Showing posts with label ဆားချက်. Show all posts
Showing posts with label ဆားချက်. Show all posts

27 October 2010

ပြန်လည်ရောက်ရှိခြင်း

တစ်ခါတလေတော့လည်း စာရေးချင်တဲ့စိတ်က သူ့အလိုလိုဖြစ်လာမိတယ်... ဘလော့ရေးတာကလည်း စိတ်ထွက်ပေါက်တစ်ခုလိုဘဲလေ။ စိတ်ထဲမှာဖြစ်နေတာတွေကို ချရေးလိုက်တော့လည်း ရင်ထဲမှာ နဲနဲပေါ့သွားတာပေါ့။ ဘလော့မရေးတာလဲ တော်တော်ကြာခဲ့ပြီလေ... ၂၀၀၉ လောက်ကရေးထားတဲ့ ဘလော့တချို့ co.cc ဒိုမိန်းမှာ ကျန်ခဲ့တယ်။ သက်တမ်းကုန်ခါနီးတုန်းကလည်း ဘက်ကပ်မလုပ်ထားလိုက်မိတော့ ခုအားလုံးပျောက်သွားတယ်။ အဲဒီအချိန်တုန်းကလည်း စိတ်နဲ့လူနဲ့က သိပ်ပြီးလမိုင်းမကပ်ဘူး။ နောက်ပိုင်းဘလော့ဆက်မရေးတော့ဘူးဆိုပြီး ဒီအတိုင်းဘဲ လွတ်ထားလိုက်တယ်။ တချို့ ပို့စ်လေးတွေကိုတော့နှမျောမိတယ်။ ကောင်းပါတယ်လေ။ ဘဝရဲ့ နာကြင်စရာအစိတ်အပိုင်းအချို့ ကို လက်ရှိအချိန်ထိ ပါမလာအောင် ချန်လှပ်ထားခဲ့တယ်လို့ သဘောထားလိုက်တယ်။ ဘဝမှာလည်း ကိုယ်မလိုချင်တဲ့ အချိန်တွေကို ဖြတ်တောက်ပြစ်လို့ရရင်အကောင်းသားဘဲ။ စိတ်ကူယဉ်မှုသက်သက်ပါ။

ဘလော့ပြန်ရေးရင်ကောင်းမလားလို့ စတေးတပ်တင်ထားလိုက်တော့ တချို့ ကဝမ်းသာအားရနဲ့ ပြန်ရေးပါတဲ့ အားပေးမယ်တဲ့ ... တချို့ ကလည်း မရေးပါနဲ့တဲ့ အချိန်ကုန် အကျိုးမရှိဖြစ်မယ်တဲ့... ဒါပေမဲ့ ရေးစေချင်တဲ့သူကပိုများတယ်လေ.... ကိုယ့်အနေနဲ့ကတော့ အချိန်ကုန် အကျိုးမရှိဖြစ်တယ်လို့ မခံယူပါဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ကိုလုပ်နေရရင် အကျိုးရှိတယ်မရှိဘူးဆိုတာထက် ကိုယ့်စိတ်ကျေနပ်ဖို့က အဓိကပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်းနဲ့ အချိန်ကုန်သွားတာက ပိုကောင်းပါတယ်။ ဘဝဆိုတာ အချိန်တိုတစ်ခုပါဘဲ။
အဲဒီထဲမှာမှ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ရှင်သန်နေထိုင်သွားရရင် ပိုမကောင်းဘူးလား..... ပျော်ရွင်မှုတွေ စိတ်ပျက်စရာတွေ ရှိလာရင်လည်း အပြုံးမပျက်ကြံကြံခံရင်းပေါ့..


ဘလော့ပြန်ရေးမယ်ဆိုတော့လည်း ဘယ်လိုအကြောင်းအရာကို ရေးရင်ကောင်းမလဲဆိုတာကို စဉ်းစားရပြန်ရော။ အကြောင်းအရာတွေ မထပ်ဘဲ အမြဲမပျက်ရေးနိုင်ကြတဲ့ ဘလော့ဂါတွေကို လေးစားပါတယ်။ စာရေးတာကြာလာလေ သူတို့ရေးတဲ့ပို့စ်တွေက ပိုကောင်းလားလေလို့ ထင်မိတယ်။ လက်ရည်တတ်လာတယ်လို့ဆိုမလားဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ တဖန်ပြန်ပြီး ရှင်သန်လိုက်ဦးမယ် .... ပေါ်တစ်ခါပျောက်တစ်လှည့်ပေါ့.. ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ကိုယ်ကိုယ်တိုင်ပျော်ရွှင်မှုကို ရှာနိုင်ဖို့က အရေးအကြီးဆုံးပဲ လို့ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ပေါ့။

ကဲ..... ပြန်လည်းရောက်ရှိခြင်းနဲ့ မိတ်ဆက်လိုက်လိုက်ပါပြီ.... စိတ်ထဲမှာရှိရင် ရှိသလိုရေးချတဲ့နေရာတစ်ခုကို ဖန်းတီးရင်းနဲ့ .....


17 December 2008

လာလည်သူများသို့

အခုရက်ပိုင်းမှာ စိတ်ကလည်း ညစ်တစ်တစ်နဲ့မို့ ပို့စ်အသစ်တင်ဖို့လည်း စိတ်မဝင်စား၊ တင်လိုက်မိရင်လည် သူတပါးကို ထိခိုက်မည့် အရေးအသားတွေများဖြစ်နေမလားဆိုပြီး ဘာမှမတင်ဖြစ်တော့ဘူး။ စိတ်ထဲမှာ စာစီထားတဲ့ အကြောင်းအရာတွေကတော့ အများကြီးဘဲ။ လှပတဲ့ အကြောင်းအရာတစ်ခုကိုတော့ တင်သင့် မတင်သင့် စဉ်းစားနေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့် ငြိမ်နေလိုက်ရင် ကောင်မလားလို့လည်း စဉ်းစားမိပါတယ်။ ပို့စ်အသစ်မတင်ဖြစ်တဲ့အတွက်လာလည်ကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ Deleteလုပ်လိုက်တဲပို့စ်များအတွက်လည်း အဆင်မပြေ ဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးပါ။ ဘာကြောင့်လည်းလို့မေးခဲ့ရင်လည်း ပြန်မဖြေနိုင်ခဲ့ရင် ထပ်ပြီးတော့ခွင့်လွှတ်ပေးပါ။ ကျွန်မကို ချစ်၍ လာလည်ကြသော၊ မုန်း၍ လာလည်ကြသော သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အရေးအသားများဟာ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါ... သို့သော် ထိုအကြောင်အရာများနှင့်ပတ်သက်၍ အမျိုးအမည် မသိသော စိတ်ညစ်ခြင်းများ ပေါ်ပေါက်ခဲ့ပါသော် နာလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခုလောလောဆယ်မှာ wordpress ပြောင်းဖို့လုပ်နေတဲ့အတွက်ကြောင့် ပို့စ်အသစ်တင်ဖို့ အချိန်အနည်းငယ်ခန့် ကြာပါဦးမယ်။ blogspotမှာ အနေကြာလာတော့ နည်းနည်းပျင်းလာတာလည်းပါတယ်။ အပြောင်းအလဲကိုကြိုက်တတ်တဲ့စိတ်ကလည်း တခါတလေတော့ မကောင်းပြန်ဘူး။ wordpress လုပ်ရင် PHP ကိုလည်းသိလာတယ်ဆိုတာကြောင့် wordpress ပြောင်းလိုစိတ်ပြင်းပြလာတယ်။ နောက်ပြီး blogspotမှာ theme ပြောင်းချင်ရင် ဒုက္ခနည်းနည်းရောက်လို့ပါ။ လှတပတ theme ဆိုရင် blogspot မှာထက် wordpress မှာပိုများတဲ့အတွက်ကြောင့်ပါ။ လိပ်စာ(ဒိုမိန်းနိမ်း) လည်း ပြောင်လဲမှုရှိနိုင်ပါတယ်။DNS update ဖြစ်ဖို့အတွက် အချိန်စောင့်နေရတာကြောင့် ဘာကိုမှဆက်လုပ်လို့ မရသေးပါ။
စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာမထားတတ်တဲ့အကျင့်ကြောင့် ဘလော့ပေါ်မှာ ရေးချခြင်းဖြစ်ပါတယ်။ လာလည်တဲ့သူများကို ကျေးဇူးတင်ပါတယ်။
ဘာရယ်မဟုတ်ဘူး ဆားချက်လိုက်တာပါ... :P