09 October 2008

နှုတ်ဆက်ချိန်

ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက် ကိုယ့်ကိုခွဲသွားတဲ့အခါမှာ ရင်ထဲမှာ အတိုင်ဆမရှိ ၀မ်းနည်းမိပါတယ်... တစ်နှစ်ဆိုတဲ့ သံယောဇဉ်ကြိုးက တော်တော်လေးခိုင်မြဲနေပြီလေ..

ရုံမှာ အလုပ်တူတူတွဲလုပ်တဲ့ Singaporian လုပ်ဖော်ကိုင်တစ်ယောက်ရှိတယ်။ သူရဲ့စိတ်ဓာတ်လေးကလည်း တော်တော်ကောင်တာ။ Project တစ်ခုမှာ အတူတူလုပ်ရင်း သူနဲ့ ရင်နှီးမှုက ညီအမလိုဖြစ်လာတယ်။ ကိုယ်ရဲ့ အာနည်းချက်၊အားသာချက်တွေကိုလည်း အမြဲထောက်ပြတယ်လေ။ တခါတလေ ရုံဆင်ချိန်မှာ ညစာသွာစားကြ၊ Gym အတူတူသွားကစားကြနဲ့ တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုဘဲ။ ပျော်ပျော်နေတတ်တဲ့ သူ့အကျင်းလေးကလည်း ကိုယ်စရိုက်နဲ့ကိုက်ညီနေတော့ သူနဲ့ပေါင်းဖြစ်တာ အဆန်းတော့မဟုတ်ပါဘူ။ သူကိုမြန်မာစကား တစ်လုံးစနှစ်လုံးစ သင်ပေးထားတော့ မပီကလားလေသံနဲ့ ပြောတာ ရယ်ချင်စရာတော့အကောင်းသား။ သူငယ်ချင်တစ်ယောက်ကို သူမြန်မာလိုခေါ်တဲ့ နာမည်က "အချစ်"တဲ့။ ဒါပေမဲ့ သူခေါ်တာကမပီတော့ "အချီး" "အချီး" နဲ့ ဖြစ်နေတော့ တော်တော်ရယ်စရာကောင်းတယ်။
သူအလုပ်ကထွက်တော့မယ်လို့ပြောခါစကတော့ သိပ်ပြီး မတုန်လှုပ်မိသေးဘူး။ တကယ်တမ်း နောက်ဆုံနေ့ရောက်လာပြီဆိုတော့ တော်တော်လေးဝမ်းနည်းမိတယ်။ သူအားလုံးကို email ပို့ပြီးနှုတ်ဆက်တော့ သူကို email ပြန်ပို့ရင်း အရမ်းငိုချင်လာတယ်။ သူရုံးကနေထွက်သွားတဲ့အချိန် lift နားကိုလိုက်အပို့မှာတော့ ဟန်မဆောင်နိုင်လောက်အောင် မျက်ရည်တွေဝဲလာလို့ toilet ထဲ့သွားပြီး မျက်ရည်တွေကိုသုတ်လိုက်ရတယ်။ Project Manager တော့လာပြီးအားပေးတယ်။ ဖြိုးအဆင်ပြေလားတဲ့။ Christine ထွက်သွားပြီဆိုပေမဲ့ သူတို့တွေလည်း ရှိသေးတယ်တဲ့။ အတူတူဆက်ပြီး လုပ်သွားကြမယ်တဲ့။

တွေ့ကြုံဆုံကွဲဘ၀ကြီးမှာ အရာရာကိုရင်ဆိုင်တတ်အောင် ကြိုးစားရမှာပေါ့လေ။ လူ့ဘ၀ဆိုတာ သံသရာရထားတစ်စင်းပါဘဲ။ လူကောင်တွေနဲ့တွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်စရာကောင်းလို မကောင်တဲ့သူတွေနဲ့ တွေလာရင်လည်း စိတ်ပျက်လောက်အောင် ခံစားရပါတယ်။ ကိုယ်တိုင်ကလည်း လူထဲက လူတစ်ယောက်မို့ ခံစားမှုရသတွေ ပေါင်းစုံနဲ့ ရပ်တည်နေဆဲ.......

1 comment:

ko said...

hoon a poe tawe

:P

He He.. Ngar Kwa

Comment Pae Htar tar