Showing posts with label စာတိုလေးများ. Show all posts
Showing posts with label စာတိုလေးများ. Show all posts

16 January 2011

ဒိုင်ယာရီထဲက စာစုများ

စာမရေးဖြစ်တာလဲကြာပြီ...ယူနီနဲ့ ဇော်ဂျီကြားမှာလည်း တဝဲလည်လည်။ အကြောင်းအရာကလည်း စဉ်းစားလို့မရတာနဲ့ ရှိနေတာလေးကိုတင်လိုက်တယ်။ အရင်က ဒိုင်ယာရီအဟောင်းလေးထဲက စာသားတွေပါ... ကိုယ်တိုင်ရေးထားတာတွေပါသလို ကြိုက်လွန်းလို့ ပြန်ကူးထားတဲ့ စာသားလေးတွေလည်းပါတယ်။

"အခက်အခဲဆိုတာ ဥာဏ်နုံတဲ့သူအတွက် ဘဝတစ်ခုလုံး ကျိုးပျက်သွားပေမဲ့ အသိဥာဏ်ရှိသူတစ်ယောက်အတွက် ဘဝကြီးတစ်ခုလုံး တိုးတက်သွားနိုင်တယ် "


"လူ့ဘဝမှာ မြင့်မြတ်တဲ့စိတ်ထား၊ လေးနက်မှန်ကန်တဲ့ အသိဥာဏ်ရှိမှသာ လူဖြစ်ရကြိုးနပ်တယ်။ အလေးနက်ဆုံး အသိဥာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ် "


"ကြီးကြီးကျယ်ကျယ် လေးလေးနက်နက်စဉ်းစားလျှင် ကြီးမားသော အကျိုးရလဒ်ကို ဖြစ်စေသည်။ သာမန်စဉ်းစားလျှင် သာမန်အကျိုးရလဒ်သာ ရရှိနိုင်သည်"

"သူများအပေါ်ကောင်းဖို့ အမြဲကြိုးစားပါ။ သူများမကောင်းခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးပါ။ "


"ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့အတူထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ မသုံးမိအောင် သတိထားပါ"

"မိမိကိုယ်ကို ထိန်ချုပ်သောအလေ့အကျင့် မွေးမြူပါ။ စိတ်လှုပ်ရှားခံစားမှုများ၊ လက်တလောဆန္ဒများ၏ ကျေးကျွန်အဖြစ်မခံပါနှင့်။ စိတ်ရှည်ဇွဲရှိသူ၊ ကိုယ်ပိုင်စည်းကမ်းကို အောင်မြင်စွာ လိုက်နာတတ်အောင် ကြိုးစားပါ "

"ရည်ရွယ်ချက်ကို မြင့်မြင့်ထားပါ။ ပန်တိုင်ကိုရွေးပါ။ ပန်တိုင်ကို ရောက်ရန်အတွက် နည်းလမ်းရှိသရွေ့ ကြိုးစားလုပ်ကိုင်ပါ"

"အများသူတွေအပေါ် အမြဲတမ်းစေတနာထားနိုင်ရင် အကျိုးသက်ရောက်မှု ရှိလိမ့်မယ်"

"ဘဝဆိုတာ နာကျင်စရာလဲမဟုတ်၊ ပျော်ရွှင်စရာလဲမဟုတ်ဆိုတာကို သတိရပါ။ ဘဝဆိုတာ လေးနက်လှတဲ့ လုပ်ငန်းဖြစ်စဉ် ဖြစ်ပါတယ်။ သတိနဲ့ ရင်ဆိုင်ရမယ်၊ စွန့်လွတ်တဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ရမယ် "

"တက်လျှင်မြင့်၏၊ ဆင်းလျှင်နိမ့်၏၊ သွားလျှင်ရောက်၏၊ ထူလျှင် ထ၏၊ ပျက်အစဉ် ပြင်ခဏ ဟူသောထုံးကို နှလုံးမူရမည် "


"ကြီးမားတဲ့ ရည်ရွယ်ခက်တစ်ခုအတွက် သေးငယ်တဲ့ နှလုံးသားခံစားချက်ကို ဥပက္ခာပြုနိုင်ရမယ် "


"ကိုယ့်ဘဝ ကောင်းတယ်မကောင်းဘူးဆိုတာ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အပြုအမူပေါ်မှာ မူတည်တယ် "

"စိတ်ရှည်ဇွဲသန်ခြင်းနှင့် ဝိရိယစိုက်ထုတ်ခြင်းတို့သည် ရေရှည်အောင်မြင်မှုအတွက် အကောင်းဆုံး အရင်းအနှီးများဖြစ်သည် "


"မှန်ကန်စွာ ချစ်တတ်သောသူတစ်ယောက်အဖို့ အချစ်ဆိုတာ လူသိရှင်ကြားဖြစ်ဖို့ မလိုအပ်ပါ၊ အဝေးကြီးကနေ လူမသိသူမသိ တိတ်တိတ်ကလေး ချစ်ရသောအချစ်သည် ရင်ထဲက သစ္စာတရားကို ပို၍ပို၍ ဂုဏ်ရှိစေပါသည် "

"မျှော်လင့်ချက်ပန်းတိုင်ကို လျှောက်လှမ်းတဲ့အခါ ခြေလှမ်းတိုင်းမှာ ယုံကြည်မှုတွေ ခိုင်မာပါစေ "


"မိဘကို စိတ်ချမ်းသာအောင်ထားခြင်းဟာ ကျေှးဇူးဆပ်နည်းတစ်မျိုးဆိုတာ အမြဲသတိရပါ "


"လူတစ်ယောက်မှာ အရေးကြီးဆုံးက စိတ်ဓာတ်ပဲ။ စိတ်ဓာတ်ရင့်ကျက်တဲ့သူနဲ့တွေ့ရင် အတုယူတတ်ရမယ်။ မရင့်ကျက်တဲ့သူနဲ့တွေ့ရင်တော့ ဥပက္ခာပြုနိုင်ရလိမ့်မယ် "

"ကတိတစ်ခုကို ဖြစ်နိုင်မှပေး၊ ပေးပြီးသားကတိတစ်ခုကိုတည်နိုင်အောင်ကြိုးစားပါ "


"အလေးအနက်တန်ဖိုးထားပြီး ချစ်တတ်သူတွေအဖို့တော့ နီးခြင်းဝေးခြင်းဟာ သစ္စာတရားကို မယိုင်နဲ့စေတတ်ပါဘူး။"


"ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို အမြဲအောင်မြင်ရမယ်၊ ရှုံးနိမ့်မှုမရှိစေရဟု အမြဲတွေးပါ "


"ဆိတ်ဆိတ်နေပါ သို့မဟုတ် ထို့ထက်ပို၍ တန်ဖိုးရှိသောစကားကိုဆိုပါ "

"ဘဝခရီးဟာ တစ်ပြေးညီတော့မဟုတ်ဘူး။ မကြာခဏ ကြမ်းတမ်းမယ်။ ချောမွေ့ဖြောင့်ဖြူးတဲ့အခါလည်း ရှိနိုင်တယ် "


"ကိုယ်ကကြိုက်လို့ ကောင်းတာထက် ကောင်းတာမို့လို့ ကြိုက်တယ်ဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့ "

"အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မှုကို မြှင့်တင်ပေးရမယ် "

 "မိန်းမတစ်ယောက်ဟာ ရင်ထဲကအချစ်ကို သေသပ်စွာ သိမ်းဆည်းထားတတ်သလို ဘဝတစ်ခုကို အဓိပ္ပါယ်ရှိအောင် နေတတ်တဲ့နေရာမှာလည်း ကျွမ်းကျင်မှု ရှိပါတယ် "

14 December 2008

ဖတ်မိတာလေးတွေ

ငြိမ်းချမ်းနေတယ်.. ပျော်ရွှင်နေတယ်… ကြည်လင်နေတယ်… ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ….

ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ၊ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ် … ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်…

ဘဝရဲ့အရည်အသွေး မြင့်မားစေချင်ရင်၊ စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်.. ဘဝရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်…

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ …

လူ့ဘဝမှာ စွန့်စားရတာနဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ နဲနဲရှိမှကောင်းတယ်.. သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာကောင်းနေလိမ့်မယ်…

စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ ဘ၀ကို ကျေနပ်မှုရမယ်။

မေတ္တာဆိုတာ သူတစ်ပါးအတွက် အဟာရဖြစ်သလို… ကိုယ့်အတွက်လည်း အဟာရဖြစ်ပါတယ် …

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ဘူး … ကိုယ့်စိတ်ပါ… ကိုယ်အတွေးပါ… ကိုယ့်သဘောထားမှားနေလို့ပါ…

ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာစမ်းစစ်ကြည့်ရမယ်….

ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ အလုပ်မျိုးဖြစ်သင့်တယ်….

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ..

လူတိုင်းလူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွှေးချယ်မှုတွေ လုပ်နေရပါတယ်… ရွှေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့လိုပါတယ်။

စိတ်ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ…