04 March 2011

ကိုယ်ရည်ကိုယ်သွေး တောက်ပဖို့

စာမရေးဖြစ်တာလဲကြာပြီ... တစ်နေ့တစ်နေ့ ဘာတွေမှန်းမသိတာတွေနဲ့အလုပ်ရှုပ်ရင်း အချိန်တွေက ကုန်လွန်သွားတယ်။ စာမရေးတော့ဘူးလားလို့ တဖွဖွမေးနေတဲ့ ချစ်သူငယ်ချင်းလေးအတွက် ဒီပို့လေးကိုရေးလိုက်ပါတယ်။

လူမှာအဝတ် တောင်းမှာအကွပ် ဆိုတဲ့အတိုင်း လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သူ့ရဲ့အပြုအမူဟန်ပန်ကို ဖော်ပြလေ့ရှိပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ဟန်ပန်အမူအယာကို ဘယ်လိုပုံစံမျိုးဖြစ်ချင်တယ်ဆိုတဲ့ ကိုယ့်ရဲ့စိတ်သဘောထားပေါ်မှာ မူတည်ပါလိမ့်မယ်။ ဝတ်စားဆင်ယင်မှုအနေနေ့ပြောရရင် ကိုယ်သွားမဲ့နေရာ အခန်းအနားပေါ်မူတည်ပြီး လိုက်ဖတ်အောင် ဝတ်ဆင်တတ်ဖို့ဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ စီးပွားရေးလုပ်ငန်းရှင်ပုံစံ၊ အတတ်ပညာရှင်ပုံစံ၊ ထသွားထလာအတွက် ပေါ့ပေါ့ပါးပါးပုံစံ စသဖြင့် ပုံစံအမျိုးမျိုးကို ဝတ်ဆင်တဲ့အခါ စမတ်ကျနေဖို့လိုအပ်ပါတယ်။ ကိုယ်ဝတ်တဲ့အဝတ်ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ အံကိုက်ဖြစ်နေဖို့က အရေးကြီတဲ့အချက်တစ်ချက်ပါ။ ကိုယ်ဝတ်နေကြဆိုဒ်ထက် နှစ်စလောက်သေးတဲ့(သို့)နှစ်စလောက်ကြီးတဲ့ အဝတ်တစ်ခုကိုဝတ်ဆင်ထားတဲ့ပုံစံကို စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်တာနဲ့ ဘယ်လောက်ကို့ရို့ကားယားနိုင်မလဲဆိုတာ သိနိုင်ပါတယ်။ သေသေသပ်သပ်ဝတ်ဆင်ခြင်းဟာလည်း ကိုယ့်ရဲ့အသွင်အပြင် စိတ်နေသဘောထားကို ဖော်ပြရာမှာ တစိတ်တဒေသပါဝင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုနဲ့အတူ သက်တောင့်သက်သာ ဖြစ်ဖို့ကလည်း နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ဖြစ်တယ်။

အရောင်များရွေးချယ်တတ်ခြင်းဟာလည်း ကိုယ့်ရဲ့ဟန်ပန်အမူအယာကို ပိုပြီးအသက်ဝင်အောင် ဖန်တီးနိုင်ပါတယ်။
အနက်
ပုံစံတကျနဲ့ ခန်းနားမှုရှိတယ်၊ ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိတယ်အရောင်လို့ပြောချင်တယ်။
နေဗီအပြာ
ကြည့်ကောင်းတဲ့ပုံစံမျိုးကိုရစေတယ်။ ရိုးရှင်းမှုနဲ့အတူ သဘာဝကျကျလှပစေနိုင်တယ်။
အဖြူ
အရောင်တွေအားလုံးထဲမှ အကောင်းဆုံးအရောင်လို့ပြောရမလားမသိဘူး။ တခြားဘယ်အရောင်နဲ့မဆို လိုက်ဖတ်မှုရှိတယ်။ ကြည်လင်ရှင်းသန့််မှုနဲ့အတူ ဖြူစင်အေးမြမှုသဘောဆောင်တယ်။
မီးခိုး
တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေရှိစေတယ်။
တောက်ပသောအရောင်
လိမ္မော်ရောင်တောက်တောက် အစိမ်းရောင်တောက်တောက် စသဖြင့်အရောင်တောက်များဟာ နေရာတိုင်းအတွက် မသင့်လျှော်တာကြောင့် အမြဲဝတ်ဖို့ကောင်းတဲ့အရောင်မျိုး မဟုတ်ပါဘူး။
အရောင်ရင့်ရင့်
နက်ပြာ၊ မီးခိုးရင့်ရင်၊ မဟော်ဂနီ၊ အစိမ်းရင့်ရင်၊ ခရမ်းရင့်ရင့် စသဖြင့်အရောင်ရင့်များဟာ ပိန်သွားတယ်လို့ထင်ရအောင် မျက်လှည့်ပြနိုင်တဲ့ အရောင်မျိုးတွေဖြစ်ပါတယ်။
အရောင်ဖျော့
အဝါနုနု၊ အစိမ်းဖျော့ဖျော့၊ အပြာရောင်လွင်လွင် စသဖြင့်အရောင်ဖျော့များကတော့ လူကိုပိုပြီး ကြီးသယောင်ယောင်ရှိစေတာကြောင့် သတိထားပြီးဝတ်ဖို့ လိုလိမ့်မယ်။

အရောင်တွေကို တွဲဖတ်ဝတ်ဆင်တဲ့အခါ လိုက်ဖတ်မှုရှိမရှိကို အရင်သတိပြုရပါမယ်။ အနက်ရောင်လေး ထည့်ပြီဝတ်ဆင်ခြင်းဖြင့် သံမာဖျတ်လတ်တဲ့ပုံစံလေးဖြစ်စေတယ်။ အဖြူရောင်လေးနဲ့တွဲဖတ် ဝတ်ဆင်လိုက်ရင်လည်း နုညံ့ညင်သာမှုပုံစံလေးပေါက်နေမှာပါ။ အညိုရောင်တွေတွဲဖတ်ဝတ်ဆင်ခြင်းဖြင့် နွေးထွေးမှုနဲ့အတူ ဖော်ရွေမှုပုံစံလေးဖြစ်နေပါလိမ့်မယ်။ အရောင်ရင့်ရင့်နဲ့ အရောင်နုနုကိုအတူတကွ တွဲဖတ်ဝတ်ဆင်လိုက်မယ်ဆိုရင် အချိုးကျကျနဲ့ လှပနိုင်မှာပါ။ သတိထားရမဲ့အချက်ကတော့ အရောင်သုံးရောင်ထက်မပိုဘဲ ဝတ်ဆင်သင့်တယ်။

ဆံပင်ပုံစံကလည်း လူတစ်ယောက်ကိုဘဲ ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်သွားအောင် ပြောင်းလဲပေးနိုင်တယ်။ အရမ်းတိုလွန်း(သို့)အရမ်းရှည်လွန်းရင်လည်း မကောင်းပြန်ဘူး။ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဆံပင်ပုံစံကို ရွေးချယ်တတ်မှသာ ပိုကြည့်ကောင်းပြီး ရှိရင်စွဲအသက်ထက် ငယ်ရွယ်တဲ့ပုံစံမျိုးရမှာပါ။ ဆံပင်အရောင်ဆိုးရင် ကျွမ်းကျင်တဲ့ ဆံပင်ပညာရှင်တွေရဲ့ အကြံကိုယူပြီး ဆိုးတာပိုကောင်းတယ်။ အရမ်းတောက်ပလွန်းတဲ့အရောင်တွေ(ဥပမာ အစိမ်း၊အဝါ၊အဖြူ) ကိုလည်းရှောင်သင့်တယ်။ ကိုယ့်ရဲ့ဆံပင်ကြောင့် ကိုယ့်ကိုအရိုအသေတန်တဲ့ပုံစံမျိုး မဖြစ်သင့်ဘူးလေ။ ဆံပင်အရောင်ကို အမြဲအပြောင်းအလဲလေး လုပ်သင်တယ်။ အပြောင်းအလဲ အသစ်အဆန်းပုံစံကြောင့် စိတ်ဓာတ်တက်ကြွမှုပါ ရနိုင်သေးတယ်။ ဆံပင်ပုံစံပြောင်းလိုက်တာနဲ့ ကိုယ့်ရဲ့မိတ်ကပ်လိမ်းတဲ့ပုံစံ၊ ဝတ်စားဆင်ယင်မှုကိုပါ လိုက်ဖတ်အောင် ပြောင်းလဲဖို့လိုပါလိမ့်မယ်။

မျက်နှာကိုဘာမှမလိမ်းဘဲ ရုံးတက်ဖို့စိတ်မကူးပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့နဲ့ သူများတွေ ကိုယ့်ကို လေးစားမှုရှိဖို့အတွက် အနည်းငယ်တော့ ပြင်ဆင်ချယ်သဖို့လိုလိမ့်မယ်။ မျက်ခုံးမွေးကို သေသေသပ်သပ်ဆွဲထားခြင်းဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးငယ်ရွယ်သွားသလို သစ်လွင်လန်းဆန်းနေမှာပါ။ မျက်တောင်ကော့ဆေးသုံးခြင်းဖြင့် မူရင်မျက်တောင်မွေးထက် ပိုရှည်ထွက်လာအောင် ပြုလုပ်နိုင်ပါတယ်။ မျက်လုံးအရောင်ချယ်တဲ့အခါမှာ ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်မှုရှိမှသာ ပိုကြည့်ကောင်းတဲ့ မျက်နှာလေးဖြစ်လာမှာလေ။ မိတ်ကလိမ်းချယ်နည်းကလည်း အနုပညာတစ်မျိုးမို့ ကိုယ့်ချယ်တတ်ရင် ချယ်တတ်သလို လှပလာမှာပါ။ သွားမဲ့နေရာဒေသကိုကြည့်ပြီး ချယ်သဖို့ကလည်း အရေးကြီးပါတယ်။ မနက်ခင်းရုံးသွားမှာကို Smokey eyes လိုချယ်သွားရင်တော့ ရုံးရောက်တာနဲ့ ဘာတွေဖြစ်လာလဲလို့ မေးခံရနိုင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အရမ်းထူပြစ်ပြစ်ကြီးမလိမ်းမိအောင် သတိထားရမယ်။ နှုတ်ခမ်းနီဆိုတဲ့အခါ ကိုယ့်နှုတ်ခမ်းသားနဲ့ လိုက်ဖတ်တဲ့အရောင်ကို ဆိုးရမယ်။ ကိုယ့်နှုတ်ခမ်းသားက ခပ်ညိုညိုဆိုရင် အရောင်ဖျော့ဖျော့လေးတွေ ဆိုးတဲ့အခါ သိပ်ပြီးလှပနိုင်မှာဟုတ်ဘူး။ နှုတ်ခမ်းနီအရည်ကတော့ သင့်ကိုအဲ့သြလောက်အောင် လှသွားစေလိမ့်မယ်။ နှုတ်ခမ်းနီအရည် ဆိုးတဲ့အခါ နှုတ်ခမ်း အလည်တည့်တည့်မှာသာဆိုပြီး ဘေးဘက်တွေကို ဆိုးဖို့မလိုအပ်ပါဘူး။ ဒါမှသာ နှုတ်ခမ်းဖူးဖူးလေးနဲ့ လှပနေမှာပါ။

အားလုံးပြင်ဆင်လို့အပြီးမှာ ဖိနပ်ကိုလည်း လိုက်ဖက်အောင်ရွေးချယ်ရပါမယ်။ ညစ်ပတ်ပေရေ နေတဲ့ဖိနပ်ကိုစီးပြီး ဘယ်တော့မှ အပြင်မထွက်ပါနဲ့။ ညှပ်ဖိနပ်အပါးများဟာ အိမ်နေရင်းစီးဖို့၊ ကမ်းခြေသွားတဲ့အခါမှ စီးဖို့လောက်သာ သင့်တော်ပါတယ်။ ရှုးဖိနပ်တွေ စီးတာကြာပြီနောက် အနည်းငယ်စုတ်နေပြီဆိုရင် ဘယ်လောက်ပဲ သက်တောင့်သက်သာရှိပါစေ ဆက်ပြီးစီးဖို့ မသင့်တော်ပါဘူး။ အရမ်းမြင့်လွန်းတဲ့ ဖိနပ်တွေဟာ ခြေစွယ်ငုတ်ခြင်းကို တွန်းအားပေးသလို တခြားခြေထောက်ပြသာနာတွေ ဖြစ်နိုင်တဲ့အတွက် အမြဲမစီးသင့်ပါဘူး။ ခါနာခြင်းဆိုတဲ့ အပိုဆုကိုလည်း ရနိုင်သေးတဲ့အတွက်ကြောင့်ပါ။

အားလုံးပြင်ဆင်ပြီနောက်မှာ အိပ်ပြင်ကိုမထွက်ခင် မှန်ထဲမှာ တစ်ချက်လောက်ကြည့်ကာ ဇစ်တွေ၊ကြယ်သီးတွေကို စစ်ဆေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ တပါတည်း ထည့်ယူသွားလိုက်ပါ။


Ref: Polish Your Personal Branding