12 November 2008

အတွေ့အကြုံလေးများ

ရေမယ်ရေမယ်နဲ့ မရေးဖြစ်တဲ့ ပို့စ်လေးကို ရေးလိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ နေ့ရက်တစ်ရက်အကြောင်းပါ။
ရုံးမှာရေးထားတဲ့ software လေးကို user စသုံးပြီး UAT( User Acceptance Testing) လုပ်ဖို့ မန်နေဂျာများနဲ့တကွ user site ဖြစ်တဲ့ မူလတန်ကျောင်းလေးကို အရောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာ user site ကို သွားတိုင်း ကိုယ့်ရဲ့user တွေက အသက်ကြီးကြီး ရာထူးကြီးကြီး လူကြီးသူမတွေဖြစ်ပေမဲ့ အခုတစ်ခါမှာတော့ ကိုယ့်ရဲ့user တွေက အသက်ခုနနှစ်အရွယ် primary school မှ ကလေးသူငယ်လေးများ ဖြစ်နေပါတယ်။ အတန်းထဲကိုရောက်တော့ ကလေးတွေက အခန်းထဲကိုမရောက်ကြသေးဘူး။ တခြားအခန်းမှာသင်ပြီးမှ ဒီဘက်အခန်းကို ပြောင်းလာကြပုံရတယ်။ ကလေးတွေ သုံးဖို့အတွက် fujitsu tablet လေးတွေကို ဗီရိုလိုမျိုးထဲ့မှာထည့်ပြီး ဘက်ထရီသွင်းထားပေးတယ်။ မြန်မာပြည်မှာက တက္ကသိုလ်တွေမှာတောင် ကွန်ပျူတာတွေကို Lab ထဲမှာအလုအယက်သုံးနေရတဲ့အချိန်မှာ ဒီက primary one ကလေးတွေကတော့ fujitsu tablet တစ်ယောက်တစ်လုံးနဲ့။ အခြေအနေက အဲဒီလို တန်းတူလိုက်နေတာ။
အတန်းထဲကို ကလေးတွေဝင်လာပြီဆိုရင်ဘဲ သူတို့သုံးမဲ့ laptop လေးတွေကို ကိုယ်တိုင်ယူ ကိုယ့် user account နဲ့ login ဝင်ပြီးတာနဲ့ Typing tutor website ကိုဖွင့်ပြီး အဖျောင်းဖျောင်းရိုက်နေတော့တာဘဲ။ အမယ် တို့များ ကိုကို မမတွေတင် blog သုံးကြတာမဟုတ်ဘူး ခုနနှစ်အရွယ် ကလေးလေးတွေကလည်း blog သုံးကြတယ်ဗျ။ သူတို့တွေ သင်ဖို့ သင်ခန်းစာတွေကို blog ပေါ်မှာတင်ထားပေးပြီး သင်ကြားမှုတွေလုပ်တယ်။ software လေးကိုစသုံးဖို့လုပ်တော့ ကလေးတွေကို network IP ပေးပြီး wireless နဲ့ဆရာမရဲ့စက်ကို connect လုပ်ခိုင်းတယ်။ တချို့ကလေးတွေက သင်ခန်းစာကိုလိုက်မလုပ်ဘဲ typing ဘဲရိုက်နေလို့ မနည်းပြောယူရတယ်။ စသုံးပြီဆိုတာနဲ့ electronic roll call ခေါ်ပြီး ကလေးတွေက သူတို့ laptop ကနေ သူတို့ရဲ့ ID ကိုရိုက်စေကာ စာသင်မှုကို စတင်ပါတယ်။ ဒါတောင်လိုက်မလုပ်တဲ့ ကလေးတွေကရှိပြီး နောက်ဆုံးဘယ်လိုမှပြောမရတော့ ဆရာမက ကလေးတွေအားလုံးကို လက်မြှောက်ခိုင်းကာ software ကိုဘယ်လိုသုံးရမယ်ဆိုတာသင်ပြပြီး စတင်သင်ကြားပါတယ်။ ဆရာမက webcam ကိုသုံးပြီး ကလေးတွေရဲ့ laptop မှာသူ့ရဲ့ပုံကို ပြလိုက်တဲ့အခါမှာတော့ ဆရာမရဲ့ပုံကို သူတို့ laptop မှာမြင်ရရော ဝေးလို့အော်ပြီးပျော်သွာကြတယ်။ ဆရာမက ကလေးတွေရဲ့ kewboard နဲ့ mouse တွေကို သုံးလို့မရအောင် control လုပ်တဲ့ အခါမှာတော့ "Teacher!! Why you control my computer" လို့အော်ပြီး complain လုပ်ပါတယ်။ complain နိုင်ငံလို့ဆိုတဲ့အတိုင်း ငယ်ငယ်လေးနဲ့ complain တက်တာက အကျင့်ဖြစ်နေပြီထင်ပါတယ်။ စာသင်နေတဲ့အချိန်မှာ ကလေးတချို့ရဲ့စက်တွေက ဘက်ထရီကုန်သွားလို့ ဘက်ထရီလဲပေးရသေးတယ်။
ဘာပဲပြောပြော စိတ်လှုပ်ရှာဖွယ်ကောင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်ကို လက်တွေ့မြင်ရတော့ တကယ်ဘဲလေးစား အံ့သြမိတယ်။ တို့မြန်မာနိုင်ငံကြီးလည်း သူတို့လို ပညာရေးစနစ်လေးလုပ်ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့။ သူတို့ရဲစနစ်တွေ အားလုံးမမှီရင်တောင်မှ ပညာရေးအဆင့်အတန်းလေးမြှင့်တင်ပေးခဲ့ရင် တိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမှာ မလွဲမသွေဖြစ်ပါတယ်။

2 comments:

Anonymous said...

ရည်ရွယ်ချက်ကောင်းတယ်သူငယ်ချင်း၊ တို့ဆီမှာလည်း လိုက်လုပ်နိုင်ရင်သိပ်ကောင်းမယ်။ digital learning, e-learning ဆိုတာတွေ။

ဇင်ယော် said...

သူတို့ ရဲ့ နောက်မျိုးဆက်သစ်တွေအပေါ် ဂရုတစိက်ရှိမှုက သူတို့ နိုင်ငံကို တိုးတက်အောင် မောင်းနှင်နိုင်စွမ်း တစ်ခုပါပဲလေ။