30 October 2008

ပီတိရဲ့အရသာ

bonus တဲ့ … နာမည်လေးက စွဲဆောင်မှုရှိတယ်။ လူတိုင်းလည်း လိုချင်ကြတယ်။ Bank Account လေးထဲမှာ လစာရဲ့နှစ်ဆ ပိုနေတဲ့ ပမာဏလေးကို တွေလိုက်ရတော့ အတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။ ရမယ်လို့ သိထားခဲ့ပေမဲ့ တကယ်ရလာတော့ အတိုင်းထက်အလွန် ပါဘဲ။ အလုပ် လုပ်လာတာကြာပြီ တစ်ခါမှ မရဖူးဘဲကိုး။ ကိုယ့်ရလုပ်အားနဲ့ရထားတဲ့ အပိုဆုကြေးလေးကို တန်ဖိုးရှိအောင်သုံးမယ်လို့ စဉ်းစားထားတယ်။ တလောကဘဲ အမေက ငါးကျပ်သား လက်ကောက်လေးလိုချင်တယ်လို့တော့ အဆိုသာ။ ဒါနဲ့ ရွှေဈေးကို မေးကြည့်တော့ ငါးသိန်းကျော်တဲ့။ ရထားတဲ့ bonus လေးက မပြည့်တပြည့်မို့ လိုတာလေးကိုစိုက်ပြီး အမေ့ကို ကန်တော့လိုက်တယ်။ အဖေကတော့ နောက်တစ်ခေါက်ပေါ့။ တောင်းတတ်တဲ့ ကလေးက မုန်းစားရတယ်ဆိုလားဘဲ။
ဒီမှာနေရတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းကို ရှာဖို့၊ မိသားစုကို ထောက်ပံ့ပေးနိုင်ရမယ် ဆိုတာလေးနဲ့ ကြိုးစားပြီးနေရတာဘဲ။ မပျော်လည်းနေ ပျော်လည်းနေပေါ့။ တကယ်တမ်းကျတော့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်ကျင် အရာအားလုံးကို စွန့်ပြီးလာရတာ။ ထိုက်တန်တဲ့ အကျိုးအမြတ်တစ်ခုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒီမှာနေကြတဲ့လူတွေထဲမှာ တချို့က ဘဝကိုဘယ်လိုတိုးတက်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကိုကုန်လွန်ကြတယ်၊ တချို့က ပေါ့ပေါ့ပါးပါး ရေလိုက်ငါးလိုက် ရရစားစားဘဝနဲ့ အချိန်တွေ ကုန်သွားကြတယ်။ ကိုယ့်ရဲ့ရှေ့ဆက်ရှောက်မဲ့ဘဝကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မှာလည်းလို စဉ်းစားထားဖို့က အရေးကြီးတယ်လို့ထင်မိတယ်။ ကိုယ်တိုင်လည်း တခါတလေမှာ ရေလိုက်ငါးလိုက်နဲ့ အချိန်တွေကို အကျိုးမရှိသုံးမိလိုက်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ လွင့်ပါးနေတဲ့စိတ်တွေကို ထိန်းချုပ်ရင်း… ဘဝဆိုတဲ့ ခရီးကြမ်းကို ဖြတ်သန်းရင်း… ပျော်ရွှင်ရမဲ့ နေ့ရက်တချို့ကို စောင့်ဆိုင်းနေပါတယ် …

29 October 2008

What is Marketing?

You see a gorgeous girl at a party.
You go up to her and say, 'I am very rich. Marry me!'
That's Direct Marketing

You're at a party with a bunch of friends and see a gorgeous girl.
One of your friends goes up to her and pointing at you says, 'He's very
rich. Marry him.'
That's Advertising.

You see a gorgeous girl at a party.
You go up to her and get her telephone number.
The next day you call and say, 'Hi, I'm very rich. Marry me.'
That's Telemarketing.

You're at a party and see a gorgeous girl.
You get up and straighten your tie; you walk up to her and pour her a drink.
You open the door for her, pick up her bag after she drops it, offer her a
ride, and then say, 'By the way, I'm very rich 'Will you marry me?'
That's Public Relations.

You're at a party and see a gorgeous girl.
She walks up to you and says, 'You are very rich, I want to marry you.'
That's Brand Recognition.

You see a gorgeous girl at a party.
You go up to her and say, 'I'm rich. Marry me'
She gives you a nice hard slap on your face.
That's Customer Feedback.


Hey... you guys.. Do you know how strategies need to use?

28 October 2008

ကာရန်မဲ့သော

ပျော်ရွှင်ခဲ့တဲ့ ဟိုရင်ချိန်
ပြန်လည်သတိရ တမ်းတဆဲ …

မင်သာ ထာဝရ အနားရှိနေရင်
ပျော်ရွှင်မှုဖြင့်
ငါ့ဘဝတစ်ခု ပြည့်စုံသွားပြီ ….

စွမ်းအားတွေသာရှိမယ်ဆိုရင်
ဝင်ကြည့်ချင်တယ် မင်းရင်ဆီကို …..

27 October 2008

Get to the Root of the Problem

Were there times when you desperately needed to make a decision but found yourself running around in circles instead? It is likely that you failed to come to a conclusion because you were cornered by your own perspective.

Here is the sharing on some of the difficulties a decision maker encounters when it comes to making tough decisions.

Lack of Clear Objectives

  • Making a decision requires a clear objective.
  • Until you figure out what is your true objective, perhaps you might want to revisit your decision question.
  • Align your decision to your main objective.
Lack of Clear Constraints
  • The focus is usually on the boundary of the constraint and not what can be done within.
  • For example, when you hear words like “budget constraints”, you normally think that nothing much can be done about it.
  • A good decision maker embraces constraints and works within them to create the right outcome.
  • Of course, too many obstacles make it difficult to arrive at a solution.
  • So it is important to identify only the key constraints in the decision process.
Lack of Clear Perspective

  • The lack of fresh perspectives is one of the key hurdles that hampers decision-making.
  • It is more difficult for a person to look at the situation from another angle if he has a vested interest in a decision.
  • He may prefer one or two options over the other, regardless of merit.
  • His rationale is formed by his experiences, expertise or assumptions, which may not be appropriate for the situation at hand.
  • The inability to reframe his thoughts will lead him back to his problem.
  • A good decision maker must be able to shift his focus, look at his constraints and assumptions objectively and understand the limits of his thinking.

Difficulty with Emotions

  • Almost all decision-making models view emotions as a hindrance to good decisions.
  • However, your intuition has been honed by years of decision-making success.
  • Instead of ignoring the key element of our humanity, we should learn to use it to greater effect.

Difficulty in Selecting the right option
  • Experienced decision-makers face difficulties in selecting the right option because of the possibility of a bad outcome.
  • This fear paralyses the decision-maker as the outcome is being delayed waiting for the “right time” or “more information”.
  • Sometimes the longer you wait, the greater the chance that circumstances have shifted out of your favor and the higher the chance of a bad outcome.
  • If a decision has to be made, make it fast.

Choose the option that meets all your constraints, complements your decision objective and the amount of resources you have and holds the least or most manageable risk.


*** Extract from The Straits Times (RECRUIT), Tuesday, August 26, 2008

21 October 2008

MPA မှသူငယ်ချင်းများသို့

ဒီနေ့ MPA မှသူငယ်ချင်းတစ်ယောက် online ရောက်လာပြီး သူတို့ ဘွဲ့နှင်းသဘင်တက်ပြီးကြောင်း၊ Dinner မှာရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလာပြတယ်။ သူတို့တွေဘွဲွဲ့တွေယူကြပြီဆိုတော့မှ ကိုယ်လည်း အဲဒီဘွဲ့ကို စွန့်လွတ်ခဲ့တာကို နောင်တရတယ်။ ကျောင်းပြီးပြီးချင်း Thesis မလုပ်ဘဲ ဒီကိုထွက်လာခဲ့တော့ ဘွဲ့ရဖို့က မဖြစ်နိုင်တော့ဘူး။ ထွက်လာကာစကတော့ ဒီကနေ Thesis ရေးပြီး supervisor ကိုလှမ်းပို့မယ်။ လူတွေ့ဖြေမှဘဲ ပြန်ပြီးဖြေမယ်ပေါ့။ ဒါပေမဲ့လေ ဒီလည်းရောက်ရော အလုပ်ထဲမှာ ပြောင်းဆန်နေတာနဲ့ Thesis ရေးဖို့ မပြောနဲ့ အခြေကျအောင်ဘဲ မနည်းကြိုးစားရတာ။ ဒါနဲ့ဘဲ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ကိုယ်က အဲဒီဘွဲ့နဲ့ လုပ်မစားဘူးဆိုတာ သေချာတာကြောင့် ဘွဲ့မယူတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ IT ဆိုတဲ့လမ်းကြောင်းကြီးကိုလျှောက်နေတာကြာပြီဆိုတော့ လမ်းပြောင်ပြီးမလျှောက်ချင်ဘူး။ ဘွဲ့ရအောင်ထိ မလုပ်နိုင်ခဲ့ပေမဲ့ ၂-နှစ်ဆိုတဲ့ စာသင်နှစ်အတွင်းမှာ Public Administration အကြောင်းကို တော်တော်လေးသိခဲ့ရတယ်။ နိုင်ငံတော် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုအတွက် Management ပိုင်းရဲ့ လိုအပ်ချက်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး Administration ပိုင်တွေ၊ ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ရမယ်ဆိုတာတွေ၊ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဟာကွက်တွေ အများကြီးသိလာခဲ့ရတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း အတွေ့အကြုံးအများဆုံးရှိတဲ့ ဆရာ၊ဆရာမတွေချည်းဆိုတော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။ အတွေ့အကြုံးနည်းသေးတဲ့ ဆရာ၊ဆရာမတွေ တစ်ယောက်မှမပါဘူး။ အားလုံးလိုလိုက ပါမောက္ခ(သို့မဟုတ်) ဒေါက်တာ အဆင့်တွေဆိုတော့ ကောင်းတာလည်း မပြောနဲ့လေ။ တက်ရတာကလည်း ရန်ကုန် စီးပွားရေးတက္ကသိုလ်(ပင်မ) မှာဆိုတော့ တက္ကသိုလ်ဆိုတဲ့အရသာကို အပြည့်အဝခံစားရတယ်။ အတန်းချိန်မရှိရင် ကန်ဘောင်ကိုသွားပြီး မုန့်စားလိုက်၊ စိမ်းလန်းစိုပြေသွားလိုက်၊ သစ်ပုတ်ပင်ဖက် ဓာတ်ပုံသွားရိုက်လိုက်၊ စာကြည်တိုက်မှာ Internet လေးလုသုံးလိုက်နဲ့ တကယ့်ကို မမေ့နိုင်စရာ နေ့ရက်တွေပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တက်ရတာနဲ့ကတော့ ဆီနဲ့ရေလို ကွာပါတယ်။ ရွာသာကြီးမှာက ကျောင်းကလည်းဝေး၊ မြွေကလည်းပေါ၊ ရာသီဥတုကလည်းပူ၊ သစ်ပင်ရိပ်ကကျဲကျဲ။ ကျောင်းကားတွေက ခဏခဏမှောက်၊ ဟီး ဟီး … ကိုယ့်ကျောင်းကို အမွန်းတင်တာပါ။ နည်းနည်းများသွားဘီထင်တယ်။ MPA မှာတွေ့ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းလူကြီးဆန်ပြီး စိတ်ဓာတ်ရင့်ကျက်တဲ့သူတွေ ရှိသလို ကလေးအရမ်းဆန်တဲ့ လူကြီးတွေလည်း တွေရတယ်။ ဒါပေမဲ့ အားလုံးက Management ပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေကြည့်ပါဘဲ။ presentation တွေရှိရင်၊ စာမေးပွဲတွေရှိရင် အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အိမ်တလှည့် ကိုယ့်အိမ်တလှည့် စာတူတူလုပ်ကြတယ်။ စာမေးပွဲနီးမှ မိုးလင်းပေါက်နီးနီး စားကျက်ခဲ့ကြတဲ့ အချိန်တွေကို သတိရတယ်။ ရုန်ကန်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေကို အောက်မေ့သတိရမိတယ်။ အခုချန်ထိလည်း ဘဝပင်လည်ထဲမှာ ရုန်ကန်နေဆဲပါဘဲ။ ဒီစာလေးကိုရေးရင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကံဇော်နှင့်တကွ စာသင်ပေးခဲ့သော ဆရာ၊ဆရာမ ပါမောက္ခများ၊ ဆရာ၊ဆရာမများကို ရိုသေစွာ ကန့်တော့လိုက်ပါတယ်။
P.S-သူငယ်ချင်းပေးတဲ့ Link လေးပါ။ http://popularmyanmar.com/popw/?p=586

19 October 2008

စာပန်းအိမ်မှ အမှတ်တရ နေ့ရက်များ

ပြင်ဦးလွင်မှာ အပေါများဆုံးအရာတွေက အဆောင်တွေလို့လည်း ပြောလို့ရတယ်။( ပြီးတော့ စိမ်းစိမ်းနဲ့ အကောင်တွေလည်းပေါတယ်) နာမည်ကြီးတဲ့ အဆောင်တွေကတော့ အနည်းစုပေါ့။ စိုးစံ၊ စာပန်းအိမ် အဆောင်ဆိုရင် မသိတဲ့သူ ရှားပါတယ်။ ထိုနှစ်ခုရဲ့ ကွာခြားချက်ကို အနည်းငယ်ရှင်းပြပါမယ်။
စိုးစံ
အဆောင်ပိုင်ရှင်က ဗိုလ်မှူးမောင်လတ်။ သူကတော့ သူ့တပည့်တွေကို စစ်တပ်စည်းကမ်းလို အုပ်ချုပ်တယ်။ အရာရာကို စစ်စည်းကမ်းလိုဘဲ အတိအကျကြီးလုပ်တော့ တချို့ကလေးတွေမနေနိုင်ကြတော့ အဆောင်ကနေ ထွက်ပြေးကြတယ်။ စည်းကမ်းအရမ်းကြပ်တယ်လို့ နာမည်ကြီးတဲ့အဆောင်ပါ။ စည်းကမ်းကြီးသလို အောင်ချက်လည်းကောင်းတဲ့ အဆောင်တစ်ခုပါ။
စာပန်းအိမ်
အဆောင်ပိုင်ရှင်က ဒေါက်တာကျော်ဇော။ သူကတော့ ဆရာဝန်ဆိုတဲ့အတိုင်း သူ့တပည့်တွေကို ဂရုနာနဲ့ အုပ်ချုပ်တယ်။ ဒါကြောင့် ကလေးတွေအားလုံးက ဒေါက်တာကို အရမ်းချစ်ကြတယ်။ စည်းကမ်းက စိုးစံလောက်အရမ်းကြီးမကြပ်ဘဲ စည်းကမ်း ရှိတဲ့အဆောင်တစ်ခုပါ။ အစားအသောက်နဲ့ပတ်သက်ရင်တော့ စာပန်းအိမ်က ပိုကောင်းတယ်လို့ အားလုံးကပြောကြပါတယ်။ အောင်ချက်အနေနဲ့ကတော့ စိုးစံနဲ့ အပြိုင်အဆိုင်ပါဘဲ။ ဘာသာစုံဂုဏ်ထူး ဘယ်သူများလဲဆိုတာ ပြိုင်နေတဲ့ အဆောင်နှစ်ခုလို့လည်း ပြောလိုရပါတယ်။
ဆယ်တန်းတက်မဲ့နှစ်မှာ အဆောင်နေချင်တဲ့ ရောဂါကြောင့် စာပန်းအိမ်တက်မယ်လို့ ပူစာမှုနဲ့ စာပန်းအိမ်ဆိုတဲ့ အဆောင်ကိုရောက်ခဲ့ပါတယ်။ အမှတ်တရ တွေထဲက အမှတ်ရစရာနေ့ရက်တွေပါဘဲ။ အဆောင်မှာနေခိုက်အချိန်တွေတုန်းကတော့ ပျော်စရာတွေ၊ အမှတ်တရတွေ ဘာမှမရှိသလိုဘဲ။ အခုချိန်မှာ ပြန်တွေးကြည့်ရင် အရာအားလုံးက အမှတ်တရတေအပြည့်နဲ့ပါ။
ပထမဆုံးအဆောင်ကို စရောက်တဲ့နေ့
အဆောင်ဝင်ရမဲ့ပထမဆုံးနေမှာ အမေနဲ့ အဒေါ်တွေကလိုက်ပို့ မှုနဲ့ စာပန်းအိမ်(ဇီဇဝါဆောင်)ကို ရောက်ခဲ့ပါတယ်။ လိုက်ပို့ကြတဲ့ အမေတို့လည်းပြန်သွားရော ဝမ်းနည်းတာနဲ့ ငိုမိခဲ့တယ်။ အဲဒီအချိန်မှာ ရောက်နေပြီးကြတဲ့အဆောင်သူတချို့နဲ အဆောင်မှုးက ဝိုင်းမေးကြတယ်။ ဘယ်မြို့ကလာတာလဲတဲ့။ အဝေကြီးကလာတက်လို့လားတဲ့။ “ဒီမြိုကဘဲ လာတတ်တာလို့” ပြောလိုက်တဲ့အချိန်မှာတော့ အားလုံးက ကောင်ချီးပေးကြတယ်။ အားလုံးက အဝေကြီးက လာကြတာ သမီးကအနီးဆုံးလူဘဲလို့ အဆောင်မှုကတော့ အားပေးပါတယ်။
အဆောင်ရဲ့ စာသင်ချိန်တွေက တဆိတ်များလွန်းတယ်လို့ပြောရမလားဘဲ။ မနက်(ရ)နာရီ ကနေ ညနေ (၆)နာရီအထိကို စာသင်ချန်ကဆက်တိုက် နေ့လည်ထမင်းစားချန် (၁)နာရီဘဲ နားတယ်။ ထမင်းစားချန်တစ်နာရီအတွင်းမှာ ရေချိုးချင်ရင် ရေချိုးကြတော့ တချို့က ရေးချိုးရင် ထမင်းမစားရဘူး၊ ထမင်းစားရင်ရေမချိုးရဘူး။ တစ်နာရီအတွင်းမှာ စာသင်တဲ့အဆောင်ကို လမ်လျှောက်သွားရတဲ့အသွား၊အပြန်အချိန် ဆယ်မိနစ်လည်း ပါသေးတယ်။ အဲဒီတော့ အချိန်ကသိပ်မရဘူး။ အိဝေဖြိုးတို့ကတော့ ဘယ်ရမလဲ နှစ်ခုလုံးကို တစ်နာရီအတွင်းအပြီးလုပ်တယ်။ အဆောင်မှရခဲ့တဲ့အကျင့်ကြောင့် အဲ့ဒီနှစ်ခုက အရမ်းမြန်တယ်။ အဆောင်ကြောင့် ကော်ဖီကြိုက်တတ်တဲ့ အကျင့်လည်းရခဲ့တယ်။ မသောက်လို့လည်းမရဘူးလေ။ စာသင်နေတုန်း အတန်းထဲမှာ အိမ်ငိုက်လို့ အခန်းမှာဘေးကစောင့်နေတဲ့ ဆရာမလေးတွေက report တင်လိုက်ရင် ကြိမ်လုံးစာ မိပြီသာမှတ်။ တခါတလေ အိပ်ငိုက်ရင် သို့မဟုတ် ကော်ဖီဖျော်သောက်ဖို့အချိန်မရရင် ကော်ဖီမစ်ထုတ်ကို ဒီအတိုင်းမော့ပြီးစားလိုက်တယ်။ အနည်းဆုံး အိပ်ငိုက်တော့ပြေသွားတာဘဲ။
အဆောင်မှာ နေ့စဉ်တစ်နေ့လုံးစာတွေသင်တယ်။ စာသင်ချိန်များတာလည်းမပြောနဲ့ တစ်ဘာသာကို အနည်းဆုံးနှစ်ယောက်သင်ပြီး အချိန်တွေကလည်းနေ့တိုင်းလိုလိုပါတယ်။ တနေကုန်သင်တဲ့စာတွေကို ညဘက် ထမင်းစာချိန်ပြီးတာနဲ့ study time မှာအကုန်ပြန်ကျက်ရတယ်။ မကျက်ချင်လို့လည်းမရဘူး နောက်နေ့မှာ Tutorial ဖြေလို့ မအောင်ရင် တစ်ဘာသာကို ကြိမ်ဒဏ်တစ်ချက်။ ညနေဘက် ဒေါက်တာကျော်ဇော(သူက Bio သင်တယ်။ သူ့ကို တပည့်တွေကချစ်စနိုးနဲ့ ဒေါက်ကျော်လို့သူ့ နောက်ကွယ်မှာခေါ်ကြတယ်) အချိန်ပြီးလို့ ကလေးတွေဇတ်လမ်းစမယ်ဆိုရင် ရင်ခုန်ရပြီသာမှတ်။ Tutorial ကျတဲ့သူတွေကို နာမည်ခေါ်ပြီး stage ပေါ်တက်ခိုင်ပြီး ထမိန်ကို ဒူးအထက်လှန်ခိုင်တယ်။ ပြီးတော့ ကြိမ်နဲ့ အားကုန်လွှဲပြီးရိုက်တော့တာဘဲ။ ရိုက်ပြီးတာနဲ့ အရှိုးရာကြီးက မည်းနေတာ။ ဒဏ်ကျေလိမ်းဆေး မလိမ်းဘဲထားလိုက်ရင် တသက်လုံးအတွက် အမှတ်တရ အရာလေးတွေထင်သွားမယ်။ တစ်နေ့မှာ သုံးဘာသာကျလို့ကတော့ သေပြီဆရာဘဲ။ နောက်ပိုင်း ဒေါက်တာလည်းမရိုက်နိုင်လို့ထင်တယ်။ တစ်ဘာသာကျရင် ထိုင်ထတစ်ရာ လုပ်ခိုင်းတယ်။ သုံးလေးဘာသာကျလို့ကတော့ အဆောင်လှေခါးကို လေးဘက်ထောက်တက်ရပြီသာမှတ်။ ချေထောက်တွေက ကွနေပြီး ရိုးရိုးမတက်နိုင်တော့လို့။
အဆောင်မှာနေရတဲ့ တွေ့အကြုံကလည်း စုံနေတာဘဲ။ အခန်ထဲမှာ သူမျာပစ္စည်း ယူတတ်တဲ့ တစ်ယောက်ပါတယ်။ သူ့ရဲ့ပြစ်မှတ်တွေကို အများဆုံးခံရတာ ကိုယ်ဘဲ။ အမြဲတမ်း ဟိုဟာပျောက်လိုက် ဒါပျောက်လိုက်နဲ့။ ဘယ်သူ့လက်ချက်လဲဆိုတာက ဗေဒင်မေးဖို့မလိုဘူးလေ။ ဟီးဟီး သူဆီကနေပြန်ခိုးဖူးတဲ့ ပစ္စည်းလေးတော့ရှိတယ်။ EVA လေ။ ကိုယ်မှာလည်းမရှိ ပြန်ဝယ်ဖို့ကလည်း အလွယ်တကူမရနိုင်တော့ သူမရှိတုန်းသူဆီကနေ ပြန်ခိုးလိုက်တယ်။ အားလုံးတော့ပြန်မယူပါဘူး။ တချို့တဝက်ကို သူသုံးဖို့ထားပေးခဲ့လိုက်တယ်။ :P
တစ်နှစ်လုံးမှာကျောင်တက်ရတဲ့နေ့ဆိုတာခပ်ရှားရှားရယ်။ ကျောင်ဆိုတာကဟန်ပြဘဲတက်ရတာကိုး။ ကျောင်တက်ရတဲ့နေ့ဆိုသိပ်ပျော်တာ။ တစ်နေကုန် ကျောင်းမှာ အိပ်လိုက်၊ မုန့်စားလိုက်နဲ့ စာမသင်ရဘူး။ ကျောင်းကပြန်လာပြီဆိုရင်တော့ အဆောင်မှာစာသင်ချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
အဆောင်မှာနေတဲ့ အကျိုးကျေးဇူးအနေနဲ့ လူတိုင်သိပ်ပြီးမရတဲ့ ဂုဏ်ထူးကိုရတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တစ်နှစ်ပတ်လုံးကြိုစားခဲ့ရတဲ့အတွက် ရခဲ့တဲ့အသီးအပွင့်တွေပါ။ အဆောင်မှာခင်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံးကို သတိရမိတယ်။ အဆောင်ပြန်လာ ပြီးကတည်းက သူတို့လည်းသူတို့မြို့တွေကို ပြန်သွားတော့ တော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ တချို့လည်း အိမ်ထောင်တွေကျနေပြီလေ။
သတိရပါတယ်သူငယ်ချင်းတို့ရေ….သူငယ်ချင်းတွေထဲက ဒီ post လေးဖတ်မိပြီး ဆက်သွယ်လာခဲ့ရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ…..

12 October 2008

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။

သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။
ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
*** အဘိဓမ္မာ အခါတော်နေ့ လက်ဆောင်လေးပို့ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။





09 October 2008

နှုတ်ဆက်ချိန်

ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက် ကိုယ့်ကိုခွဲသွားတဲ့အခါမှာ ရင်ထဲမှာ အတိုင်ဆမရှိ ၀မ်းနည်းမိပါတယ်... တစ်နှစ်ဆိုတဲ့ သံယောဇဉ်ကြိုးက တော်တော်လေးခိုင်မြဲနေပြီလေ..

ရုံမှာ အလုပ်တူတူတွဲလုပ်တဲ့ Singaporian လုပ်ဖော်ကိုင်တစ်ယောက်ရှိတယ်။ သူရဲ့စိတ်ဓာတ်လေးကလည်း တော်တော်ကောင်တာ။ Project တစ်ခုမှာ အတူတူလုပ်ရင်း သူနဲ့ ရင်နှီးမှုက ညီအမလိုဖြစ်လာတယ်။ ကိုယ်ရဲ့ အာနည်းချက်၊အားသာချက်တွေကိုလည်း အမြဲထောက်ပြတယ်လေ။ တခါတလေ ရုံဆင်ချိန်မှာ ညစာသွာစားကြ၊ Gym အတူတူသွားကစားကြနဲ့ တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုဘဲ။ ပျော်ပျော်နေတတ်တဲ့ သူ့အကျင်းလေးကလည်း ကိုယ်စရိုက်နဲ့ကိုက်ညီနေတော့ သူနဲ့ပေါင်းဖြစ်တာ အဆန်းတော့မဟုတ်ပါဘူ။ သူကိုမြန်မာစကား တစ်လုံးစနှစ်လုံးစ သင်ပေးထားတော့ မပီကလားလေသံနဲ့ ပြောတာ ရယ်ချင်စရာတော့အကောင်းသား။ သူငယ်ချင်တစ်ယောက်ကို သူမြန်မာလိုခေါ်တဲ့ နာမည်က "အချစ်"တဲ့။ ဒါပေမဲ့ သူခေါ်တာကမပီတော့ "အချီး" "အချီး" နဲ့ ဖြစ်နေတော့ တော်တော်ရယ်စရာကောင်းတယ်။
သူအလုပ်ကထွက်တော့မယ်လို့ပြောခါစကတော့ သိပ်ပြီး မတုန်လှုပ်မိသေးဘူး။ တကယ်တမ်း နောက်ဆုံနေ့ရောက်လာပြီဆိုတော့ တော်တော်လေးဝမ်းနည်းမိတယ်။ သူအားလုံးကို email ပို့ပြီးနှုတ်ဆက်တော့ သူကို email ပြန်ပို့ရင်း အရမ်းငိုချင်လာတယ်။ သူရုံးကနေထွက်သွားတဲ့အချိန် lift နားကိုလိုက်အပို့မှာတော့ ဟန်မဆောင်နိုင်လောက်အောင် မျက်ရည်တွေဝဲလာလို့ toilet ထဲ့သွားပြီး မျက်ရည်တွေကိုသုတ်လိုက်ရတယ်။ Project Manager တော့လာပြီးအားပေးတယ်။ ဖြိုးအဆင်ပြေလားတဲ့။ Christine ထွက်သွားပြီဆိုပေမဲ့ သူတို့တွေလည်း ရှိသေးတယ်တဲ့။ အတူတူဆက်ပြီး လုပ်သွားကြမယ်တဲ့။

တွေ့ကြုံဆုံကွဲဘ၀ကြီးမှာ အရာရာကိုရင်ဆိုင်တတ်အောင် ကြိုးစားရမှာပေါ့လေ။ လူ့ဘ၀ဆိုတာ သံသရာရထားတစ်စင်းပါဘဲ။ လူကောင်တွေနဲ့တွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်စရာကောင်းလို မကောင်တဲ့သူတွေနဲ့ တွေလာရင်လည်း စိတ်ပျက်လောက်အောင် ခံစားရပါတယ်။ ကိုယ်တိုင်ကလည်း လူထဲက လူတစ်ယောက်မို့ ခံစားမှုရသတွေ ပေါင်းစုံနဲ့ ရပ်တည်နေဆဲ.......

06 October 2008

Busy as a Bee?

In today’s fast-moving business environment, how many times have you heard: “Sorry, I’m too busy!” It is a sad fact but how busy are we really? Indeed, many people put in long hours. They are certainly dedicated but how efficient are they? More often than not, people do not prioritise their activities and get overloaded with mundane details.

Here are some quick tips that will help prioritise work and which will lead to more efficiency, less stress and more accountability. In order to focus on the essential, organize your activities in four simple categories.

Urgent and important
Action is necessary because activities in this category will prove to be essential not only for the good of the business in general but will help keep deadlines.

It also improves the knock-on effect experienced by colleagues and subordinates who have a role to play in the bigger picture.

The actions under this heading are usually characterized by important deadlines and if the latter are not met, unfortunate consequences will be the result.

One example is providing an input which is vital for a major decision to be taken. This is especially true for projects where inter-dependency of team members is essential.

Not Urgent but Important

These activities are more strategic in nature, requiring more thought and possibly the involvement of subject experts.

Due process will have to take place to gain the commitment of key stakeholders.
Quality time needs to be devoted to these activities as ultimately, they will migrate to the first category.
An example is the re-engineering of a product portfolio to ensure market share growth and meeting the expectations of ever more demanding clients.

Urgent but not important

You may wish to consider delegating these activities to a competent administrator.
Make sure you choose someone who has demonstrated a punctilious attention to detail.
You will be delegating to peoples’ strengths and the probability of expediting these activities with precision will be increased.

An example of this is responding to an overdue query on a minor issue.

Not urgent and not important

These activities should be scrutinized because they will constitute the bulk of unnecessary interference that will lead to a waste of time and will make people “just busy”.

An example is shifting through all the emails that are copied “for information only”, that results in so many emails copied to so many people that create confusion as to who has to do what.

Streamlining communications so that only those who are accountable get a copy should be the rule.

In order to increase productivity, it is well worthwhile asking yourself in which category does your activity fall. Simply prioritizing activities will cut through the chaff and help you focus on what you really have to do, rather than keeping yourself busy with unnecessary clutter.

Over a period of time, things will look simpler, more focus will emerge, details will not be overlooked and teamwork will be of the essence. These will lead to increased productivity, less frustration and stress and a higher sense of achievement and pride.

*** Extract from The Straits Times (RECRUIT), Thursday, September 04, 2008

01 October 2008

Share your Feeling ဖြစ်လာရခြင်းအကြောင်း

တစ်နေ့က အစ်ကိုတစ်ယောက်က ဖုန်းဆက်ပြီးမေးလာတယ်။ ဟဲ နင့်ဟာက Share my Feeling မဟုတ်ဘူးလားတဲ့။ ကိုယ့်ရဲ့ခံစားမှုတွေကို သူများကိုShareတာမဟုတ်ဘူးလားတဲ့။ ဒါနဲ့ဘဲ မဟုတ်ဘူးဆိုတဲ့အကြောင်းပြန်ရှင်ပြလိုက်တယ်။ နောက်ထပ်သူငယ်ချင်းတစ်ယောက်ကလည်း ထပ်မေးလာတော့ ဖြေရှင်းချက်ကလေးပေးဦးမှဆိုပြီး ဒီ blog လေးရေးဖြစ်ပါတယ်။
blog တွေကို စပြီးဖတ်တာက ၂၀၀၅ ခုနှစ်လောက် MCC(Myanma Computer Company)မှာအလုပ်ဝင်နေကတည်းကဘဲ။ အဲဒီအချိန်တုန်းက Friendster တွေကလည်း ခေတ်စားနေတယ်လေ။ မထင်မှတ်ဘဲ Blogger နှစ်ယောက်ကို တွေ့ခဲ့တယ်။ တစ်ယောက်က ညီလင်းဆက် နောက်တစ်ယောက်က ကိုရဲဝင့်ငြိမ်း။ ညီလင်ဆက်နဲ့ အရမ်းမခင်ဖြစ်ပေမဲ့ ကိုရဲနဲ့က တော်တော်လေးခင်မင်ကြပါတယ်။ ဒါနဲ့ဘဲ သူတို့နှစ်ယောက်ရဲ့ blog တွေကို စပြီးဖတ်ဖြစ်နေတာပေါ့။ ကိုရဲ့နှင့်ကံဆုံပုံများ စင်္ကာပူကိုရောက်တော့ အလုပ်စလျှောက် လျှောက်လိုက်တဲ့အလုပ်မှာ ချက်ချင်းရတယ်။ ကိုရဲလုပ်နေတဲ့ company ဖြစ်နေမှန်းနောက်မှသိရတယ်။ ဒါပေမဲ့ အဲဒီလမှာဘဲ သူမြန်မာပြည်ကို မိန်းမပြန်ယူပြီး အလုပ်လည်းပြောင်းသွားပါတော့တယ်။ မိန်မလည်းယူပြီးရော သူလည်းblog တွေအရေးကျဲသွားပါတယ်။ ဖတ်ချင်ပါသေးတယ် ကိုရဲ၏အရေးအသားတွေကို။ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဝေဖြိုးထွတ်ရဲ့ blog ကိုလည်း အမြဲလိုလိုဖတ်ဖြစ်တယ်။ မြန်မာပြည်ရဲ့ connection အနေအထားကြောင့် သူလည်း blog အရေးကျဲသွားပြန်ပါတယ်။ စလုံကBloggerတွေကတော့ လက်စွမ်းပြတယ်ဗျို့။ စိတ်ရှိတိုင်း တစ်ပိုစ့်ပြီး တစ်ပို့တင်နိုင်ကြတယ်။ connection ကိုစိတ်ပူစရာမလိုဘူးလေ။
ဒီလိုနဲ့ တစ်နေ့အလုပ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းပျပျသတိရမိတယ်။ အလုပ်ကလည်း နည်းနည်းပါးနေတော့ သတိရချိန်ရှိတာပေါ့လေ။ ဒါနဲဘဲ blog တစ်ခု create လုပ်လိုက်တယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလလောက်ကပေါ့။ ကိုယ့်ရဲ့ခံစားချက်တွေကို blog မှာရေးလိုက်တယ်။ ကိုယ်ရေးထားတဲ့ ခံစားချက်တွေကိုလည်း သူသိလာပြီး သူ့ရဲ့ Feeling တွေကို်လည်း ပြန်ပြီး Share စေချင်တယ်လေ။ ဒီလိုအကြောင်းနဲ့ဘဲ Share your Feeling ဆိုတာဖြစ်လာပါတော့တယ်။ နောက်တော့လည်း ကိုယ့် Feeling တွေလည်း မ Share ဖြစ်၊ သူ့ Feeling တွေလည်းကိုယ်မသိတော့ဘဲ blog နဲ့ဝေသွားပါတော့တယ်။
ဒီလိုနဲ့ ၂၀၀၈ခုနှစ် သြဂုတ်လ ၁၁ရက်နေ့က ညီလင်းဆက်ဆီမှ MBS မှာ Member ဝင်ဖို့ Invitation လေးရလာတာနဲ့ MBS မှာ Member ဝင်ရင်း blog သွေးများပြန်ကြွလာပါတယ်။ စက်တင်ဘာ ၆ရက်နေ့ စင်္ကာပူမှာ Blogger မျာ၏တွေ့ဆုံပွဲးအပြီးမှာတော့ blog ရေးချင်တဲ့စိတ်က အထွတ်အထိပ်ကို ရောက်လာပါတော့တယ်။ ဒီလိုနဲ့ဘဲ Share your Feeling လေးပြန်အသက်ဝင်လာပြီလေ။ စိတ်ထဲမှာရှိနေတဲ့အရာတွေကို သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးပြောတဲ့အကျင့်ကနေ blog လေးပေါ်မှာ Share တတ်တဲ့ အကျင့်လေးပြန်လုပ်ယူနေပါတယ်။ တခြားသူရဲ့အမြင်တွေကိုလည်း Share ခဲ့ရင်တော့ ပျော်ရွှင်မိမှာပါ......