Showing posts with label ရယ်ပြုံးဖွယ်ရာ. Show all posts
Showing posts with label ရယ်ပြုံးဖွယ်ရာ. Show all posts

01 April 2011

အေပရယ်ဖူး

မနေ့က သူငယ်ချင်းတစ်ယောက် လာပြီးစကားပြောတယ်
He: Can you help me?
Me: What is that?
He : Looking for a girl who wanna sleep with me at MBS for one night? 
ပထမတော့ နည်းနည်းကြောင်သွားတယ်.. ဒီကောင်ဘာလဲပေါ့... ဒါနဲ့ကြောင်တောင်တောင် လုပ်ပြလိုက်တော့ သူတော်တော်စိတ်လေသွားတယ်....  နောက်တော့ သူကဘဲပြန်ရှင်းရတယ်.. မနက်ဖြန်မှ ဖူးရင် နင်တို့တွေ သိပ်လန့်မှာ မဟုတ်လို့ ဒီနေ့ကြိုဖူးလိုက်တာတဲ့ နင်ကလည်း ကြောင်တောင်တောင်နဲ့ဆိုပြီး စိတ်လေလေနဲ့ ပြောသွားတယ်... အေပရယ်ဖူးပြန်လုပ်တဲ့သူကို ပြန်ဖူးပေးလိုက်တာ... 

ဒါနဲ့ ဘယ်သူကို အရှုးလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားကြည့်လိုက်တာ ကံဆိုးသူကတော့ ကျွန်မရဲ့ အရင်းနှီးဆုံး သူတစ်ယောက်ပေါ့.... ဘယ်လိုစရရင်ကောင်းမလဲလို့ လှည့်ပတ်စဉ်းစားတယ်။  အရူးလုပ်တယ်ဆိုကတည်းက အဲဒီလူကို ထိသွားအောင်လုပ်မှရမယ်ဆိုပြီး သေချာစဉ်းစားပြီးတာနဲ့ သူဂျီတော့မှာ ပြောထားလိုက်တယ်။ မနက်အိပ်ရာလည်းနိုးကတည်းက သူစိတ်ဆိုးနေလောက်ပြီးဆိုတာ သိတာနဲ့ သူကိုစကားပြောချင်လို့ အားရင်ပြန်ခေါ်ပါလို့ ပြောလိုက်တော့ သူစိတ်ဆိုးဆိုးနဲ့ပြန်ခေါ်ပါတယ်... သူအဲသံကြားတာနဲ့ တော်တော်စိတ်ဆိုးနေပြီးဆိုတာသိလိုက်တယ် Happy April Fool Day... ဆိုပြီး သူ့ကိုပြောလိုက်တော့ ဒါနောက်စရာလားဆိုးပြီး စိတ်တွေဆိုးနေပါတယ်။ အခုအတန်ထဲမှာ စာသင်နေတယ်မအားဘူးဆိုပြီး ပြောသွားတယ်။ စိတ်ဆိုးပြေအောင် တော်တော်လေးချော့လိုက်ရတယ်။ အေပရယ်ဖူးလုပ်တာ အောင်မြင်သွားတယ်ပေါ့။ 

ဖေ့ဘွတ်မှာ သူငယ်ချင်းတစ်ယောက်က လာပြောတယ် "အဲ့လို လူမျိုးဒွေပေါ့ ဟွန့် မုန်းဒယ်..."တဲ့ အရူလုပ်ခံလိုက်ရပြီလားလို့ မေးတော့ "ဒါပေါ့ ဧပြီ ၁ ရက်နေ့ (April Fool Day) ဆို တာ သတိထားနေရင်းနဲ့ ခံလိုက်ရတယ်" တဲ့... ဒါပေမဲ့ သူပျော်ပါတယ်တဲ့လေ....

နောက်ထပ်သူငယ်ချင်းတစ်ယောက်ကတော့ "ယနေ့  .. တနေ့ လုံးအတွက် .. အရေးကြီးသော မည်သည့် အကြောင်းအရာကိုမှ .. မည်သူပြောပြော .. ယုံကြည်လိမ့်မည် .. မဟုတ်ပါကြောင်း .." ဆိုပြီး ဖေ့ဘွတ်မှာ တင်လို့ ကြိုတင်သတင်းပေးထားတယ်။ 

နောက်တစ်ယောက်ကလည်း "သူငယ်ချင်းများ facebook ထဲဝင်ရင်လေး သူ့ကိုပြောလိုက်စမ်းပါ ဖေ့ဘွတ် ဆိုတာ ရူးကြောင်ကြောင် ဂေါက်တောက်တောက် ပေါတောတော တွေကျက်စားရာ နေရာကြီးပေါ့ ။ April fool :P" ဆိုပြီး ရေးထားလေရဲ့.... 
ဘယ်သူတွေကို ဘယ်လိုစရမလဲလို့ စဉ်းစားနေရင်း ကိုယ့်ကို အေပရယ်ဖူးလုပ်တဲ့လင့်လေး မေးထဲကို ရောက်လာတယ်...http://www.winesu.tk/   ဆိုတဲ့လင့်လေးကို သူငယ်ချင်းတွေဆီကို ပို့ပေးလိုက်တယ်။ တစ်ချို့ကလည်း ဘူးခံငြင်းကြတယ်.. လုံးဝမကြည့်ဘူးတဲ့... သူငယ်ချင်းတစ်ယောက်ကတော့ အငိုက်မိသွားတယ်။ ဝိုင်းစုအကြောင်းထင်နေလို့တဲ့... နင်ငါ့ကို အရူးလုပ်နိုင်သွားပြီလို့ လာပြောသွားတယ်။  

ဘယ်သူစပြီး ထွင်ခဲ့မှန်းမသိတဲ့ သူတပါကို အရူးလုပ်တဲ့နေတစ်နေ့ပါ...ဝိကီကတော့ ဒီလိုဆိုတယ်။ အေပရယ် ၁ရက်နေ့မှာ တစ်ကမ္ဘာလုံးကျင်းပတဲ့နေ့ပါ။ အများသူငါရုံးပိတ်ရက်တော့ မဟုတ်ပါဘူး ဒါပေမဲ့ အားလုံးက ဟာသတွေမျိုးမျိုးလုပ်ပြီး အသိအမှတ်ပြုကျင်ပတဲ့ နေ့တစ်နေ့ပါ.. သူငယ်ချင်းတွေ မိသားစုတွေ အိပ်နီးနားချင်းတွေ ကိုယ်ခင်ရာမင်ရာလူတွေကို ပျော်ရွင်စရာ ဟာသလေးတွေ၊  နောက်ပြောင်လိမ် လည်မှုတွေ၊ လက်တွေကျတဲ့ ဟာသလေးတွေကို စနောက်ကျရင်း ကျင်းပကြပါတယ်။  

နယူးဇီလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ သြော်စတေီလျ၊ တောင်အာဖရိက တချို့တိုင်းပြည်တွေမှာ နေ့လည်ခင်းမတိုင်မီမှာ စနောက်ကြပြီး နေ့လည်ခင်းကျော်သွားပြီးအချိန်မှာ စနောက်ကျတဲ့သူတွေကိုတော့ အေပရယ်အရူးလို့ ခေါ်ကြပါတယ်။ ပြင်သစ်၊ အီတလီ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ နယ်သာလန်၊ဂျာမနီ၊ ဘရာဇီး၊ ကနေဒါ၊ အမေရိကားနိုင်ငံတွေကတော့ တနေ့လုံးစကြနောက်ကြပါတယ်။ 

ဘာဘဲဖြစ်ဖြစ် အပျော်သဘောနဲ့ စကြနောက်ကြတဲ့ နေ့လေးတစ်နေ့ပါ။ အရူးလုပ်တဲ့သူရော.. အရူးလုပ်ခံရတဲ့သူရော ပျော်ရွှင်စရာလေးတွေဖြစ်ပါစေ... 

ဂူဂယ်ကလည်း http://mail.google.com/mail/help/motion.html ဒါလေးနဲ့ ပါဝင်ဆင်နွဲပါတယ်... 

29 September 2008

ရည်းစားဟောင်း

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။

(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။

(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး
အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။

(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု
သနားသောလေသံဖြင့်ပြောပါ။

(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။

(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင်
ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။

(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက
ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။

(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍
သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ
ဆုတောင်းပါ။

(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်….
တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။

(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်..
တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ
အကောင်းဆုံးဖြစ်ပါသည်။

*** My Friend send to me and just remind me:P ***

06 September 2008

So called Professionals

1) Project Manager is a Person who thinks nine women can deliver a baby in One month.

2) Developer is a Person who thinks it will take 18 months to deliver a Baby.

3) Onsite Coordinator is one who thinks single woman can deliver nine babies in one month.

4) Client is the one who doesn't know why he wants a baby.

5) Marketing Manager is a person who thinks he can deliver a baby even if no man and woman are available.

6) Resource Optimization Team thinks they don't need a man or woman; they'll produce a child with zero resources.

7) Documentation Team thinks they don't care whether the child is delivered, they'll just document 9 months.

8) Quality Auditor is the person who is never happy with the PROCESS to Produce a baby.

9) Tester is a person who always tells his wife that this is not the Right baby.