Showing posts with label Trip. Show all posts
Showing posts with label Trip. Show all posts

15 November 2010

အိမ်ပြန်ချိန်


Holiday Mood  ဝင်နေပါသည် .... ဘလော့ရေးရန်လည်း စိတ်မဝင်စားပါ... နှုတ်ဆက်တဲ့ ပို့လေးရေးဖို့လည်း ဘယ်လိုမှ အာရုံမရပါ.... အိမ်ပြန်ရင် ဘာလုပ်မယ် ဘာစားမယ်ဆိုတာတွေဘဲ တန်းစီတွေးနေမိသည်....
အိမ်ပြန်ချိန်တွေကတော့ အမြဲတမ်း ရင်ခုန်စရာကောင်းပါတယ်။ အိမ်ပြန်ရတောမယ်ဆိုတဲ့အသိက ရင်ကိုနွေးထွေးစေတယ်....မွန်းကျပ်မှုတွေ စိတ်အားငယ်မှုတွေရှိလာတိုင်း အရင်ဆုံးသတိရမိတာက အမေ့ရဲ့အိမ်လေ... အဝေးမှာနေရတဲ့သူတိုင်းအိမ်ကို လွမ်းစွတ်တမ်းတာမိကြတာ သဘာဝပါ.... ရန်ကုန်ရောက်တဲ့နေ့ဘဲ ညနေဘက် ညကားစီးပြီးမေမြို့ ပြန်မယ်...တစ်ယောက်ထဲခရီးသွားရတာလဲ တစ်ခါတလေတော့ ကောင်းပါတယ်...  ညဘက်တစ်ညလုံး ကားစီးရတဲ့ အရသာကိုလည်း ကြိုက်တယ်..... တစ်ညလုံးကားစီး လမ်းမှာရပ်ပေးတဲ့ ညလည်းစားကိုစားလိုက် ပြန်အိပ်လိုက်နဲ့ မနက်စောစော လေးငါးနာရီဆို မန္တလေးရောက်ပြီ.... ကားက ရန်ကုန်-ပြင်ဦးလွင် တိုက်ရိုက်ဆိုတော့ မေမြို့  - မန္တလေးတောင်တက်လမ်းတွေကို express ကားကြီးနဲ့ တက်ရတာလဲ တစ်မျိုးတော့ ရင်ခုန်ချင်စရာကောင်းသား... နှစ်ဆယ့်တစ်မိုင်မှာ မနက်စားလေးစားပြီး ခြောက်ထပ်ကွေ့ကို ကားကြီးနဲ့တက်...နည်းနည်းတော့ ကြောက်စရာကောင်းတယ်.... မနက်ခုနစ်နာရီခွဲလောက်ဆို မေမြို့  ဝင်ပြီ..

ဆောင်းတွင်းရောက်နေပြီဆိုတော့ အရောင်အသွေးစုံနေတဲ့ဆွယ်တာလေးတွေရယ်... အရောင်စုံပွင့်နေတဲ့ ပန်းပေါင်းမျိုးစုံကို မြင်ခွင့်ရတော့မယ်.... ချယ်ရီပန်းတွေ့ ပွင့်တဲ့အချိန်မဟုတ်လို့ ချယ်ရီကိုတော့ မြင်ခွင့်ရမယ်မထင်ဘူး.... ဘာပဲဖြစ်ဖြစ်လေ ဆောင်းချမ်းချမ်းမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းစီးပြီး လျှောက်သွားတဲအရသာကိုကြိုက်တယ်.... ညဘက်ဆို ခြေလက်တွေအေးကိုက်နေတဲ့အထိ ဆိုင်ကယ်စီးပြီး လျှောက်သွားလေ့ရှိတယ်.... စတော်ဘယ်ရီတွေလည်းပေါ်နေလောက်ပြီ်ဆိုတော့ ထီးလှိုင်ကိုသွား.... စတော်ဘယ်ရီးတွေကို ကိုယ်တိုင်ခူးပြီးသောက်ရတာလည်း ပျော်စရာတမျိုးဘဲ....

မေမြို့ရောက်ပြီဆိုတာနဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲက စနေပြီလေ... အရင်နှစ်က တစ်ရက်တည်းကြည့်ပြီးပြန်လာရတော့ မီးပုံးတွေ အကုန်မကြည့်ခဲ့ရဘူး... ဒီနှစ်မှာတော့ အစအဆုံးကြည့်ရတော့မယ်... တောင်ကြီးတန်ဆောင်တိုင်လောက်မစီကားပေမဲ့ တော်တော်လေး စီတဲ့ ပွဲတစ်ပွဲပါ... မီးပုံးပျံပွဲမှာ IC Show နှစ်ညပါတယ်ဆိုတဲ့ သတင်းကလည်းရထားတော့ အနည်းဆုံးတစ်ညတော့ ကြည့်ဖြစ်အောင် ကြည့်ဦးမယ်....  နှင်တွေဝေနေတဲ့ ပွဲဈေးတန်းမှာ  ရဟတ်စီးရတာကလည်း ပျော်စရာကောင်းတယ်....

အိမ်ပြန်ရောက်ရင် အမျိုးတွေကို လှည့်ပတ်ပြီးကန်တော့လေ့ရှိတယ်...  အရင်တုန်းက အဲလိုကတော့ရင် အဖွားတွေ၊အဒေါ်တွေက မုန်းဖိုးပေးလေ့ရှိတယ်.. အဲဒီအချိန်တုန်းကဆို ကန်တော့ရတာကို အရမ်းပျော်တယ် မုန့်ဖိုးတွေ အမျာကြီးရလို့... အခုကျတော့ ကိုယ်ကပြန်ပြီးတော့ပေးတဲ့ အလှည့်ကိုရောက်ပြီလေ... ယူရတဲ့ အရသာထက် ပေးရတဲ့ အခါရလာတဲ့ပီတီက ပိုပြီးချိုမြိန်ပါတယ်....

စင်္ကာပူရေ.... နင်ရဲ့ ခန်းနားထယ်ဝါမှုတွေကို ခဏစွန့်ပြီး ငါချစ်တဲ့မြို့လေးကို ပြန်ဦးမယ်.... ငါမရှိပေမဲ့ နင်ကတော့ ပုံမှန်လည်ပတ်နေမှာပါ... ဒါပေမဲ့ ငါနင့်ကိုအကြာကြီးခွဲမနေနိုင်ပါဘူး... ငါပြန်လာဦးမှာပါ..... ငါ့ရဲ့  ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အတွက် နင့်ရဲ့အကူအညီတွေ ငါလိုအပ်နေဦးမှာပါ...




03 December 2008

ကျမနှင့် မလေးရှားခရီးစဉ်များ

အရောက်အများဆုံးနဲ့ သွားတဲ့အခေါက်တိုင်းမှာ စိတ်လှုပ်ရှားစရာအမျိုးမျိုးကြုံရတဲ့ နိုင်ငံက မလေးရှားနိုင်ငံဘဲ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ရုံးပိတ်ရက်ကဘဲ မလေးရှားကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် မလေးရှားသွားတာ သုံးခေါက်ရှိသွားပြီ။ သွားတဲ့အခေါက်တိုင်မှာ အတွေ့အကြုံပေါင်မျာစွာနဲ့ စိတ်လှုပ်ရှားစရာအမျိုးမျိုးဖြစ်ခဲ့ရလို့ အားလုံးဟာ မှတ်မှတ်ရရတွေပါဘဲ။

ပထမအကြိမ်ခရီးစဉ်

စလုံးမှာ အလုပ်ရတာမကြာသေးဘူး.. စလုပ်တဲ့အလုပ်မှာ အဆင်မပြေမှုတွေကအများကြီးဘဲ။ တနေ့တနေ့ အလုပ်သွားရမှာကိုတောင်ကြောက်နေတဲ့အထိဘဲ။ ဒီလိုနဲ့ provision period အတွင်းမှာဘဲ အလုပ်ရှင်က ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုမကြိုက်တာနဲ့ အလုပ်ထွက်ဖို့ စကားခေါ်လာတယ်(ထုတ်တယ်လို့ပြောရင်လည်း ပြောလို့ရတာပေါ့လေ ဟီးဟီး)။ ကိုယ်တိုင်ကလည်း အဲ့ဒီမှာ လုံဝမလုပ်ချင်တော့ ချက်ချင်းဘဲထွက်မယ်ဆိုပြီး အလုပ်ကနေထွက်လာလိုက်တယ်။ အလုပ်မရမှာတွေ s-pass ကို cancelလုပ်ရမှာတွေဘာမှ မစဉ်းစာခဲ့ဘူ။ မလုပ်ချင်တာတစ်ခုဘဲသိတာနဲ့ စိတ်လိုလက်ရ ထွက်လာလိုက်တယ်။ s-pass ကို cancel လုပ်ပြီးရော social visit နဲ့ ဆယ့်လေးရက်လောက်နေပြီတော့ အလုပ်မရသေးတာကြောင့် မလေးရှားကိုသွားဖို့လုပ်ရတယ်။ တချို့သူငယ်ချင်းတွေက ပြန်ဝင်လို့မရမှာကြောင့် မသွားစေချင်ကြဘူး။ ကိုယ်ကလည်း အရှုံးနဲ့ နောက်ကြောင်းပြန်မလှည့်ချင်တာကြောင့် ဘာဘဲဖြစ်ဖြစ် သွာမယ်လိုဆုံးဖြတ်ပြီး stay ကုန်တဲ့နေ့မှာဘဲ စလုံးကနေထွက်သွားပါတယ်။ စလုံး Immegration ကတော့ အေးအေးဆေးဆေးပါဘဲ။ မလေး Immegration ရောက်တော့ နည်းနည်းအရစ်ခံရတယ်။ ဘာသွားလုပ်မှာလဲ ပိုက်ဆံဘယ်လောက်ပါလဲဆိုပြီးပေါ့။ ပိုက်ဆံတွေပြလိုက်တော့ ဝင်ခွင့်ရသွားပါတယ်။ ဒါနဲ့ဘဲ ကွာလာလန်ပူ ဆိုတဲ့ မြို့တော်ကြီးကို ရောက်သွာခဲ့တယ်။ ပူတူးရိုက်ရွယ်ကားကွင်းရောက်တော့ ဆင်လိုက်ပြီး လာကြိုပေးမဲ့ ဦးလေးကိုစောင့်ရတယ်။ ကိုယ်ကလည်း တခါမှရောက်ဖူးတဲ့ ကလားတိုင်ပြည်ဆိုတော့ ခပ်လန့်လန့်ဘဲပေါ။ ကာပေါ်ကဆင်ပြီ ဦလေးကိုမတွေတော့ ဟိုဘက်ရှောက်လိုက် ဒီဘက်လျှောက်လိုက်ပေါ့။ Taxi သမားတွေကလည်း တကြော်ကြော်အော်ပြီခေါ်တာပေါ့။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ဖုန်းဆက်ဖို့လုပ်ရတယ်။ အကြွေကလည်းမရှိတာနဲ့ ကုဒ်တစ်ဘူးဝယ်ပြီး အကြွေရအောင်ကြံဆောင်လို့ ဖုန်းခေါ်ကြည့်တာပေါ့။ ရှိသမျှအကြွေတွေသာကုန်သွာတယ် ဖုန်းကခေါ်လို့မရဘူး။ အကြွေထပ်လဲပေးဖို့ ကုဒ်ရောင်တဲ့ အဒေါ်ကြီးကိုပြောကြည့်တော့ လဲမပေးနိုင်တော့ပါဘူးတဲ့။ စိတ်ညစ်နေတုန်းဦလေးရောက်လာလို့ အဆင်ပြေသွားခဲ့တယ်။ ဦးလေးအိမ်မှာနေတဲ့ တစ်ပတ်အတွင်းမှာ တနေ့တနေ့ ဘုရားရှစ်ခိုးလိုက် အဓိဋ္ဌာန် ပုတီးစိတ်လိုက်နဲ့ အချန်တွေကုန်တယ်။ ဘယ်ကိုမှလည်းသွားမလည်ချင်ဘူးလေ။ တစ်ယောက်တည်းလည်း သွားမလည်ရဲဘူး။ ဦးလေးကလိုက်ပို့မယ်ပြောတော့လည်း သွာလည်ဖို့စိတ်မပါတာနဲ့ ဘယ်မှမသွားခဲ့ဘူး။ ပြန်ဝင်လို့မရမှာကိုဘဲ စိုးရိမ်နေခဲ့တယ်။ ကိုယ့်လိုဘဲ stay လာရှောင်တဲ့သူငယ်ချင်းတစ်ယောက် စလုံးကို ပြန်ဝင်တာ ပေးမဝင်လို့ မလေးရှာကိုပြန်ရောက်လာတယ်။ ငိုသံပါကြီးနဲဖုန်ဆက်ပြီး သူဝင်လို့မရကြောင်းကို ပြောတယ်။ သူလည်း မလေးရှာကဘဲ ရန်ကုန်ကို ပြန်သွာရတယ်။ သူဝင်လို့မရဘူးဆိုတော့ ကိုယ့်အလှည့်ကျရင်ရော ပြန်ဝင်လို့ရမှ ရပါမလားဆိုပြီး ပိုပြီးရင်ပူရတာပေါ့လေ။မလေးရှာမှာနေတဲ့တစ်ပတ်က တရားစခန်း ဝင်နေတဲ့အတိုင်းဘဲ။ တနေ့တနေ့ဘုရာရှစ်ခိုးရင်းနဲ့ အချိန်တွေကုန်သွားတယ်။ တစ်ပတ်လောက်နေပြီး စလုံးကို ပြန်ဝင်ဖို့လုပ်တယ်။ ပြန်လာတဲ့လမ်းတလျှောက်မှာလည်းတစ်လမ်းလုံး ဘုရာစာတွေရွတ်လာလိုက်တာ ဂျိုဟိုးကိုရောက်လာတယ်။ ဝယ်လာတဲ့ကာလက်မှတ်က ဂျိုဟိုးမှာဂိတ်ဆုံးမယ်ဆိုတာကိုမသိဘူး။ ဂျိုဟိုးလည်းရောက်ရော ဂိတ်ဆုံးလို့လူတွေဆင်းကြတယ်။ ဒါကိုဘဲ ကိုယ်က မလေး Immigration ရောက်တာထင်ပြီး passport လေးကိုင်ပြီး Immigration ဝင်ဖို့လူတွေနောက်ကနေလိုက်လျှောက်သွာတယ်။ တော်တော်သွားပြီးရော စိတ်ထဲမှာ သံသယဖြစ်လာတာနဲ့ မေးကြည့်တော့ Immigration မဟုတ်ဘူးတဲ့။ ကားကဂိတ်ဆုံးသွာပြီတဲ့။ ဒါနဲ့ဘဲ ကားဆီကိုပြန်ပြေရတာပေါ့။ ကားသမားက ခရီးဆောင်အိပ်ကြီးကို ရှေ့မှာယူထာလိုက်နေပြီ။ ကားသမားကိုမေးတော့ သူတို့ကားက ဂိတ်ဆုံးသွားပြီး စင်္ကာပူကိုမသွားကြောင်း ပြောတယ်။ ကိုယ်လည်းဘာလုပ်ရမှန်မသိဘဲ သူကိုရစ်နေလိုက်တော့ သူလည်းမနေနိုင်တာနဲ့ စင်္ကာပူသွားမဲ့ ကာတစ်စီးပေါ်တင်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေး Immigration ကိုကျော်လို့ စင်္ကာပူ Immigration ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ လေယာဉ်လက်မှတ်ကြီကလည်း စလုံးအိမ်မှာကျန်ခဲ့တော့ booking လက်မှတ်လေးလုပ်ခိုင်းပြီးယူလာတယ်။ ပိုပြီးအဆင်ပြေအောင်ဆိုပြီး ကျောင်းတစ်ကျောင်းက form တွေကို download လုပ်ပြီးအဆင်သင့်ဖြည့်လာပြီး Immigration ရောက်တော့ ဘာလုပ်ဖို့ပြန်ဝင်မှာလည်းမေးတော့ ကျောင်းတက်မှာဆိုပြီး ကျောင်းရှောက်ဖို့ form တွေပြလိုက်တော့ ချောချောခြူခြူဘဲ တစ်လနေထိုင်ခွင့်တုံးထုပေးလိုက်တယ်။ စင်္ကာပူထဲလည်းရောက်ရော ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သလိုခံစားရတယ်။ ဘုရားကု ကုထားတာလည်းပါမယ်ထင်ပါတယ်။ စလုံးကနေမထွက်ခင်မှာ clementi ဘုန်းကြီးကျောင်းမှာ ပြန်ရောက်တာနဲ့ ဆွမ်းကပ်ဖို့ ဘုန်းဘုန်းကို စာရင်းပေးထားတယ်။ ပြန်လာကိုလာရမယ်ဆိုပြီးပေါ့။ ဒါကတော့ ပထမဆုံးမလေးရှာအတွေ့အကြုံမျာဖြစ်ပါတယ်။

ဒုတိယအကြိမ်ခရီးစဉ်

အလုပ်ရပြီးလို့မကြာဘူး မလေးရှားကိုထပ်သွာဖို့ အကြောင်းဖန်လာပြန်ပါတယ်။ clementi ကျောင်းမှဘုန်းဘုန်းက မလေးရှာကိုသွာစရာရှိလို့ ကိုယ်တွေအဖွဲ့တွေတစ်ဖွဲ့လုံးကို အလည်လိုက်ခဲ့ဖို့ ခေါ်တာကြောင့် အဖွဲ့လိုက်ကြီးဘဲ မလေးရှာကို ရထာကြီးစီလို့ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ ဒီတစ်ခေါက်ကတော့ အလုပ်ရပြီးတဲ့အတွက်ကြောင့် ဘာမှအပူအပင်မရှိဘဲ မလေးရှာခရီစဉ်က လှပလို့နေပါတော့တယ်။ သောကြာနေ့ရထားနဲ့ထွက်သွားပြီး စနေနေ့ရောက်တော့ ပထမဆုံး ပူချွန်းမှာရှိတဲ့ ဘုန်ကြီးကျောင်းကိုသွာတယ်။ အဲဒီနေ့မှာဘဲ Genting highland ကိုသွားလည်ခဲ့တယ်။တောင်ပေါ်ကို sky-bus စီးပြီးသွားရတာလည်း တော်တော်ပျော်ဖို့ကောင်းတယ်။ တောင်ပေါ်မှာအရမ်းအေးတာဘဲ။ နှင်းတွေက အရမ်းကျနေတော့ ဘယ်လိုမှမနေနိုင်တာနဲ့ အနွေးထည်တစ်ထည် ဝယ်ဝတ်လိုက်ရတယ်။ တောင်ပေါ်ကပြန်ဆင်းတော့ အဲဒီအနားမှာရှိတဲ့ ဘုရားကျောင်းတစ်ခုကိုဝင်ခဲ့တယ်။ ညနေဘက်မှာ ပူချွန်းနားမှာရှိတဲ့ shopping center နားမှာဘဲ ဈေးလျှောက်ဝယ်ကြတယ်။ နောက်နေ့မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ကြတယ်။ နေ့လည်ခင်မှာ KL tower နဲ့ Twin tower ကိုသွာလည်ခဲ့ကြတယ်။ ညနေဘက်ရောက်တော့ ကားနဲ စလုံးကိုပြန်လာခဲ့ကြတယ်။ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပြီး အမှတ်တရလည်းဖြစ်ပါတယ်။

တတိယအကြိမ်ခရီးစဉ်

ဒီအကြိမ်ခရီးစဉ်ကလည်း အရင်အကြိမ်များနဲ့မတူဘဲ အတွေ့အကြုံက နောက်တမျိုး ဆန်းသစ်လို့နေပါတယ်။ မြန်မာပြည်က ညီမလေး ဒီမှာအလုပ်လာရှာတာ အလုပ်ကရှာလို့မရဘူး။ စီးပွားရေးအခြေအနေက မကောင်းတာကလည်း ပါတယ်လေ။ ဒါနဲ့ ကျောင်းအပ်ပေးလိုက်တာ ကျောင်းကလည်း student pass ကို တစ်ပတ်အတွင်း ကျမယ်လို့ပြောတော့ ယုံစားမိတာပေါ့။ ဒါပေမဲ့နှစ်ပတ်နေလို့လည်းမကျတော့ ကျောင်းက ICA ကိုသွာတိုးကြည့်တဲ့ သူတို့စာထုတ်ပေးမယ်လို့ ပြောတော့စောင့်ကြည့်နေရတာပေါ့။ ICA ကိုသွာတိုးကြည့်တော့လည်း မရတော့ မလေးရှားကိုသွာဖို့ ဗီဇာလုပ်ရတယ်။ ရက်ကလည်း သိပ်မကျန်တော့တာကြောင့် ဗီဇာကိုအမြန်ကြေးပေးပြီးလုပ်တာ တစ်ရာ့ရှစ်ဆယ်တောင်ပေးရတယ်။ သူတို့ကလည်း ရမယ်လို့ပြောတော့ အေးအေးဆေးဆေးဘဲစောင့်နေမိတာပေါ့။ ဗီဇာရမဲ့နေ့မှာသွာယူတော့ ဗီဇာကမရပါဘူးဆိုပြီးပိုက်ဆံပြန်ပေးတယ်။ လူလည်းဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ဖို့ ကလည်း လေယာဉ်လက်မှတ်ကရဖို့မလွယ်ဘူး။ ဒါနဲ့သူတို့ကအကြံပေးတယ်။ Twas Immigration ဘက်ကဝင်ပြီး Immigration ရောက်မှ arrival visa လုပ်လို့ရတယ်တဲ့။ ပိုက်ဆံတော့အများကြီးပေးရတယ်တဲ့။ အဲ့ဒီညမှာဘဲ ကောင်လေးတစ်ယောက်ကလည်း မလေးရှားကိုသွာမှာဆိုတော့ သူနဲ့လိုက်သွားရင် အဖော်ရတယ်ဆိုပြီး ညတွင်ချင်းဘဲသွာဖို့လုပ်တယ်။ ဗီဇာမပါဘဲသွားရမှာကတော့ စွန့်စားမှုလို့ဘဲဆိုရမှာဘဲ။ ဝင်လို့မရခဲ့ရင်ဆိုတဲ့အတွေးကလည်း ရင်ကိုပူလောင်စေပါတယ်။ ဒါနဲလမ်းမှာ ဘုရာစာ ရွတ်သွာမယ်ဆိုပြီးလုပ်တော့ အမြဲတမ်းရွတ်နေတဲ့ မေတာသုတ်က ဘယ်လိုမှ အစဖော်လို့မရအောင် ဖြစ်သွာတော့ စိတ်ကိုတည်ငြိမ်တောင်ကြိုးစားပြီး ပြန်စဉ်စားရတာပေါ့။ ဒီလိုနဲ စလုံး Immigration ကိုဖြတ်လို့ မလေး Immigration ကိုရောက်တော့ officer တွေရဲ့အခန်းထဲကိုဝင်ပြီး arrival visa လုပ်ချင်ပါတယ်ဆိုပြီး ပြောတာပေါ့။ ညီမလေးကတော့ ဘာမှမပြောဘူး ကိုယ်ကဘဲနောက်ကနေ အားလုံးပြောပေးရတာပေါ့။ ဘာသွာလုပ်မှာလဲ sponser လုပ်မဲ့သူရှိလားဆိုပြီးမေးတာပေါ့။ ဆင်းမြန်မာ ကပေးလိုက်တဲ့ မလေးရှာ နိုင်ငံသာရဲ့ IC ရယ်၊ ကွာလာလန်ပူ-ရန်ကုန် လေယာဉ်လက်မှတ် booking ရယ်ပြလိုက်တော့ ပိုက်ဆံဘယ်လောက်ပါလည်းဆိုပြီးမေးပါတယ်။ ပါလာတဲ့ အမောင့်ကိုပြောလိုက်တော့ visa ဖိုး Malaysia Ringgit 331 ပေးရမယ်တဲ့။ ဘယ်တတ်နိုင်မလဲလေ no choice ဆိုတော့ ပေးရမှာပေါ့ visa လုပ်ပေးတာဘဲ ကျေးဇူးတင်ရဦးမယ်။ ဒါတောင်တုံးထုတဲ့နေရာက လေယာဉ်လက်မှတ် booking ကြီးမို့လို့ရစ်နေတုန်း တခြား officer တစ်ယောက်က special pass နဲ့ဝင်တာလို့လှမ်းပြောမှ ဘာမှမရစ်တော့ဘဲ မလေး Immigration ကို အောင်မြင်စွာဖြစ်နိုင်ခဲ့တော့တယ်။ စလုံးကနေစီးလာတဲကားက Immigration ဝင်နေတာကြာတဲ့အတွက် မစောင့်ဘဲထွက်သွာခဲ့တာကြောင့် ကွာလာလန်ပူ ကိုသွာမဲ့တစ်ခြား ကာတစ်စီးကို တားစီပြီ ကွာလာလန်ပူဆိုတဲ့မြို့တော်ကြီးကို မနက်လေးနာရီလောက် စောစောစီးစီး ရောက်ရှိသွားပါတယ်။ ရင်မေားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ မှတ်မှတ်ရရရှိနေဦးမှာပါ။

နောက်ထပ်ဘယ်လိုအတွေ့အကြုံတွေနဲ့ မလေးရှားကိုထပ်သွာရဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်. ......