်ချင်တစ်ယောက်ကို သူမြန်မာလိုခေါ်တဲ့ နာမည်က "အချစ်"တဲ့။ ဒါပေမဲ့ သူခေါ်တာကမပီတော့ "အချီး" "အချီး" နဲ့ ဖြစ်နေတော့ တော်တော်ရယ်စရာကောင်းတယ်။
သူအလုပ်ကထွက်တော့မယ်လို့ပြောခါစကတော့ သိပ်ပြီး မတုန်လှုပ်မိသေးဘူး။ တကယ်တမ်း နောက်ဆုံနေ့ရောက်လာပြီဆိုတော့ တော်တော်လေးဝမ်းနည်းမိတယ်။ သူအားလုံးကို email ပို့ပြီးနှုတ်ဆက်တော့ သူကို email ပြန်ပို့ရင်း အရမ်းငိုချင်လာတယ်။ သူရုံးကနေထွက်သွားတဲ့အချိန် lift နားကိုလိုက်အပို့မှာတော့ ဟန်မဆောင်နိုင်လောက်အောင် မျက်ရည်တွေဝဲလာလို့ toilet ထဲ့သွားပြီး မျက်ရည်တွေကိုသုတ်လိုက်ရတယ်။ Project Manager တော့လာပြီးအားပေးတယ်။ ဖြိုးအဆင်ပြေလားတဲ့။ Christine ထွက်သွားပြီဆိုပေမဲ့ သူတို့တွေလည်း ရှိသေးတယ်တဲ့။ အတူတူဆက်ပြီး လုပ်သွားကြမယ်တဲ့။

တွေ့ကြုံဆုံကွဲဘ၀ကြီးမှာ အရာရာကိုရင်ဆိုင်တတ်အောင် ကြိုးစားရမှာပေါ့လေ။ လူ့ဘ၀ဆိုတာ သံသရာရထားတစ်စင်းပါဘဲ။ လူကောင်တွေနဲ့တွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်စရာကောင်းလို မကောင်တဲ့သူတွေနဲ့ တွေလာရင်လည်း စိတ်ပျက်လောက်အောင် ခံစားရပါတယ်။ ကိုယ်တိုင်ကလည်း လူထဲက လူတစ်ယောက်မို့ ခံစားမှုရသတွေ ပေါင်းစုံနဲ့ ရပ်တည်နေဆဲ.......

06 October 2008

Busy as a Bee?

In today’s fast-moving business environment, how many times have you heard: “Sorry, I’m too busy!” It is a sad fact but how busy are we really? Indeed, many people put in long hours. They are certainly dedicated but how efficient are they? More often than not, people do not prioritise their activities and get overloaded with mundane details.

Here are some quick tips that will help prioritise work and which will lead to more efficiency, less stress and more accountability. In order to focus on the essential, organize your activities in four simple categories.

Urgent and important
Action is necessary because activities in this category will prove to be essential not only for the good of the business in general but will help keep deadlines.

It also improves the knock-on effect experienced by colleagues and subordinates who have a role to play in the bigger picture.

The actions under this heading are usually characterized by important deadlines and if the latter are not met, unfortunate consequences will be the result.

One example is providing an input which is vital for a major decision to be taken. This is especially true for projects where inter-dependency of team members is essential.

Not Urgent but Important

These activities are more strategic in nature, requiring more thought and possibly the involvement of subject experts.

Due process will have to take place to gain the commitment of key stakeholders.
Quality time needs to be devoted to these activities as ultimately, they will migrate to the first category.
An example is the re-engineering of a product portfolio to ensure market share growth and meeting the expectations of ever more demanding clients.

Urgent but not important

You may wish to consider delegating these activities to a competent administrator.
Make sure you choose someone who has demonstrated a punctilious attention to detail.
You will be delegating to peoples’ strengths and the probability of expediting these activities with precision will be increased.

An example of this is responding to an overdue query on a minor issue.

Not urgent and not important

These activities should be scrutinized because they will constitute the bulk of unnecessary interference that will lead to a waste of time and will make people “just busy”.

An example is shifting through all the emails that are copied “for information only”, that results in so many emails copied to so many people that create confusion as to who has to do what.

Streamlining communications so that only those who are accountable get a copy should be the rule.

In order to increase productivity, it is well worthwhile asking yourself in which category does your activity fall. Simply prioritizing activities will cut through the chaff and help you focus on what you really have to do, rather than keeping yourself busy with unnecessary clutter.

Over a period of time, things will look simpler, more focus will emerge, details will not be overlooked and teamwork will be of the essence. These will lead to increased productivity, less frustration and stress and a higher sense of achievement and pride.

*** Extract from The Straits Times (RECRUIT), Thursday, September 04, 2008

01 October 2008

Share your Feeling ဖြစ်လာရခြင်းအကြောင်း

တစ်နေ့က အစ်ကိုတစ်ယောက်က ဖုန်းဆက်ပြီးမေးလာတယ်။ ဟဲ နင့်ဟာက Share my Feeling မဟုတ်ဘူးလားတဲ့။ ကိုယ့်ရဲ့ခံစားမှုတွေကို သူများကိုShareတာမဟုတ်ဘူးလားတဲ့။ ဒါနဲ့ဘဲ မဟုတ်ဘူးဆိုတဲ့အကြောင်းပြန်ရှင်ပြလိုက်တယ်။ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကလည်း ထပ်မေးလာတော့ ဖြေရှင်းချက်ကလေးပေးဦးမှဆိုပြီး ဒီ blog လေးရေးဖြစ်ပါတယ်။
blog တွေကို စပြီးဖတ်တာက ၂၀၀၅ ခုနှစ်လောက် MCC(Myanma Computer Company)မှာအလုပ်ဝင်နေကတည်းကဘဲ။ အဲဒီအချိန်တုန်းက Friendster တွေကလည်း ခေတ်စားနေတယ်လေ။ မထင်မှတ်ဘဲ Blogger နှစ်ယောက်ကို တွေ့ခဲ့တယ်။ တစ်ယောက်က ညီလင်းဆက် နောက်တစ်ယောက်က ကိုရဲဝင့်ငြိမ်း။ ညီလင်ဆက်နဲ့ အရမ်းမခင်ဖြစ်ပေမဲ့ ကိုရဲနဲ့က တော်တော်လေးခင်မင်ကြပါတယ်။ ဒါနဲ့ဘဲ သူတို့နှစ်ယောက်ရဲ့ blog တွေကို စပြီးဖတ်ဖြစ်နေတာပေါ့။ ကိုရဲ့နှင့်ကံဆုံပုံများ စင်္ကာပူကိုရောက်တော့ အလုပ်စလျှောက် လျှောက်လိုက်တဲ့အလုပ်မှာ ချက်ချင်းရတယ်။ ကိုရဲလုပ်နေတဲ့ company ဖြစ်နေမှန်းနောက်မှသိရတယ်။ ဒါပေမဲ့ အဲဒီလမှာဘဲ သူမြန်မာပြည်ကို မိန်းမပြန်ယူပြီး အလုပ်လည်းပြောင်းသွားပါတော့တယ်။ မိန်မလည်းယူပြီးရော သူလည်းblog တွေအရေးကျဲသွားပါတယ်။ ဖတ်ချင်ပါသေးတယ် ကိုရဲ၏အရေးအသားတွေကို။ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဝေဖြိုးထွတ်ရဲ့ blog ကိုလည်း အမြဲလိုလိုဖတ်ဖြစ်တယ်။ မြန်မာပြည်ရဲ့ connection အနေအထားကြောင့် သူလည်း blog အရေးကျဲသွားပြန်ပါတယ်။ စလုံကBloggerတွေကတော့ လက်စွမ်းပြတယ်ဗျို့။ စိတ်ရှိတိုင်း တစ်ပိုစ့်ပြီး တစ်ပို့တင်နိုင်ကြတယ်။ connection ကိုစိတ်ပူစရာမလိုဘူးလေ။
ဒီလိုနဲ့ တစ်နေ့အလုပ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းပျပျသတိရမိတယ်။ အလုပ်ကလည်း နည်းနည်းပါးနေတော့ သတိရချိန်ရှိတာပေါ့လေ။ ဒါနဲဘဲ blog တစ်ခု create လုပ်လိုက်တယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလလောက်ကပေါ့။ ကိုယ့်ရဲ့ခံစားချက်တွေကို blog မှာရေးလိုက်တယ်။ ကိုယ်ရေးထားတဲ့ ခံစားချက်တွေကိုလည်း သူသိလာပြီး သူ့ရဲ့ Feeling တွေကို်လည်း ပြန်ပြီး Share စေချင်တယ်လေ။ ဒီလိုအကြောင်းနဲ့ဘဲ Share your Feeling ဆိုတာဖြစ်လာပါတော့တယ်။ နောက်တော့လည်း ကိုယ့် Feeling တွေလည်း မ Share ဖြစ်၊ သူ့ Feeling တွေလည်းကိုယ်မသိတော့ဘဲ blog နဲ့ဝေသွားပါတော့တယ်။
ဒီလိုနဲ့ ၂၀၀၈ခုနှစ် သြဂုတ်လ ၁၁ရက်နေ့က ညီလင်းဆက်ဆီမှ MBS မှာ Member ဝင်ဖို့ Invitation လေးရလာတာနဲ့ MBS မှာ Member ဝင်ရင်း blog သွေးများပြန်ကြွလာပါတယ်။ စက်တင်ဘာ ၆ရက်နေ့ စင်္ကာပူမှာ Blogger မျာ၏တွေ့ဆုံပွဲးအပြီးမှာတော့ blog ရေးချင်တဲ့စိတ်က အထွတ်အထိပ်ကို ရောက်လာပါတော့တယ်။ ဒီလိုနဲ့ဘဲ Share your Feeling လေးပြန်အသက်ဝင်လာပြီလေ။ စိတ်ထဲမှာရှိနေတဲ့အရာတွေကို သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးပြောတဲ့အကျင့်ကနေ blog လေးပေါ်မှာ Share တတ်တဲ့ အကျင့်လေးပြန်လုပ်ယူနေပါတယ်။ တခြားသူရဲ့အမြင်တွေကိုလည်း Share ခဲ့ရင်တော့ ပျော်ရွှင်မိမှာပါ......

29 September 2008

ရည်းစားဟောင်း

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။

(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။

(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။

(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။

(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။

(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။

(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။

(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။

(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။

(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။

*** My Friend send to me and just remind me:P ***

27 September 2008

ပထမဆုံးများ

တောင်းဆိုလာပြီဆိုတော့ ဖြေရတော့မှာပေါ့။ ဗေဒင်ဆရာကတော့ပြောတယ် အပျိုကြီဇာတာမပါဘူးတဲ့။ အဲဒီတော့မပူပါဘူး။ ဒါပေမဲ့ မုဆိုးဖိုနဲ့ ညားမှာဆိုးလို့ မြန်မြန်ဖြေလိုက်ပါတယ်..

ပထမဆုံး နေခဲ့တဲ့မြို့ — မေမြို့ ဇာတိလေ..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.လ.က (၃) ပြင်ဦးလွင်။

ပထမဆုံး အတန်း — သူငယ်တန်းဟုတ်ဘူးလား

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ကျော်နေဇင်ဦး၊ ငယ်ငယ်လေးကတည်းက ခင်တာ။ မူကြိုလည်းတူတူတက်ခဲ့တာ။ ဒါပေမဲ့ကြီလာတော့ တစ်ယောက်နဲ့တစ်ယောက်က မခေါ်ကြတော့ဘူး။ ဘာဖြစ်သွားလည်းဆိုတာ ကိုယ့်ကိုကိုယ်လည်းမသိဘူး။

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — ဖတ်ဖူးတာတော့အများကြီးဘဲ။ မှတ်မိတော့ဘူး။

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ၊ ဂ ဘဲဖြစ်မှာပေါ့။

ပထမဆုံး အရိုက်ခံရခြင်း — ငယ်ငယ်ကတော့သိပ်အရိုက်မခံရဘူ။ အခုချိန်ထိမှတ်မိနေတဲ့ ရိုက်ခံရတာတော့ရှိတယ်။ ဆယ်တန်တုန်းက စာပန်အိမ်ဘော်တာမှာ Tutorial ဖြေတုန်ကနှစ်ဘာသာကျလို့ ဒေါက်တာကျော်ဇောက Stage စင်ပေါ်မှာ ထမိန်လှန်ခိုင်းပြီး ခြေသလုံးကို နှစ်ချက်ချတာ။ ရိုက်ခံပြီးပြီးချင်ဘဲ အရှိုးရာကြီးနှစ်ကြောင်း မည်းနေတာဘဲ။ အတန်းထဲးမှာ ကိုယ်ကို ကြည့်ကြည့်နေတဲ့ကောင်လေးကလည်းရှိနေတော့ ပိုရှက်တာပေါ..ဟီး ဟီး.. နောက်ပိုင်းတော့မရှက်တော့ပါဘူး..နောက်ပိုင်း ဒေါက်တာလည်းမရိုက်နိုင်တော့လို့ထင်တယ် တစ်ဘာသာကျရင်ထိုင်ထ တစ်ရာ အတန်းရှေ့မှာလုပ်ရတာ..သုံးဘာသာကျတဲ့နေ့ကတော့ သေပြီဆရာဘဲ။ ခြေထောက်တွေကွနေပြီး အဆောင်လှေခါးပေါ်လည်း မတက်နိုင်တော့ဘူး...တစ်နှစ်လုံးဆို တစ်ထောင်မကလောက်ဘူး။ ဒါကြောင့်ဒီကိုယ်လုံးဖြစ်လာတာပေါ့.. :P

ပထမဆုံး ရတဲ့ဆု — တစ်ခါမှမရဘူးဖူး။ အလည်အလတ်တန်းမှာဘဲနေတာဆိုတော့။

ပထမဆုံး သွားဖူးတဲ့ခရီး — ငယ်ငယ်တုန်းက အဘိုးအဘွားတွေနေတဲ့ ရွာကိုသွာလည်တယ်။

ပထမဆုံး စီးဖူးတဲ့ကား — ခရီးသွားတဲ့ express ကားဖြစ်မယ်ထင်တယ်။

ပထမဆုံး ဆိုတဲ့သီချင်း — မူကြိုမှာဆိုတဲ့ သီချင်းတွေဖြစ်မှာပေါ့။

ပထမဆုံး ရေးတဲ့ကဗျာ — ကဗျာနာမည်က “ဝေးကွာခြင် = ကွာဝေခြင်း” တဲ့.. ဘလော့မှာတင်ထားပြီးသားလေ။ ရင်ထဲမှာ format ရိုက်လို့မရတဲ့ကဗျာလေးပေါ့။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရည်းစားစာကတော့အများကြီးရေးခဲ့ဘူးတယ်။ ဘယ်စာကပထမဖြစ်မလဲမသိတော့ဘူး။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ၁၀တန်းအောင်ပြီး တစ်နှစ်။ အဖြေလည်းပေးပြီးရော သူနဲ့လည်းဝေးသွားရော။ သူနဲ့ပြတ်သွားတော့ ရည်းစားစာတွေ အကုန်ပြန်တောင်းပြီး ရေထဲမျောလိုက်တာ မရှိတော့ဘူ။

ပထမဆုံး ချစ်သူ — သူပေါ့။ အခုချိန်ထိမှတ်မိတာက ကိုယ့်ကိုမှမရရင် မိန်းမ မယူတော့ဘူးတဲ့..ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်နေပါတယ်။

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ဖေမြင့်ရဲ့ စိတ်၏စွမ်းအားသတ္တိများ။

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — မှတ်မိသလောက်ပြောရရင် ကိုယ်တိုင်မဝယ်ဖူးဘူး။ အများအားဖြင့် Internet က downlod လုပ်တယ်။ email ကနေ အမြဲပို့ပေးနေတဲ့ သူငယ်ချင်းကလည်း ရှိနေတော့။ သူက ကိုယ်ကြိုက်တာတွေကိုဘဲ ပို့ပေးတာကိုး။ အခုတော့ အဆက်အသွယ်ပြတ်သွားပြီ။

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — ၂၀၀၁ စက်တင်ဘာလမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်စတက်ခဲ့တယ်။ နေ့တော့မသိတော့ဘူး။ ပထမဆုံးနေ့က တစ်ယောက်တည်းကြောင်တောင်တောင်လေးပေါ့။ မကြာပါဘူး သူငယ်ချင်းခြောက်ယောက်ပေါင်းမိသွားပြီး လောင်စိန်လုပ်တော့တာဘဲ။ စီပွားရေးတက္ကသိုလ်ဆိုတာကလည် သိတဲ့အတိုင်ဘဲ ယောင်္ကျားလေးဆိုတာအရှာသာ။ မိန်မလှကျွှန်းကိုး..:P ယောင်္ကျားလေးတစ်ယောက်တည်းလာပြီဆိုရင် လောင်ပြီသာမှတ်။ Eco majar ကခြောက်ယောက်အဖွဲ့ဆို မသိတဲ့သူ ရှားတယ်။ အရင်အချိန်တွေကိုသတိရပါတယ် သူငယ်ချင်းတို့ရေ။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — ဝက်ဝံအရုပ်အကြီကြီးဘဲ။ သူလက်ဆောင်ပေးတာ။ မှတ်မိသေးတယ် မန်လေးကနေ ရန်ကုန်ကိုလာတဲ့ ရထားပေါ်မှာ အရုပ်ကြီတစ်ရုပ်နဲ့ ကို့ရိုကားရား။ အခုတော့ကလေးတွေလက်ချက်မိသွားပြီထင်တယ်။

ပထမဆုံး အလုပ် — MCC(MICT Park) ထဲမှာ SA(System Analyst)စလုပ်ခဲ့တယ်။ လစာတွေအများကြီးဘဲ..:P ပြောင်ပြန်...

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ရန်ကုန်ကနေ မေမြို့ကိုပြန်တုန်းက။ ညဘက်ကားစီးရတာကိုကြိုက်တယ်။

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်ကော အရက်ကော မသောက်တတ်ဘူး။ အဲ ဘီယာတော့ သောက်ဖူးတယ်။သင်္ကြန်လည်တုန်းက ဦလေးက သောက်ဖူးအောင်သောက်ကြည့်ပါလာလိုပြောလို့ တစ်ငုံသောက်ဖူးတယ်။ တလောက ရုံကတစ်ယောက်ထွက်တော့ ညစာသွားစားကြတာ ဘီယာအတင်းတိုက်လို့ တစ်ငုံတော့သောက်လိုက်တယ်။ နှစ်ငုံရှိသွားပြီ.. ဟီး..ဟီး..

ပထမဆုံး တက်ဖူးသော ဆေးရုံ — ၂၀၀၂ ခုနှစ်က အောင်ရတနာဆေးရုံမှာ Typhoid ဖြစ်လို့။ ခုနှစ်ရက်လောက် ဘာမှမစားလိုက်တာ နဲနဲတော့ပိန်သွားတယ်။

ပထမဆုံး ဘလော့ပို့စ် — You Know..?

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ
— ညီလင်ဆက်။ ဘလော့ဘယ်လိုဖြစ်လာတယ်ဆိုတာကိုရေးတော့မှ အကျယ်တဝင့်ရေးတော့မယ်။

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်းSA လုပ်လို့ရတဲ့ ပထမဆုံးလခကို အဖေနဲ့အမေကို ကန်တော့တယ်။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ရန်တော့မဖြစ်ဖူးဘူထင်တယ်။ ဒါပေမဲ့ အရမ်းရင်းနှီးတဲ့သူဆိုရင်တော့ စိတ်ကောက်တယ်။ စိတ်ကောက်တာကလည်း လူရွေးသေးတယ်။

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — တခါမှမပေါက်ဖူးသေးဘူး။ လောင်ကစားနဲ့အကြိုးမပေးဘူ။ မှတ်မိသေးတယ် သူငယ်ချင်တွေနဲ့ Sein John Island သွားတုန်းက ဖဲရိုတ်ကြတာ ထုံးစံအတိုင်း ရှုံးတာဘဲ။ ပွဲမပြီးခင်ဝင်အိပ်လိုက်လို့ ပါသွားတာလေးကုန်မသွားဘူး တော်သေးလို့။

ပထမဆုံး ရင်ခုန်ဖူးခြင်း — တစ်ခုခုကို ခိုးလုပ်တိုင်း အမြဲလိုလိုခုန်ပါတယ်။ ဘယ်အကြိမ်စခုန်ခဲ့လည်းတော့မမှိတော့ဘူး။

ပထမဆုံး တီးဖူးတဲ့ဂစ်တာ
— ဂစ်တာ မတီးတတ်ဘူး။ တီတတ်တဲ့သူကိုကြိုက်တယ်။

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား
— အခုရောက်နေတဲ့ စင်္ကာပူပေါ့။

25 September 2008

အတ္တကို အရောင်တင်ကြသူများ

လူအကြောင်းပေါင်းကြည့်မှသိတဲ့။ သိပ်မှန်တဲ့စကားတခွန်းပါဘဲ။ အမှတ်မထင်တွေ့ခဲ့ကြပြီး အရမ်းခင်သွားတဲ့ သူငယ်ချင်းတွေရှိသလို ပေါင်းလာတာကြာပြီးမှ မိတ်ပျက်သွားတဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။ ပိုက်ဆံကြောင့်မိတ်ပျက်သွားတဲ့ သူငယ်ချင်းသုံးယောက်ရှိသွားပြီ။ လူဆိုတာလည်းအခက်သား ငွေမျက်နှာတစ်ခုကိုကြည့်မိပြီဆိုရင် သူငယ်ချင်း မိတ်ဆွေဆိုတာ မရှိတော့ဘူး။ ငွေကြေးနောက်ကွယ်မှာ ဆုံးရှုံးသွားတဲ့အရာတွေကို သူတို့ မမြင်လိုက်ကြဘူး။ ငါဆိုတဲ့အတ္တကို အရောင်တောက်လာအောင် ကြိုးစားကြရင်း အချိန်တွေကုန်သွားကြတယ်။ တစ်ယောက်ချင်းဆီပေါ်မှာရတဲ့ ခံစားမှုတွေကတော့ မတူညီဘူး။ သူတို့တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်တော့ ပြန်သုံးသပ်မိတယ်။ ငါသူတို့တွေနဲ့ပတ်သက်ပြီး ဘယ်လိုသင်ခန်းစာရလဲ ဆိုပြီးပေါ့။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို ဖြေသိမ့်နိုင်အောင်ဘဲ ကြိုးစားရမယ်။ ငါးရာနဲ့တန်ဖိုးဖြတ်တဲ့သူက ငါးရာတန်သူငယ်ချင်း၊ ငါးဆယ်နဲ့တန်ဖိုးဖြတ်တဲ့သူက ငါးဆယ်တန်သူငယ်ချင်းပေါ့။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်လိုက်ကြတယ်လို့ ယူဆပါတယ်။ အတွေ့အကြုံမျိုးစုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစာမိတာက သူတို့နေရာမှာငါဆိုရင်ကော အဲဒီလိုလုပ်မှာလား????

15 September 2008

ဝမ်းနည်းမိတဲ့နေ့

ဒီနေ့ စိတ်ထဲမှာအရမ်းဝမ်းနည်းလာတာကြောင့် ငိုမိတယ်။ စိတ်ညစ်လာရင် ကမ်းစပ်တစ်ခုခုကို သွာပြီထိုင်ချင်တာကလည်း အကျင့်တစ်ခုဖြစ်နေပြီ။ ဒါနဲ့ အိမ်နဲ့ နီးနီနာနား ဘယ်နားကို သွားထိုင်ရမလဲ စဉ်းစာလိုက်တော့ နေရာတစ်ခုကို စဉ်းစားမိတာနဲ့ ချက်ချင်းထွက်လာခဲ့တယ်။
အဲဒီနေရာလေးက စလုံးမှာ အရင်တချိန်က အရမ်းစည်ကားတဲ့နေရာလေးလို့ သူတို့နိုင်ငံသားတွေကပြောတယ်။ wedding လိုမျိုး အထိမ်းအမှတ်ပွဲတစ်ခုခုလုပ်ရင် အဲဒီနေရာလေးကိုအမြဲသွားကြတယ်တဲ့။ နှစ်တွေကြာလာပြီး အခုတော့ ဘယ်သူမှ မသွားကြတော့ဘူးလို့ပြောတယ်။ ရေကန်ထဲမှာ ကြာပန်းတွေလည်းရှိတယ်။ သစ်သားတံတားလေးလည်းရှိတယ်။ မရိတ်တာကြာလို့ရှည်နေတဲ့မြက်တွေလည်းရှိတယ်။ ဒါပေမဲ့ အေးချမ်တဲ့နေရာလေးပါဘဲ။ ဒီမှာရောက်နေတဲ့သူတွေလည်း အဲဒီနေရာလေးကို ရောက်ဖူးကြမှာပါ။ သတိမထားဖြစ်ကြရင်တော့ မသိဘူး။
ရေကန်လေးဘေးမှာထိုင်ပြီတော့ စိတ်လိုလက်ရတွေးလိုက် မျက်ရည်ကျလိုက်ပေါ့။ မိုကလည်းဖွဲဖွဲလေးရွာနေသေတယ်။ စိတ်ညစ်နေတဲ့အချိန်တိုင်း ဖုန်းခေါ်နေကြ သူငယ်ချင်းလေးကို စကားပြောလိုက်သေးတယ်။ ကျေးဇူးပါသူငယ်ချင်း။
တစ်နာရီလောက်ကြာတော့ ရေပြင်ကိုလရောင်လေးလွှမ်းမိုလာတယ်။အော်.. ဒီနေ့ တော်သလင်းလပြည့်နေကိုး။ လျှပ်စစ်မီရောင်တွေကို လရောင်ကမလွှမ်နိုင်ပေမဲ့ လရောင်ကလည်း သူအလှနဲ့သူ ထိန်လင်းစွာတောက်ပနေပါတယ်။ ဒီကိုရောက်နေတာ တစ်နှစ်ကျော်ပြီဖြစ်ပေမဲ့ လရောင်ကိုအခုလောက်ကြာကြာမခံစာဘူးသေးဖူး။ လရောင်အောက်မှာလမ်းလျှောက်ရတဲ့ အရသာကို အရမ်းကြိုက်တယ်။ လရောင်အောက်မှာလမ်းလျှောက်နေရင်း စိတ်ထဲမှာကြည်နူးလာတယ်။ အော်.. ထိခိုက်ခံစာလွယ်လွန်းတဲ့ ငါ့စိတ်ပါလား…

14 September 2008

သစ်ပင်,သစ်ရွက်,လေပြေ

Mail ထဲကိုရောက်လာတဲ့ အကြောင်းအရာလေးပါ.. အရမ်းကြိုက်လွန်းလို့ ပြန်တင်လိုက်ပါတယ်..
သစ်ပင်

ကျွန်တော့်ကို သစ်ပင်လို့ ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို
ဝါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့
ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ
ဆိုင်း(Sign) အစား ၀င်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော်
ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော်
အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို
ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမ မှာ တစ်ဖက်သားကို
ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည် ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက
တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။

ကျွန်တော် သူမကို ချစ်တယ်...
တကယ့်ကိုချစ်တယ်...
သူမရဲ့ ရိုးသားမှုကို ချစ်တယ်..
သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့ အားနည်းချက်၊ သူမရဲ့
အားငယ်မှုတွေကို ချစ်တယ်။ ကျွန်တော် အပျော်သဘောနဲ့ သူ့ကိုချစ်တယ်၊
ကျွန်တော့်အတွက် မထူးခြားတဲ့ သူမက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့
ထင်မှာစိုးလို့ ကျွန်တော် သူမကို ဖွင့်မပြောခဲ့တာပါ။
ချစ်ခဲ့ကြပြီးရင်လည်း နောက်ဆုံး ခွဲခွာရမှာစိုးလို့၊ ချစ်ခဲ့ကြပြီးရင်
ပတ်ဝန်းကျင်က လူတွေ သူမကို ထိခိုက်အောင်ပြောမှာ ကြောက်လို့၊ တစ်နေ့
သူမကို ကျွန်တော် လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုကိုယ်
ယုံကြည်ထားမိပြီး တစ်ခြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူမကို
ကျွန်တော် ဖွင့်မပြောသေးတာလည်းပါတယ်။

ကျွန်တော် တစ်ခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး သူမ ကျွန်တော်ဘေးမှာ
သူငယ်ချင်းလို့ (၃)နှစ်အတူရှိ နေခဲ့တယ်။ (၃)နှစ်လုံးလုံး
သူမခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော် မသိအောင် သရုပ်ဆောင်ကောင်း
တစ်ယောက်ဖြစ်ဖို့ သူမကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့
ဒါရိုက်တာတစ်ယောက်ပဲလေ.. တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့
ကျောင်းအဆောင်ဘေးမှာ ချိန်းတွေ့ပြီး နမ်းနေကြတာကို သူမနဲ့
ပက်ပင်းတိုးမိတယ်။ သူမက ဟန်ဆောင်ရယ်ရင်း go on ဆိုပြီး ထွက်ပြေးသွားတယ်။
နောက်တစ်နေ့မှာ သူမရဲ့ မို့မောက်နေတဲ့ မျက်လုံးဟာ ညတုန်းက
ဘယ်လောက်ခံစားပြီး ငိုထားရတယ် ဆိုတာကို သက်သေပြနေပါတယ်။


ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့နေတာလည်းဆိုတာကို
မသိကျိုးကျွံပြုပြီး မမေးတဲ့အပြင် သူမကို လှောင်ရီနေမိတယ်။
ကျောင်းဆင်းလို့ လူတွေအားလုံးပြန်ကြတော့မှ သူမ စာသင်ခန်းထဲမှာ
ခိုးငိုနေတာကို ဘောလုံးကျင့်ရင်း ပစ္စည်းတစ်ခု မေ့ကျန်လို့ ပြန်လာယူတဲ့
ကျွန်တော် စာသင်ခန်း အပြင်ဖက်မှာ သူမငိုနေတာကို တစ်နာရီနီးနီး
ရပ်ကြည့်နေတယ်ဆိုတာကို သူမ မသိခဲ့ဘူး။ ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက်
ကောင်မလေးက သူမကို မလိုလားမနှစ်မြို့ခဲ့ဘူး။ တစ်ခါက သူတို့နှစ်ယောက်
အကြီးအကျယ် စကားများကြတယ်။ သူမရဲ့သိမ့်မွေ့တဲ့ စရိုက်က လူတွေကို
ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့
ကျွန်တော့်ကောင်မလေးဖက်ကနေပြီး သူမကို ဟောက်လိုက်မိတယ်။ မျက်ရည်တွေကျရင်း
သူမကျွန်တော်ကို ကြောင်ကြည့်နေတယ်။ သူမရဲ့ မျက်ရည်ကို လျစ်လျူရှုရင်း
ကျွန်တော့်ကောင်းမလေးလက်ကို ဆွဲပြီး စာသင်ခန်းပြင် ဖက်ထွက်သွားလိုက်တယ်။
နောက်ရက်တွေမှာ သူမက ဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော်နဲ့
စရင်းနောက်ရင်း အရင်လိုပဲ ရှိနေခဲ့တယ်။ သူမ ဘယ်လောက် ခံစားရမယ်ဆိုတာ
ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုခံစားရတယ်ဆိုတာကို သူမ
မသိခဲ့ပါဘူး။

ကျွန်တော်(၅)ယောက်မြောက် ကောင်မလေးနဲ့ လမ်းခွဲတော့ သူမကိုခေါ်ပြီး
စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။ "ငါ နင့်ကို ပြောစရာရှိတယ်"ဆိုတော့..
အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမက ဆိုတယ်။

"ငါ သူနဲ့ လမ်းခွဲလိုက်ပြီ"
"ငါ သူ့ကို အဖြေပေးလိုက်ပြီ"
"သူ"ဆိုတာ ဘယ်သူလည်းဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူမကို
ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက်
ချစ်စရာ့ ကောင်လေးတစ်ယောက်ပါ။ သူမကို အသဲအသန် ပိုးပန်းခဲ့ပါတယ်။
ကျွန်တော်ခံစားသွားရတယ်ဆိုတာ သူမ မသိအောင်ဟန်ဆောင်ရင်း၊ ကြားရတာ
ဝမ်းသာကြောင်း ပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဟန်ဆောင်မှုကို
ဆက်မထိန်းနိုင်တော့ဘူး။ ရင်မှာနာကျင်နေတာတွေ ရင်ဝမှာ တစ်ခုခုနဲ့
လာဖိထားသလို ခံစားရတယ်။ အသက်ရှု မ၀တော့ဘူး။ တအားအော်ဖို့ ကြိုးစားတာ
အသံတွေက လည်ချောင်းဝမှာ ထစ်ဆို့နေခဲ့တယ်။

ကျွန်တော်ငိုမိတယ်...ချုံးပွဲချ ငိုမိတယ်.....
သူမ ချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။
စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မဲ့ နောက်ဆုံးတစ်ရက်မှာ
ကျွန်တော့်ဖုန်းထဲမှာ message လေး တစ်စောင်ရှိ နေတာကို သတိထားမိတယ်။
ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁၀)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တဲ့
ရက်လေးပါ။ ဖွင့်ကြည့်ဖို့ ကျွန်တော်မေ့နေခဲ့တာပါ...

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့် မပေးလို့လား"

သစ်ရွက်

ကျောင်းတုန်းက သစ်ရွက်လေးတွေ စုဆောင်းတာကို ၀ါသနာပါခဲ့တယ်။
ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာ မှီခိုခဲ့တဲ့ သစ်ပင်ကို
ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မနဲ့ အရမ်းခင်တဲ့
ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစားလို့မဟုတ်ဘဲ
တကယ့်သူငယ်ချင်းကောင်း တစ်ယောက်လို ခင်ခဲ့တယ်။ ဒါပေမဲ့ သူပထမ
ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့ သ၀န်တိုမှု၊ ရင်ထဲက နာကျင်မှုတွေ
ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူတို့ပြတ်သွားတော့ ပျော်ရွှင်မှုတွေ
သူမသိအောင် ကျွန်မ ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ
ဒုတိယမြောက်ရည်းစား ရသွားပြန်တယ်။

ကျွန်မသူ့ကို ချစ်တယ်...
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...
ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....
နှစ်ယောက်စလုံးချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်လဲ....
သူရည်းစားတစ်ယောက် ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်...ခံစားရတယ်....
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ်
ချစ်နေမိတာလား..
ကျွန်မကို မချစ်ဘူး ဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေတာလဲ...
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင် လွန်နေပြီ...
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...
သူရဲ့အကြိုက်တွေ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်း
နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စ ဖွင့်ပြောရမလား ဆိုတာကို ကျွန်မ
မခန့်မှန်းတတ်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကို မျှော်ရင်း ကျွန်မသူ
့ဘေးမှာပဲ ရှိနေချင်ခဲ့တယ်။ သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။ ညည
သူ့ဖုန်းသူ့ message ကို မျှော်နေရသလိုပေါ့။ သူဘယ်လောက်ပဲ အလုပ်တွေရှုပ်
မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ
ကျွန်မသိနေတယ်လေ...

ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။
စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း
ရောက်ရှိလာမဲ့ ရက်ကို ကြိုတွေးပြီး ကြည်နူးရင်း
ဆက်စောင့်မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊
ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့အတူ
ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ ဖြေဖို့ နီးလာတော့ တခြားအခန်းက
ကောင်လေးတစ်ယောက် ကျွန်မကို အသဲအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ
ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့ နေရာ
တစ်စိတ်တစ်ဒေသကို တဖြေးဖြေး စိုးမိုးလာခဲ့တယ်။

ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ...
ကျွန်မရဲ့ နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်...
နောက်တော့ ကျွန်မရဲ့ နှလုံးသားတစ်နေရာစာ မကတော့ပါဘူး ကျွန်မရဲ့
နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံးသား
သစ်ရွက်လေးကို လေနဲ့အတူ ပျော်ရွှင်မဲ့နေရာကို ကောင်လေး
ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။ သစ်ရွက်လေး
သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲ
မတားခဲ့ပါဘူး။

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား"

လေပြေ

ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက
သူချစ်တဲ့ သစ်ပင်တစ်ပင်မှာ ခံစားချက်တွေ ဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။
ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေး ပျော်ရွှင်အောင်
ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် သူမကို စပြီး
သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။
သေးငယ်တဲ့ သူမရဲ့ ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း
မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်းလေးတစ်ယောက်ကို
စူးစိုက်ကြည့်နေတတ်တယ်။ သူမတစ်ယောက်ထဲပဲဖြစ်ဖြစ်
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာ ထိုင်ပြီး ငေးကြည့်နေတတ်တာ
အားကစား အချိန်တိုင်းပဲ။ ကောင်လေးက တစ်ခြားကောင်မလေးတွေနဲ့ ရယ်မောနေရင်
သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့... ကောင်လေး သူမဖက်
လှည့်လာပြီဆိုရင် သူမရဲ့ မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့... သူမ
အဲဒီကောင်လေးကို အမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို အမြဲစောင့်ကြည့်ရမ
ဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ
စိုးရိမ်မှုတွေဝင်ရောက်လာတယ်။ ဘယ်လို စိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော်
ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်း
ရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူမရဲ့ စာသင်ခန်းဖက်ကို
ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့ အချိန်မှာ ကောင်လေးရဲ့ ဆူပူသံ၊
သူမရဲ့ ရှိုက်သံ ကောင်လေးရဲ့ ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။
နောက်ရက်တွေမှာ သူမဟာ အရင်ကလိုပဲ ဘောလုံးကွင်းဘေးမှာ ကောင်လေးကို
ငေးနေပြန်တယ်။

ကျွန်တော် သူ့ဘေးကို လျောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက်
စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံသြတဲ့ပုံစံနဲ့ ကျွန်တော့်ကို
ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကို ယူလိုက်တယ်။ နောက်တစ်နေ့မှာ
စာရွက်ခေါက်လေးကို ကိုင်လို့ ကျွန်တော်နား သူမရောက်လာတယ်။

"သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး"
"သစ်ရွက်ရဲ့ စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က သစ်ပင်ကို
မခွဲနိုင်တာပါ"
အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတစ်ဖြည်းဖြည်း
ကျွန်တော်ကို စကား ပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို
လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ သူမ ကျွန်တော့်ကို
မချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ သူမ ကျွန်တော့်ကို
ချစ်လာနိုင်တဲ့အထိ ကျွန်တော် ဇွဲလုံလရှိခဲ့တယ်။

သူမနဲ့ သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ
အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ
စကားလှမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။
ကျွန်တော်သူမကို အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်..
သူမရဲ့ အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်း
သိလျှက်နဲ့ သူမအဖြေပေးလာမဲ့ ရက်ကို စောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ
ရှိနေခဲ့တယ်။

"ဘာလုပ်နေတာလဲဟင်...ကျွန်တော်ပြောတာတွေ ကြားလား.. ဘာလို့ ကျွန်တော်ကို
စကားပြန်မပြောတာလဲ.. မေးတာလဲ ဖြေအုန်းလေ"

"ကျွန်မ ခေါင်းငြိမ့်နေတယ်"
"ဟင်"
ကျွန်တော်နား ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ...
"ကျွန်မခေါင်းငြိမ့်နေပါတယ်" သူမ ပြန်အော်ပါတယ်...
ကျွန်တော် ဖုန်းကို ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကို ကောက်စွပ်ပြီး
သူမအိမ်ဖက် ဆိုင်ကယ် အပြင်း မောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို
နိုက်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကို တင်းတင်းလေး
ဖက်ထားလိုက်မိတယ်။

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား"

13 September 2008

ဝေးကွာခြင်း=ကွာဝေးခြင်း

ဝေကွာခြင်းဟာ
အချစ်ကိုသွေးအေးသွားစေသတဲ့လား..

ငါဟာမင်းရဲ့ ဖယောင်းရုပ်တစ်ရုပ်လေ..
မင်းရဲ့အချစ်မီးနဲ့ တွေလိုက်ရင်..
အရည်ပျော်သွားတယ်ဆိုတာ
မင်းမသိတာလား ...
မသိချင်ယောင်ဆောင်နေတာလား ...
မင်းကတော့မသိဘူး..
ငါကတော့ ..
မင်းအသံကိုကြာတိုင်း ရင်ခုန်နှေဆဲပါ..
ရှတတ မျက်ဝန်တစ်စုံကို
တမ်းတနေဆဲပါ..
ဒါပေမဲ့လေ..
ငါ့မှာ အချစ်နဲ့ညီမျှတဲ့ မာနတစ်ခုက ရှိနေပြန်တယ်..


ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ အမှတ်တရကဗျာစာအုပ်ထုတ်ကြတုန်းက ထည့်လိုက်တဲ့ ကဗျာလေးပါ။ ၂၀၀၁ ခုနှစ်လောက်ကတည်းက ရေးထားဖြစ်တဲ့ကဗျာလေးပါ။ ခံစားချက်တွေ ပြင်ပျနေတဲ့ အချိန်တုန်းကပေါ့။ အဲဒီတုန်းက ကဗျာတွေအများကြီးရေးဖြစ်တယ်။ ဒါပေမဲ့ Hard-disk လေး format ရိုက်လိုက်တော့ အားလုံးပြောင်သွားတယ်။ ဒီတစ်ပုဒ်ပဲ ရင်ထဲမှာ format ရိုက်လို့မရဘဲ ကျန်ခဲ့တဲ့ ကဗျာလေးပါ။ သူငယ်ချင်းတွေကတော့ပြောကြတယ်။ တစ်ပုဒ်တည်း ထည့်လိုက်ပေမဲ့ အရမ်းကောင်းတယ်တဲ့။ ကောင်းမှာပေါ့ ရင်တွင်ဖြစ် စစ်စစ်လေးကိုး။ ဒီကဗျာလေးကို ပြန်ရေးနေရင်း MPA က သူငယ်ချင်းတွေကို သတိရပါတယ်။

12 September 2008

ယောင်္ကျားလေးတွေရဲ့အချစ်

MBS မှာတင်ထားတဲ့ post လေးပါ..စုစုစည်းစည်းလေးဖြစ်သွားအောင်ဒီမှာပြန်တင်ထားလိုက်တာ...
အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်..အစစအရာရာ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့.. တစ်နေ့တော့သူ့မှာချစ်သူရသွားတယ်..
သူတို့နှစ်ယောက်ဘယ်လိုတွေ့ပြီးချစ်သွားတယ်ဆိုတာတော့မသိလိုက်ဘူး..
အချိန်တိုလေးအတွင်းမှာ သူတို့နှစ်ယောက် သိပ်ချစ်သွားကြတယ်..
သူငယ်ချင်းကပြောတယ်သူ့ကောင်မလေးကို အရမ်းချစ်တာတဲ့…
ဘယ်လိုဖြစ်ပြီး..အဲလောက်သိပ်ချစ်သွားလဲဆိုတာ သူလည်းမသိဘူးတဲ့…
ဒီလိုနဲ့စလုံးမှာနေတဲ့ အတွဲးတွေရဲ့ထုံးစံအတိုင်သူတို့နှစ်ယောက် living together နေလိုက်ကြတယ်ပေါ့(အားလုံးကိုမဆိုလိုပါ)
သူငယ်ချင်းကိုတိုက်တွန်းပါတယ်..ကောင်မလေးကိုတရားဝင်ယူုဖို့အတွက်ပေါ့..
ဒါပေမဲ့ သူကပဲတရားဝင်မယူချင်တာလား..
ဘယ်လိုအကြောင်းအရာကြောင့်တရားဝင်မယူကြတာလဲတော့မသိဘူး နှစ်ဦးသဘောတူဘဲတူတူနေလိုက်ကြပြီးတရားဝင်မယူဖြစ်ကြဘူး..အတူနေတာကြာလာတော့ သူတို့မှာပြဿနာလေးတွေရှိပုံရတယ်..
အချိန်ကြာလာတာနှင့်အမျှသူတို့မှာအချစ်တွေရော့လာတယ်… ကောင်လေးကကောင်မလေးကိုသိပ်စိတ်မ၀င်စားတဲ့ပုံစံမျိုးတွေဖြစ်လာတယ်..
လအနည်းငယ်ကြာပြီးနောက်…
သူတို့နေတဲ့အိမ်မှာအိမ်ရှင်နဲ့ပြဿနာအနည်းငယ်ဖြစ်ပြီးတော့အဲဒီအိမ်ကနေပြောင်းဖို့လုပ်တယ်..
အိမ်ရှာဖို့အတွက်အချိန်သိပ်မရတာကြောင့်လား..တူတူမနေချင်ကြတော့တာကြောင့်လာ..
ဘာကြောင့်လည်းတော့မသိဘူးသူတို့နှစ်ယောက်ခွဲနေလိုက်ကြတယ်..
ကောင်မလေးကမြန်မာပြည်ပြန်ဖို့လုပ်နေတယ်..ဒီမှာအလုပ်မလုပ်ချင်တော့လို့တဲ့..
တစ်နေ့တော့ သူငယ်ချင်းကို ကောင်မလေးအကြောင်းမေးတော့ သူမသိဘူးတဲ့..
သူအဖြေကိုကြာတော့ အရမ်းစိတ်တိုသွားတယ်..သူကိုပြောလိုက်တယ်..
ဘာလို့နင်မသိရတာလဲလို့..တကယ်ဆိုရင်အဲဒီအကြောင်းအရာကိုသိရမှာပေါလို့..
သူပြောတဲ့အကြောင်းအရာတွေက ကောင်မလေးနဲ့ပတ်သက်ပြီးသိပ်စိတ်မ၀င်စားတဲ့ပုံစံနဲ..
ကောင်လေးရဲ့စကားအရကောင်မလေးနဲ့ကွဲသွားလို့လည်းသူဘာမှဖြစ်မသွားတော့ဘူးတဲ့..
သူကိုပြောလိုက်တယ်..နင်နဲ့ပတ်သက်ပြီး ငါတော်တော်တရားရတယ်လို့…
စဉ်စားကြည့်ပေးပါဦး…သူတို့နှစ်ယောက်သိပ်ချစ်ကြတယ်ဆို..
ခုချိန်မှာသူတို့အချစ်တွေကဘယ်ရောက်သွားလဲ..
အချိန်တိုလေးအတွင်းမှာအချစ်ကပြက်ပျယ်သွားတာလား…
ဘယ်အရာကိုသူတို့ ချစ်ခဲ့ကြတာလဲ..
အခုချိန်မှာနစ်နာမယ်ဆို ကောင်မလေးဘက်ကကြည်းဘဲ..ကောင်လေးဘက်ကနစ်နာဖို့မရှိဘူးလေ..
ကောင်လေးတွေရဲ့အချစ်ကဘာလဲ…
ယောင်္ကျားလေးတွေရဲ့အချစ်က အဲဒီလိုဘဲအချိန်နှင့်အမျှပြောင်းလဲသွားကြတာလား…
ကြာလာရင်ရိုးသွားတာလား… ကောင်မလေးကိုတန်ဖိုးမထားတော့တာလား…

06 September 2008

So called Professionals

1) Project Manager is a Person who thinks nine women can deliver a baby in One month.

2) Developer is a Person who thinks it will take 18 months to deliver a Baby.

3) Onsite Coordinator is one who thinks single woman can deliver nine babies in one month.

4) Client is the one who doesn't know why he wants a baby.

5) Marketing Manager is a person who thinks he can deliver a baby even if no man and woman are available.

6) Resource Optimization Team thinks they don't need a man or woman; they'll produce a child with zero resources.

7) Documentation Team thinks they don't care whether the child is delivered, they'll just document 9 months.

8) Quality Auditor is the person who is never happy with the PROCESS to Produce a baby.

9) Tester is a person who always tells his wife that this is not the Right baby.

06 April 2008

စိတ်ဆန္ဒ

အချိန်ရတိုင်း သူငယ်ချင်းတွေရဲ့ blog တွေကို ၀င်ဖတ်ဖြစ်တယ်..
သူတို့ တွေကို ဖတ်ပြီးတိုင်း blog ရေးချင်လာတယ် ဒါပေမဲ့ ဘာရေးရမှန်းမသိဘူး..
သူငယ်ချင်း တစ်ယောက်ကတော့ ရေချင်တာတွေသာရေးလို့ အားပေးတယ်..
တစ်ခါတလေမှာ ရင်ထဲမှာရှိတာတွေကို ဖွင့်ဟချင်တယ်.. မွန်းကြပ်မှုတွေ ပြေပျောက်မလားလို့ပေါ့...