21 November 2008

သို့ ချစ်သူ ....

ရင်ထဲ့မှာ စူးနစ်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲးထုတ်ဖို့ကြိုးစားရင်းနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တချို့ကိုတမ်းရင်းမင်းရဲ့အကြောင်းတွေ ပြန်တွေးမိလာတယ်။ ငါမင်းကို သိပ်ချစ်ခဲ့ပါတယ် ချစ်သူ…
အတူထိုင်ခဲ့ဘူးတဲ့ကော်ဖီဆိုင်လေးရှေ့ကိုရောက်တိုင်း မင်းကိုပြင်းပြင်းပျပျသတိရမိတယ်။ အတူသွားခဲ့ဖူးတဲ့ နေရာလေးတွေကိုရောက်တိုင်းလည်း မင်းကို တမ်းတမ်းတတ သတိရမိတယ်။ မင်းအနားမှာရှိနေတဲ့ အချိန်လေးတွေဟာ ငါ့အတွက်တော့ အပျော်ဆုံးအချိန်လေးတွေပါဘဲ။ မင်းကစကားပြောကောင်းတဲ့သူဆိုတော့ မင်းပြောသမျှကို ငြိမ်ငြိမ်လေးနားထောင်ခဲ့တဲ့ အကျင့်လေးကလည်း မင်းသင်ပေးခဲ့တာဘဲလေ…
မင်းရဲ့ အကြင်နာ၊ ဂရုစိုက်မှုတွေကို တဖြည်းဖြည်းသိလာတဲ့အချိန်မှာ ငါမင်းကို တော်တော်သံယောစဉ် တွယ်နေပြီဆိုတာကို သိလိုက်ရတယ်။ မင်ကိုတွယ်တာနေတဲ့သံယောစဉ်တွေထဲက ရုန်းထွက်သွားဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လေ ငါ့ရဲ့ကြိုးစားမှုတွေပာာ မင်းရှေ့ကိုရောက်သွားပြီး မင်းအသံကိုကြာလိုက်တာနဲ့ဖယောင်ရုပ်တစ်ရုပ်လို အရည်ပျော်သွားခဲ့ရတယ်။ မင်းမျက်နှာတစ်ချက်ငြိုးရင်တောင် မနေတတ်ခဲ့တဲ့ငါ့အကြောင်းကိုလည်း နင်ကောင်းကောင်းသိနေခဲ့ပါတယ်။ ညညဖုန်းဆက်တတ်တဲ့ မင်းရဲ့အကျင့်ကြောင့် မင်းရဲ့အသံကိုမကြာရဘဲ အိပ်ရတဲ့နေ့တွေမှာ တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့တာကို မင်းသိအောင် ပြောမပြဖြစ်ခဲ့ဘူး။ တစ်ပတ်မှာ တစ်ခါလောက် တွေဖြစ်ကြတဲ့အချိန်တွေမှာ အိမ်ပြန်ချိန်ရောက်တိုင်း မင်းနားကခွဲမသွားချင်လောက်အောင် ခံစာခဲ့ရတာတွေဟာ ဘယ်လိုအကြောင်းကြောင့်ဆိုတာ မင်းမသိခဲ့ဘူးလား။
ငါ့ဘဝအတွက် မင်းဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ ငါဟာ မင်းဘဝအတွက် ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတဲ့အချိန်မှာ ငါအရမ်းစိတ်ထိခိုက်သွာခဲ့ရတယ်။ မင်ရင်ထဲမှာ ငါမဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက် ရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့က ကြိုးပျက်သွားတဲ့ အရုပ်တစ်ရုပ်လိုပါဘဲ။ "ချစ်လည်းမချစ်ဘူး၊ မုန်းလည်း မမုန်းဘူး" ဆိုတဲ့ စကားတစ်ခွန်းက မင်းအနားက ငါ့ကိုထွက်ခွာသွားဖို့အတွက် လုံလောက်တဲ့ စကားတစ်ခွန်းပါဘဲ။
မင်းပျော်မယ်ဆိုရင် ငါ့ရင်ကနေ ထွက်သွားနိုင်ပါတယ်။ မင်းရွေးချယ်ခဲ့တဲ့သူဟာ ငါ့လောက်မင်းကိုချစ်ရဲ့လား ဆိုတာလည်း ငါစောင့်ကြည့်နေပါတယ်။ မင်းသိထားဖို့က ငါဟာ ကွဲသွားတဲ့ မှန်တစ်ချပ်ကို ဘယ်တော့မှ ပြန်ဆက်ဖို့ စိတ်မဝင်စားဘူး ဆိုတာဘဲ။ ပြန်ဆက်လိုက်တဲ့မှန်ဟာ မူလတိုင်းပြန်မဖြစ်လာဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်လေ။ ငါ့ပေးတဲ့အချိန်မှာ ငါ့ရဲ့အချစ်တွေကို တန်ဖိုးမထားခဲ့ရင် မင်ပြန်လိုချင်တဲ့အချိန်မှာ ငါ့အချစ်တွေကို မင်းဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ဘူးဆိုတာ မင်သိထားပါ။ ငါမင်းကိုသတိရတဲ့အခါတိုင်း မင်းပြောခဲ့တဲ့စကားတစ်ခွန်ကို ပြန်ကြားယောင်ပြီး ငါ့မာနကို အရောင်တင်လိုက်မယ်။ အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ညှိတွယ်ခဲ့တဲ့နှောင်ကြိုးကို လွယ်လွယ်နဲ့ ဖြစ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အချိန်ဆိုတဲ့အရာကတော့ ငါ့ကိုကုစားပေးသွားမှာပါ။ လွယ်လွယ်လေးနဲ့ ဝင်လာဖို့ခက်တဲ့ငါ့ရင်ထဲ့ကအချစ်တွေကို လွယ်လွယ်လေးနဲ့ ပြက်ပျယ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး မရှိခဲ့တာဟာ ငါ့ရဲ့အားနည်းချက်လို့ဆိုမလား။


3 comments:

thonn thonn said...

စိတ်မကောင်းဘူး။ နာကျင်မိပြီဆိုရင် လုံးဝလှည့်မကြည့်တတ်ဘူး ဆိုတာ တစ်ကယ်ပဲပေါ့နော်။

Anonymous said...

အမ က ကဗျာ လိုမရေးဘဲ စာလိုရေး ထားပေမဲ့ ကျနော် ကတော့ ကဗျာ ဖတ်ရသလိုဘဲခံစားရတယ်
အပြင်မမှာ တကယ်ဘဲ အဲလောက်ခံစားရလားဗျာ

ခံစားရရင်လဲ ဆရာလယ်တွင်းသားစောချစ်ရဲ့ “အကြီးအကျယ်သေးငယ်သွားတဲ့အချစ်” ဆိုတဲ့ ၀တ္ထု ကိုဖတ်ကြည့်လိုက်ပါ ဗျာ
ဒါမှ အချစ်ဆိုတာ ဘယ်လိုခံစား သင့်လဲလို့ပေါ့(ဒီကောင်လေး ရည်းစားလဲမထားဘူးပဲ နဲ့ ) :P

Than Yaw Zin said...

အရင်ကတော့ ကဗျာတွေရေးတယ်.. ခုရင်ထဲက မထွက်လာတော့ဘူး.. ဒါကြောင့်စာလိုဘဲရေးလိုက်တာ..
အဲဒီ ၀တ္ထု ကိုဖတ်ချင်လိုက်တာ.. ဒီမှာရှာလို့ လွယ်ပါ့မလားမသိဘူး။ ရှာတော့ရှာကြည့်ဦးမယ်..