17 December 2008

လာလည်သူများသို့

အခုရက်ပိုင်းမှာ စိတ်ကလည်း ညစ်တစ်တစ်နဲ့မို့ ပို့စ်အသစ်တင်ဖို့လည်း စိတ်မဝင်စား၊ တင်လိုက်မိရင်လည် သူတပါးကို ထိခိုက်မည့် အရေးအသားတွေများဖြစ်နေမလားဆိုပြီး ဘာမှမတင်ဖြစ်တော့ဘူး။ စိတ်ထဲမှာ စာစီထားတဲ့ အကြောင်းအရာတွေကတော့ အများကြီးဘဲ။ လှပတဲ့ အကြောင်းအရာတစ်ခုကိုတော့ တင်သင့် မတင်သင့် စဉ်းစားနေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့် ငြိမ်နေလိုက်ရင် ကောင်မလားလို့လည်း စဉ်းစားမိပါတယ်။ ပို့စ်အသစ်မတင်ဖြစ်တဲ့အတွက်လာလည်ကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ Deleteလုပ်လိုက်တဲပို့စ်များအတွက်လည်း အဆင်မပြေ ဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးပါ။ ဘာကြောင့်လည်းလို့မေးခဲ့ရင်လည်း ပြန်မဖြေနိုင်ခဲ့ရင် ထပ်ပြီးတော့ခွင့်လွှတ်ပေးပါ။ ကျွန်မကို ချစ်၍ လာလည်ကြသော၊ မုန်း၍ လာလည်ကြသော သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အရေးအသားများဟာ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါ... သို့သော် ထိုအကြောင်အရာများနှင့်ပတ်သက်၍ အမျိုးအမည် မသိသော စိတ်ညစ်ခြင်းများ ပေါ်ပေါက်ခဲ့ပါသော် နာလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခုလောလောဆယ်မှာ wordpress ပြောင်းဖို့လုပ်နေတဲ့အတွက်ကြောင့် ပို့စ်အသစ်တင်ဖို့ အချိန်အနည်းငယ်ခန့် ကြာပါဦးမယ်။ blogspotမှာ အနေကြာလာတော့ နည်းနည်းပျင်းလာတာလည်းပါတယ်။ အပြောင်းအလဲကိုကြိုက်တတ်တဲ့စိတ်ကလည်း တခါတလေတော့ မကောင်းပြန်ဘူး။ wordpress လုပ်ရင် PHP ကိုလည်းသိလာတယ်ဆိုတာကြောင့် wordpress ပြောင်းလိုစိတ်ပြင်းပြလာတယ်။ နောက်ပြီး blogspotမှာ theme ပြောင်းချင်ရင် ဒုက္ခနည်းနည်းရောက်လို့ပါ။ လှတပတ theme ဆိုရင် blogspot မှာထက် wordpress မှာပိုများတဲ့အတွက်ကြောင့်ပါ။ လိပ်စာ(ဒိုမိန်းနိမ်း) လည်း ပြောင်လဲမှုရှိနိုင်ပါတယ်။DNS update ဖြစ်ဖို့အတွက် အချိန်စောင့်နေရတာကြောင့် ဘာကိုမှဆက်လုပ်လို့ မရသေးပါ။
စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာမထားတတ်တဲ့အကျင့်ကြောင့် ဘလော့ပေါ်မှာ ရေးချခြင်းဖြစ်ပါတယ်။ လာလည်တဲ့သူများကို ကျေးဇူးတင်ပါတယ်။
ဘာရယ်မဟုတ်ဘူး ဆားချက်လိုက်တာပါ... :P

14 December 2008

ဖတ်မိတာလေးတွေ

ငြိမ်းချမ်းနေတယ်.. ပျော်ရွှင်နေတယ်… ကြည်လင်နေတယ်… ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ….

ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ၊ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ် … ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်…

ဘဝရဲ့အရည်အသွေး မြင့်မားစေချင်ရင်၊ စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်.. ဘဝရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်…

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ …

လူ့ဘဝမှာ စွန့်စားရတာနဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ နဲနဲရှိမှကောင်းတယ်.. သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာကောင်းနေလိမ့်မယ်…

စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ ဘ၀ကို ကျေနပ်မှုရမယ်။

မေတ္တာဆိုတာ သူတစ်ပါးအတွက် အဟာရဖြစ်သလို… ကိုယ့်အတွက်လည်း အဟာရဖြစ်ပါတယ် …

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ဘူး … ကိုယ့်စိတ်ပါ… ကိုယ်အတွေးပါ… ကိုယ့်သဘောထားမှားနေလို့ပါ…

ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာစမ်းစစ်ကြည့်ရမယ်….

ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ အလုပ်မျိုးဖြစ်သင့်တယ်….

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ..

လူတိုင်းလူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွှေးချယ်မှုတွေ လုပ်နေရပါတယ်… ရွှေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့လိုပါတယ်။

စိတ်ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ…



11 December 2008

Ways to Beat Stress

For many of us, there is never enough time. There are so many things to do and so little time in which to get them done. Stress is closing in on all of us. Stress is affecting not only the way we work, but also our bodily health. While we cannot make stress go completely away, there are some things we can do to reduce our stress levels and make us happier and more productive. Here are some tips!

Change “I have to…” to “I get to…”
· Even the most miserable of tasks seem easier and less stressful if you get to do them.
· It seems like a reward.
· By removing that feeling that you “have” to do something, you have reduced some pressure and stress.

Keep toys on your desk
· Toys can give you something physical and mental to do and at the same time, helped reduce anxiety.
· A good example would be plastic robots that change their shape depending on which way you turn them. You would be surprised to find that by twisting the robots around, it’s a good way to de-stress!

Write it down
· By putting your thoughts down on paper (or on your computer), you can transfer your emotions from your mind to something more tangible.
· After you are done with the writing, you can crumble up the paper and throw it away. It’s like throwing your troubles away.

Tackle the most stressful tasks first
· As we become more tired, our stress defences go down.
· So it is best to handle the most stressful events when your body is most alert and rested.
Exercise
· You can choose to exercise your thighs when you have been hunched over a desk for too long.
· Getting away from the desk and exercising for just a couple of minutes can reduce stress remarkably.
· If you can get away for a walk, that is even better.
· Think about your pleasant thoughts and not about your problems.

Breathe deeply
· One of the main keys to a healthy body is getting oxygen, which you cannot do if you are slumped over and stressed out.
· Take a few minutes away from your work, close your eyes and breathe deeply and slowly.
· With each outgoing breath, you may find yourself becoming calmer and less worried and stress.

Make yourself at home
· Personalize your workspace.
· Surround yourself with photographs of home, posters from favorite movies or plants and flowers.
· Familiar objects help you to relax.

Drink Orange Juice
· Scientists have discovered that vitamin C can reduce the production of stress hormones.
· Other foods rich in vitamin C include broccoli, tomatoes, strawberries, grapefruit etc.

Sing a song
· Singing relaxes the body and helps you breathe more deeply.
· But if you don’t sing well, save this activity for the shower or you might create more stress for the people around you!

Watch a funny video
· Laughter, like singing, gets more oxygen into your lungs.
· So watch something that really makes you laugh out loud. A great comedy will do the trick here.

Reduce multi-tasking
· The more balls you have in the air, the more stress you will feel.
· Reduce the number of tasks you are juggling and lower your tension and stress.


No matter what kind of work you do, you will experience some form of stress. Do not let it overwhelm you. You can learn to control it.


********************************

Extract from The Straits Times (RECRUIT), Oct 30 2008 Thursday

03 December 2008

ကျမနှင့် မလေးရှားခရီးစဉ်များ

အရောက်အများဆုံးနဲ့ သွားတဲ့အခေါက်တိုင်းမှာ စိတ်လှုပ်ရှားစရာအမျိုးမျိုးကြုံရတဲ့ နိုင်ငံက မလေးရှားနိုင်ငံဘဲ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ရုံးပိတ်ရက်ကဘဲ မလေးရှားကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် မလေးရှားသွားတာ သုံးခေါက်ရှိသွားပြီ။ သွားတဲ့အခေါက်တိုင်မှာ အတွေ့အကြုံပေါင်မျာစွာနဲ့ စိတ်လှုပ်ရှားစရာအမျိုးမျိုးဖြစ်ခဲ့ရလို့ အားလုံးဟာ မှတ်မှတ်ရရတွေပါဘဲ။

ပထမအကြိမ်ခရီးစဉ်

စလုံးမှာ အလုပ်ရတာမကြာသေးဘူး.. စလုပ်တဲ့အလုပ်မှာ အဆင်မပြေမှုတွေကအများကြီးဘဲ။ တနေ့တနေ့ အလုပ်သွားရမှာကိုတောင်ကြောက်နေတဲ့အထိဘဲ။ ဒီလိုနဲ့ provision period အတွင်းမှာဘဲ အလုပ်ရှင်က ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုမကြိုက်တာနဲ့ အလုပ်ထွက်ဖို့ စကားခေါ်လာတယ်(ထုတ်တယ်လို့ပြောရင်လည်း ပြောလို့ရတာပေါ့လေ ဟီးဟီး)။ ကိုယ်တိုင်ကလည်း အဲ့ဒီမှာ လုံဝမလုပ်ချင်တော့ ချက်ချင်းဘဲထွက်မယ်ဆိုပြီး အလုပ်ကနေထွက်လာလိုက်တယ်။ အလုပ်မရမှာတွေ s-pass ကို cancelလုပ်ရမှာတွေဘာမှ မစဉ်းစာခဲ့ဘူ။ မလုပ်ချင်တာတစ်ခုဘဲသိတာနဲ့ စိတ်လိုလက်ရ ထွက်လာလိုက်တယ်။ s-pass ကို cancel လုပ်ပြီးရော social visit နဲ့ ဆယ့်လေးရက်လောက်နေပြီတော့ အလုပ်မရသေးတာကြောင့် မလေးရှားကိုသွားဖို့လုပ်ရတယ်။ တချို့သူငယ်ချင်းတွေက ပြန်ဝင်လို့မရမှာကြောင့် မသွားစေချင်ကြဘူး။ ကိုယ်ကလည်း အရှုံးနဲ့ နောက်ကြောင်းပြန်မလှည့်ချင်တာကြောင့် ဘာဘဲဖြစ်ဖြစ် သွာမယ်လိုဆုံးဖြတ်ပြီး stay ကုန်တဲ့နေ့မှာဘဲ စလုံးကနေထွက်သွားပါတယ်။ စလုံး Immegration ကတော့ အေးအေးဆေးဆေးပါဘဲ။ မလေး Immegration ရောက်တော့ နည်းနည်းအရစ်ခံရတယ်။ ဘာသွားလုပ်မှာလဲ ပိုက်ဆံဘယ်လောက်ပါလဲဆိုပြီးပေါ့။ ပိုက်ဆံတွေပြလိုက်တော့ ဝင်ခွင့်ရသွားပါတယ်။ ဒါနဲ့ဘဲ ကွာလာလန်ပူ ဆိုတဲ့ မြို့တော်ကြီးကို ရောက်သွာခဲ့တယ်။ ပူတူးရိုက်ရွယ်ကားကွင်းရောက်တော့ ဆင်လိုက်ပြီး လာကြိုပေးမဲ့ ဦးလေးကိုစောင့်ရတယ်။ ကိုယ်ကလည်း တခါမှရောက်ဖူးတဲ့ ကလားတိုင်ပြည်ဆိုတော့ ခပ်လန့်လန့်ဘဲပေါ။ ကာပေါ်ကဆင်ပြီ ဦလေးကိုမတွေတော့ ဟိုဘက်ရှောက်လိုက် ဒီဘက်လျှောက်လိုက်ပေါ့။ Taxi သမားတွေကလည်း တကြော်ကြော်အော်ပြီခေါ်တာပေါ့။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ဖုန်းဆက်ဖို့လုပ်ရတယ်။ အကြွေကလည်းမရှိတာနဲ့ ကုဒ်တစ်ဘူးဝယ်ပြီး အကြွေရအောင်ကြံဆောင်လို့ ဖုန်းခေါ်ကြည့်တာပေါ့။ ရှိသမျှအကြွေတွေသာကုန်သွာတယ် ဖုန်းကခေါ်လို့မရဘူး။ အကြွေထပ်လဲပေးဖို့ ကုဒ်ရောင်တဲ့ အဒေါ်ကြီးကိုပြောကြည့်တော့ လဲမပေးနိုင်တော့ပါဘူးတဲ့။ စိတ်ညစ်နေတုန်းဦလေးရောက်လာလို့ အဆင်ပြေသွားခဲ့တယ်။ ဦးလေးအိမ်မှာနေတဲ့ တစ်ပတ်အတွင်းမှာ တနေ့တနေ့ ဘုရားရှစ်ခိုးလိုက် အဓိဋ္ဌာန် ပုတီးစိတ်လိုက်နဲ့ အချန်တွေကုန်တယ်။ ဘယ်ကိုမှလည်းသွားမလည်ချင်ဘူးလေ။ တစ်ယောက်တည်းလည်း သွားမလည်ရဲဘူး။ ဦးလေးကလိုက်ပို့မယ်ပြောတော့လည်း သွာလည်ဖို့စိတ်မပါတာနဲ့ ဘယ်မှမသွားခဲ့ဘူး။ ပြန်ဝင်လို့မရမှာကိုဘဲ စိုးရိမ်နေခဲ့တယ်။ ကိုယ့်လိုဘဲ stay လာရှောင်တဲ့သူငယ်ချင်းတစ်ယောက် စလုံးကို ပြန်ဝင်တာ ပေးမဝင်လို့ မလေးရှာကိုပြန်ရောက်လာတယ်။ ငိုသံပါကြီးနဲဖုန်ဆက်ပြီး သူဝင်လို့မရကြောင်းကို ပြောတယ်။ သူလည်း မလေးရှာကဘဲ ရန်ကုန်ကို ပြန်သွာရတယ်။ သူဝင်လို့မရဘူးဆိုတော့ ကိုယ့်အလှည့်ကျရင်ရော ပြန်ဝင်လို့ရမှ ရပါမလားဆိုပြီး ပိုပြီးရင်ပူရတာပေါ့လေ။မလေးရှာမှာနေတဲ့တစ်ပတ်က တရားစခန်း ဝင်နေတဲ့အတိုင်းဘဲ။ တနေ့တနေ့ဘုရာရှစ်ခိုးရင်းနဲ့ အချိန်တွေကုန်သွားတယ်။ တစ်ပတ်လောက်နေပြီး စလုံးကို ပြန်ဝင်ဖို့လုပ်တယ်။ ပြန်လာတဲ့လမ်းတလျှောက်မှာလည်းတစ်လမ်းလုံး ဘုရာစာတွေရွတ်လာလိုက်တာ ဂျိုဟိုးကိုရောက်လာတယ်။ ဝယ်လာတဲ့ကာလက်မှတ်က ဂျိုဟိုးမှာဂိတ်ဆုံးမယ်ဆိုတာကိုမသိဘူး။ ဂျိုဟိုးလည်းရောက်ရော ဂိတ်ဆုံးလို့လူတွေဆင်းကြတယ်။ ဒါကိုဘဲ ကိုယ်က မလေး Immigration ရောက်တာထင်ပြီး passport လေးကိုင်ပြီး Immigration ဝင်ဖို့လူတွေနောက်ကနေလိုက်လျှောက်သွာတယ်။ တော်တော်သွားပြီးရော စိတ်ထဲမှာ သံသယဖြစ်လာတာနဲ့ မေးကြည့်တော့ Immigration မဟုတ်ဘူးတဲ့။ ကားကဂိတ်ဆုံးသွာပြီတဲ့။ ဒါနဲ့ဘဲ ကားဆီကိုပြန်ပြေရတာပေါ့။ ကားသမားက ခရီးဆောင်အိပ်ကြီးကို ရှေ့မှာယူထာလိုက်နေပြီ။ ကားသမားကိုမေးတော့ သူတို့ကားက ဂိတ်ဆုံးသွားပြီး စင်္ကာပူကိုမသွားကြောင်း ပြောတယ်။ ကိုယ်လည်းဘာလုပ်ရမှန်မသိဘဲ သူကိုရစ်နေလိုက်တော့ သူလည်းမနေနိုင်တာနဲ့ စင်္ကာပူသွားမဲ့ ကာတစ်စီးပေါ်တင်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေး Immigration ကိုကျော်လို့ စင်္ကာပူ Immigration ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ လေယာဉ်လက်မှတ်ကြီကလည်း စလုံးအိမ်မှာကျန်ခဲ့တော့ booking လက်မှတ်လေးလုပ်ခိုင်းပြီးယူလာတယ်။ ပိုပြီးအဆင်ပြေအောင်ဆိုပြီး ကျောင်းတစ်ကျောင်းက form တွေကို download လုပ်ပြီးအဆင်သင့်ဖြည့်လာပြီး Immigration ရောက်တော့ ဘာလုပ်ဖို့ပြန်ဝင်မှာလည်းမေးတော့ ကျောင်းတက်မှာဆိုပြီး ကျောင်းရှောက်ဖို့ form တွေပြလိုက်တော့ ချောချောခြူခြူဘဲ တစ်လနေထိုင်ခွင့်တုံးထုပေးလိုက်တယ်။ စင်္ကာပူထဲလည်းရောက်ရော ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သလိုခံစားရတယ်။ ဘုရားကု ကုထားတာလည်းပါမယ်ထင်ပါတယ်။ စလုံးကနေမထွက်ခင်မှာ clementi ဘုန်းကြီးကျောင်းမှာ ပြန်ရောက်တာနဲ့ ဆွမ်းကပ်ဖို့ ဘုန်းဘုန်းကို စာရင်းပေးထားတယ်။ ပြန်လာကိုလာရမယ်ဆိုပြီးပေါ့။ ဒါကတော့ ပထမဆုံးမလေးရှာအတွေ့အကြုံမျာဖြစ်ပါတယ်။

ဒုတိယအကြိမ်ခရီးစဉ်

အလုပ်ရပြီးလို့မကြာဘူး မလေးရှားကိုထပ်သွာဖို့ အကြောင်းဖန်လာပြန်ပါတယ်။ clementi ကျောင်းမှဘုန်းဘုန်းက မလေးရှာကိုသွာစရာရှိလို့ ကိုယ်တွေအဖွဲ့တွေတစ်ဖွဲ့လုံးကို အလည်လိုက်ခဲ့ဖို့ ခေါ်တာကြောင့် အဖွဲ့လိုက်ကြီးဘဲ မလေးရှာကို ရထာကြီးစီလို့ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ ဒီတစ်ခေါက်ကတော့ အလုပ်ရပြီးတဲ့အတွက်ကြောင့် ဘာမှအပူအပင်မရှိဘဲ မလေးရှာခရီစဉ်က လှပလို့နေပါတော့တယ်။ သောကြာနေ့ရထားနဲ့ထွက်သွားပြီး စနေနေ့ရောက်တော့ ပထမဆုံး ပူချွန်းမှာရှိတဲ့ ဘုန်ကြီးကျောင်းကိုသွာတယ်။ အဲဒီနေ့မှာဘဲ Genting highland ကိုသွားလည်ခဲ့တယ်။တောင်ပေါ်ကို sky-bus စီးပြီးသွားရတာလည်း တော်တော်ပျော်ဖို့ကောင်းတယ်။ တောင်ပေါ်မှာအရမ်းအေးတာဘဲ။ နှင်းတွေက အရမ်းကျနေတော့ ဘယ်လိုမှမနေနိုင်တာနဲ့ အနွေးထည်တစ်ထည် ဝယ်ဝတ်လိုက်ရတယ်။ တောင်ပေါ်ကပြန်ဆင်းတော့ အဲဒီအနားမှာရှိတဲ့ ဘုရားကျောင်းတစ်ခုကိုဝင်ခဲ့တယ်။ ညနေဘက်မှာ ပူချွန်းနားမှာရှိတဲ့ shopping center နားမှာဘဲ ဈေးလျှောက်ဝယ်ကြတယ်။ နောက်နေ့မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ကြတယ်။ နေ့လည်ခင်မှာ KL tower နဲ့ Twin tower ကိုသွာလည်ခဲ့ကြတယ်။ ညနေဘက်ရောက်တော့ ကားနဲ စလုံးကိုပြန်လာခဲ့ကြတယ်။ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပြီး အမှတ်တရလည်းဖြစ်ပါတယ်။

တတိယအကြိမ်ခရီးစဉ်

ဒီအကြိမ်ခရီးစဉ်ကလည်း အရင်အကြိမ်များနဲ့မတူဘဲ အတွေ့အကြုံက နောက်တမျိုး ဆန်းသစ်လို့နေပါတယ်။ မြန်မာပြည်က ညီမလေး ဒီမှာအလုပ်လာရှာတာ အလုပ်ကရှာလို့မရဘူး။ စီးပွားရေးအခြေအနေက မကောင်းတာကလည်း ပါတယ်လေ။ ဒါနဲ့ ကျောင်းအပ်ပေးလိုက်တာ ကျောင်းကလည်း student pass ကို တစ်ပတ်အတွင်း ကျမယ်လို့ပြောတော့ ယုံစားမိတာပေါ့။ ဒါပေမဲ့နှစ်ပတ်နေလို့လည်းမကျတော့ ကျောင်းက ICA ကိုသွာတိုးကြည့်တဲ့ သူတို့စာထုတ်ပေးမယ်လို့ ပြောတော့စောင့်ကြည့်နေရတာပေါ့။ ICA ကိုသွာတိုးကြည့်တော့လည်း မရတော့ မလေးရှားကိုသွာဖို့ ဗီဇာလုပ်ရတယ်။ ရက်ကလည်း သိပ်မကျန်တော့တာကြောင့် ဗီဇာကိုအမြန်ကြေးပေးပြီးလုပ်တာ တစ်ရာ့ရှစ်ဆယ်တောင်ပေးရတယ်။ သူတို့ကလည်း ရမယ်လို့ပြောတော့ အေးအေးဆေးဆေးဘဲစောင့်နေမိတာပေါ့။ ဗီဇာရမဲ့နေ့မှာသွာယူတော့ ဗီဇာကမရပါဘူးဆိုပြီးပိုက်ဆံပြန်ပေးတယ်။ လူလည်းဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ဖို့ ကလည်း လေယာဉ်လက်မှတ်ကရဖို့မလွယ်ဘူး။ ဒါနဲ့သူတို့ကအကြံပေးတယ်။ Twas Immigration ဘက်ကဝင်ပြီး Immigration ရောက်မှ arrival visa လုပ်လို့ရတယ်တဲ့။ ပိုက်ဆံတော့အများကြီးပေးရတယ်တဲ့။ အဲ့ဒီညမှာဘဲ ကောင်လေးတစ်ယောက်ကလည်း မလေးရှားကိုသွာမှာဆိုတော့ သူနဲ့လိုက်သွားရင် အဖော်ရတယ်ဆိုပြီး ညတွင်ချင်းဘဲသွာဖို့လုပ်တယ်။ ဗီဇာမပါဘဲသွားရမှာကတော့ စွန့်စားမှုလို့ဘဲဆိုရမှာဘဲ။ ဝင်လို့မရခဲ့ရင်ဆိုတဲ့အတွေးကလည်း ရင်ကိုပူလောင်စေပါတယ်။ ဒါနဲလမ်းမှာ ဘုရာစာ ရွတ်သွာမယ်ဆိုပြီးလုပ်တော့ အမြဲတမ်းရွတ်နေတဲ့ မေတာသုတ်က ဘယ်လိုမှ အစဖော်လို့မရအောင် ဖြစ်သွာတော့ စိတ်ကိုတည်ငြိမ်တောင်ကြိုးစားပြီး ပြန်စဉ်စားရတာပေါ့။ ဒီလိုနဲ စလုံး Immigration ကိုဖြတ်လို့ မလေး Immigration ကိုရောက်တော့ officer တွေရဲ့အခန်းထဲကိုဝင်ပြီး arrival visa လုပ်ချင်ပါတယ်ဆိုပြီး ပြောတာပေါ့။ ညီမလေးကတော့ ဘာမှမပြောဘူး ကိုယ်ကဘဲနောက်ကနေ အားလုံးပြောပေးရတာပေါ့။ ဘာသွာလုပ်မှာလဲ sponser လုပ်မဲ့သူရှိလားဆိုပြီးမေးတာပေါ့။ ဆင်းမြန်မာ ကပေးလိုက်တဲ့ မလေးရှာ နိုင်ငံသာရဲ့ IC ရယ်၊ ကွာလာလန်ပူ-ရန်ကုန် လေယာဉ်လက်မှတ် booking ရယ်ပြလိုက်တော့ ပိုက်ဆံဘယ်လောက်ပါလည်းဆိုပြီးမေးပါတယ်။ ပါလာတဲ့ အမောင့်ကိုပြောလိုက်တော့ visa ဖိုး Malaysia Ringgit 331 ပေးရမယ်တဲ့။ ဘယ်တတ်နိုင်မလဲလေ no choice ဆိုတော့ ပေးရမှာပေါ့ visa လုပ်ပေးတာဘဲ ကျေးဇူးတင်ရဦးမယ်။ ဒါတောင်တုံးထုတဲ့နေရာက လေယာဉ်လက်မှတ် booking ကြီးမို့လို့ရစ်နေတုန်း တခြား officer တစ်ယောက်က special pass နဲ့ဝင်တာလို့လှမ်းပြောမှ ဘာမှမရစ်တော့ဘဲ မလေး Immigration ကို အောင်မြင်စွာဖြစ်နိုင်ခဲ့တော့တယ်။ စလုံးကနေစီးလာတဲကားက Immigration ဝင်နေတာကြာတဲ့အတွက် မစောင့်ဘဲထွက်သွာခဲ့တာကြောင့် ကွာလာလန်ပူ ကိုသွာမဲ့တစ်ခြား ကာတစ်စီးကို တားစီပြီ ကွာလာလန်ပူဆိုတဲ့မြို့တော်ကြီးကို မနက်လေးနာရီလောက် စောစောစီးစီး ရောက်ရှိသွားပါတယ်။ ရင်မေားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ မှတ်မှတ်ရရရှိနေဦးမှာပါ။

နောက်ထပ်ဘယ်လိုအတွေ့အကြုံတွေနဲ့ မလေးရှားကိုထပ်သွာရဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်. ......