27 November 2008

ရုံမှာ ခိုးလုပ်တတ်တဲ့အရာများ

တနေ့တနေ့ မိုးလင်းမိုးချုပ် ကွန်ပျူတာရှေ့မှာဘဲရှိနေတော့ အင်တာနက်စွဲတဲ့ရောဂါများရှိနေပြီလားလို့ ကိုယ့်ကိုကိုယ် သံသယဝင်မိတယ်။ တနေ့လုံးရုံှးမှာလည်း ကွန်ပျူတာရှေ့မှာ၊ အိမ်ပြန်ရောက်တော့လည်း ကိုယ့်ရဲ့အားလပ်ချိန်လေးမှာလည်း ကွန်ပျူတာရှေ့မှာဆိုတော့ အိပ်ချိန်ကလွဲလို့ တချိန်လုံး သူနားမှာဘဲရှိနေတယ်။ ရုံမှာ ခိုးခိုးပြီးလုပ်တဲ့ အလုပ်တွေလည်း များမျာလာပြီ။ အရင်ကဆို ရုံးမှာ online မဝင်ဘူး။ ဒါပေမဲ့လေ တနေ့မှာ အခါနှစ်ဆယ်လောက် မေးစစ်တတ်တဲ့အကျင့်ကလည်း မဖျောက်နိုင်တာကြောင့် အီးမေးကို ခဏခဏဝင်စစ်ဖြစ်တယ်။ ဒါနဲ့ဘဲ တချိန်လုံးဝင်ထားလိုက်တော့ ခဏခဏအဝင်အထွက်လုပ်စရာမလိုတော့ဘူး။ ရုံရဲ့ဖွဲ့စည်းပုံကလည်း သူများရဲ့အခန်းတွေ အကန့်လေးတွေနဲ့မဟုတ်ဘဲ ဘလာကြီးဆိုတော့ ကိုယ့်ရဲ့မော်နီတာကို အတိုင်းသားမြင်နေရတယ်။ ပိုဆိုးတာက ကိုယ်ထိုင်တဲ့နေရာက Technical Director ရဲ့အခန်းရှေ့တည့်တည့်မှာဆိုတော့ ကိုယ်ဘာတွေလုပ်လုပ် သူလှမ်းကြည့်လိုက်တာနဲ့ မြင်နေရတယ်။ တခါတလေမှာ ကိုယ့်နောက်မှာ တိတ်တိတ်လေးလာရပ်ပြီး ဘာတွေလုပ်နေလည်းဆိုတာ လာကြည့်တတ်သေးတယ်။ တခါတုန်းကဆိုရင် မေးစစ်နေရင်း ကြော်ငြာမေးတစ်စောင်တက်လာတယ်။ အမယ် မေးခွန်းငါးခုဖြေနိုင်ရင် iphone တစ်လုံးရမယ်တဲ့။ မဆိုးဘူးဟဆိုပြီး ဖြေမယ်လို့လုပ်တော့ ဖုန်းနံပါတ်လာတောင်းတယ်။ ပျော်ပျော်ကြီးဖြည့်ပေးလိုက်တာပေါ့။ မကြာပါဘူး ခဏအတွင်းမှဘဲ ဖုန်းထဲကို message လေးဝင်လာတယ်။ apple ကွန်ပျူတာကိုဘယ်တုန်းကစသုံးတာလဲတဲ့ multiple Choice ကလေးနဲ့။ ဒါလောက်ကတော့ အလွယ်လေးပေါ့။ microsoft စာမေးပွဲတွေဖြေလာတဲ့သူဆိုတော့ ဒီ multiple Choice လောက်ကတော့ ချိုင်းပလေးပါဆိုပြီး ဖြေပေးလိုက်တယ်။ မေးခွန်းတစ်ခုဖြေလိုက် တစ်ခုထပ်မေးလိုက်နဲ့ မေးခွန်းငါးခုလည်း ဖြေပြီးရော ထပ်ဝင်လာတဲ့ message က မေးခွန်းတစ်ခုကို လေးကျပ် မေးခွန်းငါးခုဆိုတော့ နှစ်ဆယ်ကျပါတယ်တဲ့။ သေပြီဆရာဘဲ။ ဒါပေမဲ့လေ ချက်ချင်းပေးရတာမှမဟုတ်တော့ အေးဆေးဘဲ။ မေ့မေ့ပျောက်ပျောက်ပဲပေါ့။ လကုန်လို့ ဖုန်းဘေလ် လာတဲ့အခါမှ ရင်နာတော့တာဘဲ။ ဘေလ်ထဲမှာ message ငါးခုစာအတွက် ဒေါ်လာနှစ်ဆယ်က အခန့်သား ပါလာတော့တယ်။ ရင်နာနာနဲ ဖုန်းဘေလ်ကို မဆောင်ဘဲထားလိုက်တာ ရက်အတော်ကြာလို့ အကြောင်းကြားစာရောက်လာမှ မဖြစ်တော့ဘူးဆိုပြီး ဆောင်လိုက်ရတယ်။ :(
ရုံမှာနောက်တစ်ခုခိုးလုပ်တာရှိသေးတယ်။ blog တွေခိုးဖတ်တာလေ။ အရင်ကဆိုရင် ရုံးမှာ မြန်မာဖောင့် သွင်းမထားဘူး။ အလုပ်ထဲမှာ အာရုံနောက်မှာဆိုးလို့။ အခုတော့မရပါဘူး ဝင်းဒိုးလေးကို နှစ်ကြောင်း သုံးကြောင်းစာလောက် မြင်သာအောင်ချုံ့ပြီးဖတ်တာပေါ့။ အဲဒီလောက်တောင်အားပေးတာ။ ဒါပေမဲ့ theme အရောင်ရင့်ရင့်တွေက ဖွင့်ထားရင်သိသာတာကြောင့် theme အရောင်ဖျော့ဖျော့လေးတွေဘဲ ရွေးဖတ်တယ်။ ကဲ.. အားပေးစေချင်ရင် theme အရောင်ဖျော့ဖျော့လေးတွေသာ ပြောင်းထားလိုက်ကြနော့။ :P
နောက်ထပ်တစ်ခု ခိုးလုပ်တဲ့အကျင့်ကတော့ ဟီးဟီး ပြောရမှာ အားနာပါတယ်... လာတော့မတိုင်နဲ့နော်။ နေ့ခင်းဖက်ထမင်းစာပြီးလို့ နှစ်ချက်ထိုးလောက်ဆိုရင် လူကအိပ်ငိုက်လာပြီ။ နောက်ဆုံးဘယ်လိုမှ မနေနိုင်တော့ဘူးဆိုရင် toilet ထဲသွားပြီး ငါးမိနစ်လောက် နှပ်နေလိုက်တယ်။ နည်းနည်း အိပ်ငိုက်ပြေ သွားပြီဆိုမှ ခတ်တည်တည်နဲ့ပြန်လာပြီး အလုပ်ဆက်လုပ်တယ်။ တော်ပြီတော်ပြီဆက်ပြောနေရင် ကိုယ့်ရဲ့မကောင်တဲ့အကျင့်တွေ အကုန်ပေါ်လာလိမ့်မယ်။ ဟား ဟား.. နောက်မှဘဲ ကြုံရင်ကြုံသလို ရေးတော့မယ်။

21 November 2008

သို့ ချစ်သူ ....

ရင်ထဲ့မှာ စူးနစ်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲးထုတ်ဖို့ကြိုးစားရင်းနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တချို့ကိုတမ်းရင်းမင်းရဲ့အကြောင်းတွေ ပြန်တွေးမိလာတယ်။ ငါမင်းကို သိပ်ချစ်ခဲ့ပါတယ် ချစ်သူ…
အတူထိုင်ခဲ့ဘူးတဲ့ကော်ဖီဆိုင်လေးရှေ့ကိုရောက်တိုင်း မင်းကိုပြင်းပြင်းပျပျသတိရမိတယ်။ အတူသွားခဲ့ဖူးတဲ့ နေရာလေးတွေကိုရောက်တိုင်းလည်း မင်းကို တမ်းတမ်းတတ သတိရမိတယ်။ မင်းအနားမှာရှိနေတဲ့ အချိန်လေးတွေဟာ ငါ့အတွက်တော့ အပျော်ဆုံးအချိန်လေးတွေပါဘဲ။ မင်းကစကားပြောကောင်းတဲ့သူဆိုတော့ မင်းပြောသမျှကို ငြိမ်ငြိမ်လေးနားထောင်ခဲ့တဲ့ အကျင့်လေးကလည်း မင်းသင်ပေးခဲ့တာဘဲလေ…
မင်းရဲ့ အကြင်နာ၊ ဂရုစိုက်မှုတွေကို တဖြည်းဖြည်းသိလာတဲ့အချိန်မှာ ငါမင်းကို တော်တော်သံယောစဉ် တွယ်နေပြီဆိုတာကို သိလိုက်ရတယ်။ မင်ကိုတွယ်တာနေတဲ့သံယောစဉ်တွေထဲက ရုန်းထွက်သွားဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လေ ငါ့ရဲ့ကြိုးစားမှုတွေပာာ မင်းရှေ့ကိုရောက်သွားပြီး မင်းအသံကိုကြာလိုက်တာနဲ့ဖယောင်ရုပ်တစ်ရုပ်လို အရည်ပျော်သွားခဲ့ရတယ်။ မင်းမျက်နှာတစ်ချက်ငြိုးရင်တောင် မနေတတ်ခဲ့တဲ့ငါ့အကြောင်းကိုလည်း နင်ကောင်းကောင်းသိနေခဲ့ပါတယ်။ ညညဖုန်းဆက်တတ်တဲ့ မင်းရဲ့အကျင့်ကြောင့် မင်းရဲ့အသံကိုမကြာရဘဲ အိပ်ရတဲ့နေ့တွေမှာ တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့တာကို မင်းသိအောင် ပြောမပြဖြစ်ခဲ့ဘူး။ တစ်ပတ်မှာ တစ်ခါလောက် တွေဖြစ်ကြတဲ့အချိန်တွေမှာ အိမ်ပြန်ချိန်ရောက်တိုင်း မင်းနားကခွဲမသွားချင်လောက်အောင် ခံစာခဲ့ရတာတွေဟာ ဘယ်လိုအကြောင်းကြောင့်ဆိုတာ မင်းမသိခဲ့ဘူးလား။
ငါ့ဘဝအတွက် မင်းဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ ငါဟာ မင်းဘဝအတွက် ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတဲ့အချိန်မှာ ငါအရမ်းစိတ်ထိခိုက်သွာခဲ့ရတယ်။ မင်ရင်ထဲမှာ ငါမဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက် ရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့က ကြိုးပျက်သွားတဲ့ အရုပ်တစ်ရုပ်လိုပါဘဲ။ "ချစ်လည်းမချစ်ဘူး၊ မုန်းလည်း မမုန်းဘူး" ဆိုတဲ့ စကားတစ်ခွန်းက မင်းအနားက ငါ့ကိုထွက်ခွာသွားဖို့အတွက် လုံလောက်တဲ့ စကားတစ်ခွန်းပါဘဲ။
မင်းပျော်မယ်ဆိုရင် ငါ့ရင်ကနေ ထွက်သွားနိုင်ပါတယ်။ မင်းရွေးချယ်ခဲ့တဲ့သူဟာ ငါ့လောက်မင်းကိုချစ်ရဲ့လား ဆိုတာလည်း ငါစောင့်ကြည့်နေပါတယ်။ မင်းသိထားဖို့က ငါဟာ ကွဲသွားတဲ့ မှန်တစ်ချပ်ကို ဘယ်တော့မှ ပြန်ဆက်ဖို့ စိတ်မဝင်စားဘူး ဆိုတာဘဲ။ ပြန်ဆက်လိုက်တဲ့မှန်ဟာ မူလတိုင်းပြန်မဖြစ်လာဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်လေ။ ငါ့ပေးတဲ့အချိန်မှာ ငါ့ရဲ့အချစ်တွေကို တန်ဖိုးမထားခဲ့ရင် မင်ပြန်လိုချင်တဲ့အချိန်မှာ ငါ့အချစ်တွေကို မင်းဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ဘူးဆိုတာ မင်သိထားပါ။ ငါမင်းကိုသတိရတဲ့အခါတိုင်း မင်းပြောခဲ့တဲ့စကားတစ်ခွန်ကို ပြန်ကြားယောင်ပြီး ငါ့မာနကို အရောင်တင်လိုက်မယ်။ အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ညှိတွယ်ခဲ့တဲ့နှောင်ကြိုးကို လွယ်လွယ်နဲ့ ဖြစ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အချိန်ဆိုတဲ့အရာကတော့ ငါ့ကိုကုစားပေးသွားမှာပါ။ လွယ်လွယ်လေးနဲ့ ဝင်လာဖို့ခက်တဲ့ငါ့ရင်ထဲ့ကအချစ်တွေကို လွယ်လွယ်လေးနဲ့ ပြက်ပျယ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး မရှိခဲ့တာဟာ ငါ့ရဲ့အားနည်းချက်လို့ဆိုမလား။


15 November 2008

Except your Love

My Honey,

If you will leave me alone

you can take all the things

That I possessed.

Your presents you give one in remembrance,

Your photographs you have give as sign of love,

Your love letter that you write,

Through your have taken all the things back

Your love will remain in my heart.


12 November 2008

အတွေ့အကြုံလေးများ

ရေမယ်ရေမယ်နဲ့ မရေးဖြစ်တဲ့ ပို့စ်လေးကို ရေးလိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ နေ့ရက်တစ်ရက်အကြောင်းပါ။
ရုံးမှာရေးထားတဲ့ software လေးကို user စသုံးပြီး UAT( User Acceptance Testing) လုပ်ဖို့ မန်နေဂျာများနဲ့တကွ user site ဖြစ်တဲ့ မူလတန်ကျောင်းလေးကို အရောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာ user site ကို သွားတိုင်း ကိုယ့်ရဲ့user တွေက အသက်ကြီးကြီး ရာထူးကြီးကြီး လူကြီးသူမတွေဖြစ်ပေမဲ့ အခုတစ်ခါမှာတော့ ကိုယ့်ရဲ့user တွေက အသက်ခုနနှစ်အရွယ် primary school မှ ကလေးသူငယ်လေးများ ဖြစ်နေပါတယ်။ အတန်းထဲကိုရောက်တော့ ကလေးတွေက အခန်းထဲကိုမရောက်ကြသေးဘူး။ တခြားအခန်းမှာသင်ပြီးမှ ဒီဘက်အခန်းကို ပြောင်းလာကြပုံရတယ်။ ကလေးတွေ သုံးဖို့အတွက် fujitsu tablet လေးတွေကို ဗီရိုလိုမျိုးထဲ့မှာထည့်ပြီး ဘက်ထရီသွင်းထားပေးတယ်။ မြန်မာပြည်မှာက တက္ကသိုလ်တွေမှာတောင် ကွန်ပျူတာတွေကို Lab ထဲမှာအလုအယက်သုံးနေရတဲ့အချိန်မှာ ဒီက primary one ကလေးတွေကတော့ fujitsu tablet တစ်ယောက်တစ်လုံးနဲ့။ အခြေအနေက အဲဒီလို တန်းတူလိုက်နေတာ။
အတန်းထဲကို ကလေးတွေဝင်လာပြီဆိုရင်ဘဲ သူတို့သုံးမဲ့ laptop လေးတွေကို ကိုယ်တိုင်ယူ ကိုယ့် user account နဲ့ login ဝင်ပြီးတာနဲ့ Typing tutor website ကိုဖွင့်ပြီး အဖျောင်းဖျောင်းရိုက်နေတော့တာဘဲ။ အမယ် တို့များ ကိုကို မမတွေတင် blog သုံးကြတာမဟုတ်ဘူး ခုနနှစ်အရွယ် ကလေးလေးတွေကလည်း blog သုံးကြတယ်ဗျ။ သူတို့တွေ သင်ဖို့ သင်ခန်းစာတွေကို blog ပေါ်မှာတင်ထားပေးပြီး သင်ကြားမှုတွေလုပ်တယ်။ software လေးကိုစသုံးဖို့လုပ်တော့ ကလေးတွေကို network IP ပေးပြီး wireless နဲ့ဆရာမရဲ့စက်ကို connect လုပ်ခိုင်းတယ်။ တချို့ကလေးတွေက သင်ခန်းစာကိုလိုက်မလုပ်ဘဲ typing ဘဲရိုက်နေလို့ မနည်းပြောယူရတယ်။ စသုံးပြီဆိုတာနဲ့ electronic roll call ခေါ်ပြီး ကလေးတွေက သူတို့ laptop ကနေ သူတို့ရဲ့ ID ကိုရိုက်စေကာ စာသင်မှုကို စတင်ပါတယ်။ ဒါတောင်လိုက်မလုပ်တဲ့ ကလေးတွေကရှိပြီး နောက်ဆုံးဘယ်လိုမှပြောမရတော့ ဆရာမက ကလေးတွေအားလုံးကို လက်မြှောက်ခိုင်းကာ software ကိုဘယ်လိုသုံးရမယ်ဆိုတာသင်ပြပြီး စတင်သင်ကြားပါတယ်။ ဆရာမက webcam ကိုသုံးပြီး ကလေးတွေရဲ့ laptop မှာသူ့ရဲ့ပုံကို ပြလိုက်တဲ့အခါမှာတော့ ဆရာမရဲ့ပုံကို သူတို့ laptop မှာမြင်ရရော ဝေးလို့အော်ပြီးပျော်သွာကြတယ်။ ဆရာမက ကလေးတွေရဲ့ kewboard နဲ့ mouse တွေကို သုံးလို့မရအောင် control လုပ်တဲ့ အခါမှာတော့ "Teacher!! Why you control my computer" လို့အော်ပြီး complain လုပ်ပါတယ်။ complain နိုင်ငံလို့ဆိုတဲ့အတိုင်း ငယ်ငယ်လေးနဲ့ complain တက်တာက အကျင့်ဖြစ်နေပြီထင်ပါတယ်။ စာသင်နေတဲ့အချိန်မှာ ကလေးတချို့ရဲ့စက်တွေက ဘက်ထရီကုန်သွားလို့ ဘက်ထရီလဲပေးရသေးတယ်။
ဘာပဲပြောပြော စိတ်လှုပ်ရှာဖွယ်ကောင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်ကို လက်တွေ့မြင်ရတော့ တကယ်ဘဲလေးစား အံ့သြမိတယ်။ တို့မြန်မာနိုင်ငံကြီးလည်း သူတို့လို ပညာရေးစနစ်လေးလုပ်ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့။ သူတို့ရဲစနစ်တွေ အားလုံးမမှီရင်တောင်မှ ပညာရေးအဆင့်အတန်းလေးမြှင့်တင်ပေးခဲ့ရင် တိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမှာ မလွဲမသွေဖြစ်ပါတယ်။

06 November 2008

ပျော်ပျော်ပါးပါးလှေလှော်သွားကြမလား?






ရုံးမှ သူငယ်ချင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ bedok Reservior မှာ dragon boat သွားစီးခဲ့ကြတဲ့ဓာတ်ပုံလေးတွေကို share လိုက်ပါတယ်။