Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

27 February 2011

လွမ်း …..

နေ့နဲ့ညတွေ လည်နေပေမဲ့

ကန္တာရနှလုံးသားက

အိုအေစစ်မေတ္တာကိုတောင့်တ

အမှတ်တရ နေ့စွဲများအတွက်

မေ့မရသူရင်ထဲမှာ

အညတရ မျက်ရည်ပန်းတွေပွင့်

တစ်ချိန်တည်းမှာ

ရင်ခုန်ကြည်နူးလိုက်

ကြေကွဲနွမ်းလျလိုက်

မျှော်လင့်တမ်းတလိုက်နဲ့

သံသရာခရီးကြမ်းမှာ

ငါလေ....

မရေရာဘဲလွမ်း.........

04 November 2010

ချစ်သူ…..

ဆုံတွေ့ခြင်းဟာ
ခွဲခွာရခြင်းရဲ့ နိဒါန်လေ....
မမျှော်လင့်ဘဲ ရင်ထဲကိုဝင်လာပြီ
ရုတ်တရက်
ပြန်လည်ထွက်ခွာသွားတဲ့ ချစ်သူ…..

ခွန်းဆင့်သံချို စကားလုံးတွေကို
ပြန်လည်းကာကြား
လွမ်းစွတ်တမ်းတ
ရင်မှာ ငိုကြွေးရပြီလေ……

ပျော်ရွှင်ကြည်နူး
ရင်ခုန်ခဲ့ရတဲ့နေ့ရက်တချို့
ရှောင်ပုန်းထွက်ခွာလို့
လွမ်းစွတ် ကြေကွဲမှုတွေနဲ့
ရှင်သန်နေရဦးမယ်လေ…..

ရင်ကိုနွေးထွေစေတဲ့
စကားလုံးတစ်ချို့ကို
ပြန်လည်ကြားယောင်ရင်း …..
ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်းတချို့ကို
ရင်ထဲမှာ သိမ်းထားရင်းနဲ့
နားလည်စွာနဲ့ ချစ်နေမှာပါ
ပျော်ရွှင်ပါစေ ချစ်သူ ……..

15 November 2008

Except your Love

My Honey,

If you will leave me alone

you can take all the things

That I possessed.

Your presents you give one in remembrance,

Your photographs you have give as sign of love,

Your love letter that you write,

Through your have taken all the things back

Your love will remain in my heart.


28 October 2008

ကာရန်မဲ့သော

ပျော်ရွှင်ခဲ့တဲ့ ဟိုရင်ချိန်
ပြန်လည်သတိရ တမ်းတဆဲ …

မင်သာ ထာဝရ အနားရှိနေရင်
ပျော်ရွှင်မှုဖြင့်
ငါ့ဘဝတစ်ခု ပြည့်စုံသွားပြီ ….

စွမ်းအားတွေသာရှိမယ်ဆိုရင်
ဝင်ကြည့်ချင်တယ် မင်းရင်ဆီကို …..

13 September 2008

ဝေးကွာခြင်း=ကွာဝေးခြင်း

ဝေကွာခြင်းဟာ
အချစ်ကိုသွေးအေးသွားစေသတဲ့လား..

ငါဟာမင်းရဲ့ ဖယောင်းရုပ်တစ်ရုပ်လေ..
မင်းရဲ့အချစ်မီးနဲ့ တွေလိုက်ရင်..
အရည်ပျော်သွားတယ်ဆိုတာ
မင်းမသိတာလား ...
မသိချင်ယောင်ဆောင်နေတာလား ...
မင်းကတော့မသိဘူး..
ငါကတော့ ..
မင်းအသံကိုကြာတိုင်း ရင်ခုန်နှေဆဲပါ..
ရှတတ မျက်ဝန်တစ်စုံကို
တမ်းတနေဆဲပါ..
ဒါပေမဲ့လေ..
ငါ့မှာ အချစ်နဲ့ညီမျှတဲ့ မာနတစ်ခုက ရှိနေပြန်တယ်..


ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ အမှတ်တရကဗျာစာအုပ်ထုတ်ကြတုန်းက ထည့်လိုက်တဲ့ ကဗျာလေးပါ။ ၂၀၀၁ ခုနှစ်လောက်ကတည်းက ရေးထားဖြစ်တဲ့ကဗျာလေးပါ။ ခံစားချက်တွေ ပြင်ပျနေတဲ့ အချိန်တုန်းကပေါ့။ အဲဒီတုန်းက ကဗျာတွေအများကြီးရေးဖြစ်တယ်။ ဒါပေမဲ့ Hard-disk လေး format ရိုက်လိုက်တော့ အားလုံးပြောင်သွားတယ်။ ဒီတစ်ပုဒ်ပဲ ရင်ထဲမှာ format ရိုက်လို့မရဘဲ ကျန်ခဲ့တဲ့ ကဗျာလေးပါ။ သူငယ်ချင်းတွေကတော့ပြောကြတယ်။ တစ်ပုဒ်တည်း ထည့်လိုက်ပေမဲ့ အရမ်းကောင်းတယ်တဲ့။ ကောင်းမှာပေါ့ ရင်တွင်ဖြစ် စစ်စစ်လေးကိုး။ ဒီကဗျာလေးကို ပြန်ရေးနေရင်း MPA က သူငယ်ချင်းတွေကို သတိရပါတယ်။

31 December 2007

Missing

တခါတလေ
စိတ်ရဲ့ဖြစ်တည်မှုတစ်ခုကို
ပျံသန်းခွင့်ပေးလိုက်ရင်
လောကကြီးဟာ
သာယာလှပ လိမ့်မလား ...
မထင်မှတ်တဲ့အရာတစ်ခုဟာ
ရင်ခွင်အစုံကို
တငွေ့ငွေ့လောင်ကျွှမ်းလာတဲ့အခါ
ခံနိုင်ရည် မရှိခဲ့ပါလား ...
ရှတတ မျက်ဝန်းတစ်စုံကို
လွမ်းဆွတ်မိတဲ့ အခါတိုင်း
ငိုချင်လောက်အောင် ခံစာရတာတွေ
ရင်ထဲက မွန်းကြပ်မှုတွေကို
လွယ်လွယ်နဲ့ မေ့ပျောက်အောင်
စွမ်းဆောင်နိုင်တဲ့
ခွန်အားမျိုး မရှိခဲ့ပါလား ...