Showing posts with label About Me. Show all posts
Showing posts with label About Me. Show all posts

06 November 2008

ပျော်ပျော်ပါးပါးလှေလှော်သွားကြမလား?






ရုံးမှ သူငယ်ချင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ bedok Reservior မှာ dragon boat သွားစီးခဲ့ကြတဲ့ဓာတ်ပုံလေးတွေကို share လိုက်ပါတယ်။

30 October 2008

ပီတိရဲ့အရသာ

bonus တဲ့ … နာမည်လေးက စွဲဆောင်မှုရှိတယ်။ လူတိုင်းလည်း လိုချင်ကြတယ်။ Bank Account လေးထဲမှာ လစာရဲ့နှစ်ဆ ပိုနေတဲ့ ပမာဏလေးကို တွေလိုက်ရတော့ အတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။ ရမယ်လို့ သိထားခဲ့ပေမဲ့ တကယ်ရလာတော့ အတိုင်းထက်အလွန် ပါဘဲ။ အလုပ် လုပ်လာတာကြာပြီ တစ်ခါမှ မရဖူးဘဲကိုး။ ကိုယ့်ရလုပ်အားနဲ့ရထားတဲ့ အပိုဆုကြေးလေးကို တန်ဖိုးရှိအောင်သုံးမယ်လို့ စဉ်းစားထားတယ်။ တလောကဘဲ အမေက ငါးကျပ်သား လက်ကောက်လေးလိုချင်တယ်လို့တော့ အဆိုသာ။ ဒါနဲ့ ရွှေဈေးကို မေးကြည့်တော့ ငါးသိန်းကျော်တဲ့။ ရထားတဲ့ bonus လေးက မပြည့်တပြည့်မို့ လိုတာလေးကိုစိုက်ပြီး အမေ့ကို ကန်တော့လိုက်တယ်။ အဖေကတော့ နောက်တစ်ခေါက်ပေါ့။ တောင်းတတ်တဲ့ ကလေးက မုန်းစားရတယ်ဆိုလားဘဲ။
ဒီမှာနေရတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းကို ရှာဖို့၊ မိသားစုကို ထောက်ပံ့ပေးနိုင်ရမယ် ဆိုတာလေးနဲ့ ကြိုးစားပြီးနေရတာဘဲ။ မပျော်လည်းနေ ပျော်လည်းနေပေါ့။ တကယ်တမ်းကျတော့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်ကျင် အရာအားလုံးကို စွန့်ပြီးလာရတာ။ ထိုက်တန်တဲ့ အကျိုးအမြတ်တစ်ခုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒီမှာနေကြတဲ့လူတွေထဲမှာ တချို့က ဘဝကိုဘယ်လိုတိုးတက်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကိုကုန်လွန်ကြတယ်၊ တချို့က ပေါ့ပေါ့ပါးပါး ရေလိုက်ငါးလိုက် ရရစားစားဘဝနဲ့ အချိန်တွေ ကုန်သွားကြတယ်။ ကိုယ့်ရဲ့ရှေ့ဆက်ရှောက်မဲ့ဘဝကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မှာလည်းလို စဉ်းစားထားဖို့က အရေးကြီးတယ်လို့ထင်မိတယ်။ ကိုယ်တိုင်လည်း တခါတလေမှာ ရေလိုက်ငါးလိုက်နဲ့ အချိန်တွေကို အကျိုးမရှိသုံးမိလိုက်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ လွင့်ပါးနေတဲ့စိတ်တွေကို ထိန်းချုပ်ရင်း… ဘဝဆိုတဲ့ ခရီးကြမ်းကို ဖြတ်သန်းရင်း… ပျော်ရွှင်ရမဲ့ နေ့ရက်တချို့ကို စောင့်ဆိုင်းနေပါတယ် …

06 April 2008

စိတ်ဆန္ဒ

အချိန်ရတိုင်း သူငယ်ချင်းတွေရဲ့ blog တွေကို ၀င်ဖတ်ဖြစ်တယ်..
သူတို့ တွေကို ဖတ်ပြီးတိုင်း blog ရေးချင်လာတယ် ဒါပေမဲ့ ဘာရေးရမှန်းမသိဘူး..
သူငယ်ချင်း တစ်ယောက်ကတော့ ရေချင်တာတွေသာရေးလို့ အားပေးတယ်..
တစ်ခါတလေမှာ ရင်ထဲမှာရှိတာတွေကို ဖွင့်ဟချင်တယ်.. မွန်းကြပ်မှုတွေ ပြေပျောက်မလားလို့ပေါ့...