02 January 2009

နှုတ်ဆက်ပါတယ် blogspot ရယ်

wordpress ပြောင်းနေတာ တော်တော်ကြာပါပြီ။ co.cc မှာ ဒိုမိန်အသစ်ဆောက်လိုက် "This domain is under examination at the moment. It will be finished within 24 hours! " ကြီးပေါ်လာလိုက်.. 24 hours စောင့်လိုက် .... 48 hours စောင့်လိုက် ...72 hours စောင့်လိုက်... စိတ်မရှည်လို့ ဒိုမိန်းအသစ်တစ်ခုထပ်ဆောက်လိုက် ... 24 hours! ကြီးနဲ့ပြန်တွေလိုက် မုန်းလုံးစက္ကူကပ် ဖြစ်နေလိုက်တာကြောင့် စိတ်တိုနေတာနဲ့ ပစ်ထားလိုက်တယ်.. ဒိုမိန်နိမ်းရသွားတော့လည်း blogspot လိပ်စာကို co.cc မှာ forword လုပ်တာ 24 hours! ကြီးနဲ့ပြန်တွေနေလို့ ဘာလုပ်ရမှန်းမသိဘဲ ဒီအတိုင်ထားလိုက်တယ်။ ဖွင့်ပြီးကြည့်ကြည့်နေတာဘဲများတယ်။ လာလည်တဲ့သူတွေကိုလည်းအားနာတာရယ် ဘလော့လည်းဆက်မရေးဘဲ ကြာကြာမနေနိုင်တာရယ်ကြောင့် ဒီပို့လေးကိုစရေးပါတယ်။ နောက်ပိုင်း ပို့တွေဆက်ရေးရင် wordpress မှာဘဲတင်ပါတော့မယ်။ လိပ်စာက http://ewphyo.co.cc/ ပါ။ လာလည်ကြသူများ wordpress ကိုလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပို့အသစ်တွေထပ်ရေးဖို့လည်း စဉ်စားနေပါတယ်။

17 December 2008

လာလည်သူများသို့

အခုရက်ပိုင်းမှာ စိတ်ကလည်း ညစ်တစ်တစ်နဲ့မို့ ပို့စ်အသစ်တင်ဖို့လည်း စိတ်မဝင်စား၊ တင်လိုက်မိရင်လည် သူတပါးကို ထိခိုက်မည့် အရေးအသားတွေများဖြစ်နေမလားဆိုပြီး ဘာမှမတင်ဖြစ်တော့ဘူး။ စိတ်ထဲမှာ စာစီထားတဲ့ အကြောင်းအရာတွေကတော့ အများကြီးဘဲ။ လှပတဲ့ အကြောင်းအရာတစ်ခုကိုတော့ တင်သင့် မတင်သင့် စဉ်းစားနေပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့် ငြိမ်နေလိုက်ရင် ကောင်မလားလို့လည်း စဉ်းစားမိပါတယ်။ ပို့စ်အသစ်မတင်ဖြစ်တဲ့အတွက်လာလည်ကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ်။ Deleteလုပ်လိုက်တဲပို့စ်များအတွက်လည်း အဆင်မပြေ ဖြစ်သွားရင်လည်း ခွင့်လွှတ်ပေးပါ။ ဘာကြောင့်လည်းလို့မေးခဲ့ရင်လည်း ပြန်မဖြေနိုင်ခဲ့ရင် ထပ်ပြီးတော့ခွင့်လွှတ်ပေးပါ။ ကျွန်မကို ချစ်၍ လာလည်ကြသော၊ မုန်း၍ လာလည်ကြသော သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အရေးအသားများဟာ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါ... သို့သော် ထိုအကြောင်အရာများနှင့်ပတ်သက်၍ အမျိုးအမည် မသိသော စိတ်ညစ်ခြင်းများ ပေါ်ပေါက်ခဲ့ပါသော် နာလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခုလောလောဆယ်မှာ wordpress ပြောင်းဖို့လုပ်နေတဲ့အတွက်ကြောင့် ပို့စ်အသစ်တင်ဖို့ အချိန်အနည်းငယ်ခန့် ကြာပါဦးမယ်။ blogspotမှာ အနေကြာလာတော့ နည်းနည်းပျင်းလာတာလည်းပါတယ်။ အပြောင်းအလဲကိုကြိုက်တတ်တဲ့စိတ်ကလည်း တခါတလေတော့ မကောင်းပြန်ဘူး။ wordpress လုပ်ရင် PHP ကိုလည်းသိလာတယ်ဆိုတာကြောင့် wordpress ပြောင်းလိုစိတ်ပြင်းပြလာတယ်။ နောက်ပြီး blogspotမှာ theme ပြောင်းချင်ရင် ဒုက္ခနည်းနည်းရောက်လို့ပါ။ လှတပတ theme ဆိုရင် blogspot မှာထက် wordpress မှာပိုများတဲ့အတွက်ကြောင့်ပါ။ လိပ်စာ(ဒိုမိန်းနိမ်း) လည်း ပြောင်လဲမှုရှိနိုင်ပါတယ်။DNS update ဖြစ်ဖို့အတွက် အချိန်စောင့်နေရတာကြောင့် ဘာကိုမှဆက်လုပ်လို့ မရသေးပါ။
စိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာမထားတတ်တဲ့အကျင့်ကြောင့် ဘလော့ပေါ်မှာ ရေးချခြင်းဖြစ်ပါတယ်။ လာလည်တဲ့သူများကို ကျေးဇူးတင်ပါတယ်။
ဘာရယ်မဟုတ်ဘူး ဆားချက်လိုက်တာပါ... :P

14 December 2008

ဖတ်မိတာလေးတွေ

ငြိမ်းချမ်းနေတယ်.. ပျော်ရွှင်နေတယ်… ကြည်လင်နေတယ်… ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာအောင်မြင်နေတဲ့သူပါ….

ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ၊ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ် … ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်…

ဘဝရဲ့အရည်အသွေး မြင့်မားစေချင်ရင်၊ စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်.. ဘဝရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်…

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ …

လူ့ဘဝမှာ စွန့်စားရတာနဲ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ နဲနဲရှိမှကောင်းတယ်.. သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာကောင်းနေလိမ့်မယ်…

စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ ဘ၀ကို ကျေနပ်မှုရမယ်။

မေတ္တာဆိုတာ သူတစ်ပါးအတွက် အဟာရဖြစ်သလို… ကိုယ့်အတွက်လည်း အဟာရဖြစ်ပါတယ် …

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ဘူး … ကိုယ့်စိတ်ပါ… ကိုယ်အတွေးပါ… ကိုယ့်သဘောထားမှားနေလို့ပါ…

ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာစမ်းစစ်ကြည့်ရမယ်….

ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ အလုပ်မျိုးဖြစ်သင့်တယ်….

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ..

လူတိုင်းလူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွှေးချယ်မှုတွေ လုပ်နေရပါတယ်… ရွှေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့လိုပါတယ်။

စိတ်ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ…



11 December 2008

Ways to Beat Stress

For many of us, there is never enough time. There are so many things to do and so little time in which to get them done. Stress is closing in on all of us. Stress is affecting not only the way we work, but also our bodily health. While we cannot make stress go completely away, there are some things we can do to reduce our stress levels and make us happier and more productive. Here are some tips!

Change “I have to…” to “I get to…”
· Even the most miserable of tasks seem easier and less stressful if you get to do them.
· It seems like a reward.
· By removing that feeling that you “have” to do something, you have reduced some pressure and stress.

Keep toys on your desk
· Toys can give you something physical and mental to do and at the same time, helped reduce anxiety.
· A good example would be plastic robots that change their shape depending on which way you turn them. You would be surprised to find that by twisting the robots around, it’s a good way to de-stress!

Write it down
· By putting your thoughts down on paper (or on your computer), you can transfer your emotions from your mind to something more tangible.
· After you are done with the writing, you can crumble up the paper and throw it away. It’s like throwing your troubles away.

Tackle the most stressful tasks first
· As we become more tired, our stress defences go down.
· So it is best to handle the most stressful events when your body is most alert and rested.
Exercise
· You can choose to exercise your thighs when you have been hunched over a desk for too long.
· Getting away from the desk and exercising for just a couple of minutes can reduce stress remarkably.
· If you can get away for a walk, that is even better.
· Think about your pleasant thoughts and not about your problems.

Breathe deeply
· One of the main keys to a healthy body is getting oxygen, which you cannot do if you are slumped over and stressed out.
· Take a few minutes away from your work, close your eyes and breathe deeply and slowly.
· With each outgoing breath, you may find yourself becoming calmer and less worried and stress.

Make yourself at home
· Personalize your workspace.
· Surround yourself with photographs of home, posters from favorite movies or plants and flowers.
· Familiar objects help you to relax.

Drink Orange Juice
· Scientists have discovered that vitamin C can reduce the production of stress hormones.
· Other foods rich in vitamin C include broccoli, tomatoes, strawberries, grapefruit etc.

Sing a song
· Singing relaxes the body and helps you breathe more deeply.
· But if you don’t sing well, save this activity for the shower or you might create more stress for the people around you!

Watch a funny video
· Laughter, like singing, gets more oxygen into your lungs.
· So watch something that really makes you laugh out loud. A great comedy will do the trick here.

Reduce multi-tasking
· The more balls you have in the air, the more stress you will feel.
· Reduce the number of tasks you are juggling and lower your tension and stress.


No matter what kind of work you do, you will experience some form of stress. Do not let it overwhelm you. You can learn to control it.


********************************

Extract from The Straits Times (RECRUIT), Oct 30 2008 Thursday

03 December 2008

ကျမနှင့် မလေးရှားခရီးစဉ်များ

အရောက်အများဆုံးနဲ့ သွားတဲ့အခေါက်တိုင်းမှာ စိတ်လှုပ်ရှားစရာအမျိုးမျိုးကြုံရတဲ့ နိုင်ငံက မလေးရှားနိုင်ငံဘဲ ဖြစ်ပါတယ်။ ပြီခဲ့တဲ့ရုံးပိတ်ရက်ကဘဲ မလေးရှားကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် မလေးရှားသွားတာ သုံးခေါက်ရှိသွားပြီ။ သွားတဲ့အခေါက်တိုင်မှာ အတွေ့အကြုံပေါင်မျာစွာနဲ့ စိတ်လှုပ်ရှားစရာအမျိုးမျိုးဖြစ်ခဲ့ရလို့ အားလုံးဟာ မှတ်မှတ်ရရတွေပါဘဲ။

ပထမအကြိမ်ခရီးစဉ်

စလုံးမှာ အလုပ်ရတာမကြာသေးဘူး.. စလုပ်တဲ့အလုပ်မှာ အဆင်မပြေမှုတွေကအများကြီးဘဲ။ တနေ့တနေ့ အလုပ်သွားရမှာကိုတောင်ကြောက်နေတဲ့အထိဘဲ။ ဒီလိုနဲ့ provision period အတွင်းမှာဘဲ အလုပ်ရှင်က ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုမကြိုက်တာနဲ့ အလုပ်ထွက်ဖို့ စကားခေါ်လာတယ်(ထုတ်တယ်လို့ပြောရင်လည်း ပြောလို့ရတာပေါ့လေ ဟီးဟီး)။ ကိုယ်တိုင်ကလည်း အဲ့ဒီမှာ လုံဝမလုပ်ချင်တော့ ချက်ချင်းဘဲထွက်မယ်ဆိုပြီး အလုပ်ကနေထွက်လာလိုက်တယ်။ အလုပ်မရမှာတွေ s-pass ကို cancelလုပ်ရမှာတွေဘာမှ မစဉ်းစာခဲ့ဘူ။ မလုပ်ချင်တာတစ်ခုဘဲသိတာနဲ့ စိတ်လိုလက်ရ ထွက်လာလိုက်တယ်။ s-pass ကို cancel လုပ်ပြီးရော social visit နဲ့ ဆယ့်လေးရက်လောက်နေပြီတော့ အလုပ်မရသေးတာကြောင့် မလေးရှားကိုသွားဖို့လုပ်ရတယ်။ တချို့သူငယ်ချင်းတွေက ပြန်ဝင်လို့မရမှာကြောင့် မသွားစေချင်ကြဘူး။ ကိုယ်ကလည်း အရှုံးနဲ့ နောက်ကြောင်းပြန်မလှည့်ချင်တာကြောင့် ဘာဘဲဖြစ်ဖြစ် သွာမယ်လိုဆုံးဖြတ်ပြီး stay ကုန်တဲ့နေ့မှာဘဲ စလုံးကနေထွက်သွားပါတယ်။ စလုံး Immegration ကတော့ အေးအေးဆေးဆေးပါဘဲ။ မလေး Immegration ရောက်တော့ နည်းနည်းအရစ်ခံရတယ်။ ဘာသွားလုပ်မှာလဲ ပိုက်ဆံဘယ်လောက်ပါလဲဆိုပြီးပေါ့။ ပိုက်ဆံတွေပြလိုက်တော့ ဝင်ခွင့်ရသွားပါတယ်။ ဒါနဲ့ဘဲ ကွာလာလန်ပူ ဆိုတဲ့ မြို့တော်ကြီးကို ရောက်သွာခဲ့တယ်။ ပူတူးရိုက်ရွယ်ကားကွင်းရောက်တော့ ဆင်လိုက်ပြီး လာကြိုပေးမဲ့ ဦးလေးကိုစောင့်ရတယ်။ ကိုယ်ကလည်း တခါမှရောက်ဖူးတဲ့ ကလားတိုင်ပြည်ဆိုတော့ ခပ်လန့်လန့်ဘဲပေါ။ ကာပေါ်ကဆင်ပြီ ဦလေးကိုမတွေတော့ ဟိုဘက်ရှောက်လိုက် ဒီဘက်လျှောက်လိုက်ပေါ့။ Taxi သမားတွေကလည်း တကြော်ကြော်အော်ပြီခေါ်တာပေါ့။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ဖုန်းဆက်ဖို့လုပ်ရတယ်။ အကြွေကလည်းမရှိတာနဲ့ ကုဒ်တစ်ဘူးဝယ်ပြီး အကြွေရအောင်ကြံဆောင်လို့ ဖုန်းခေါ်ကြည့်တာပေါ့။ ရှိသမျှအကြွေတွေသာကုန်သွာတယ် ဖုန်းကခေါ်လို့မရဘူး။ အကြွေထပ်လဲပေးဖို့ ကုဒ်ရောင်တဲ့ အဒေါ်ကြီးကိုပြောကြည့်တော့ လဲမပေးနိုင်တော့ပါဘူးတဲ့။ စိတ်ညစ်နေတုန်းဦလေးရောက်လာလို့ အဆင်ပြေသွားခဲ့တယ်။ ဦးလေးအိမ်မှာနေတဲ့ တစ်ပတ်အတွင်းမှာ တနေ့တနေ့ ဘုရားရှစ်ခိုးလိုက် အဓိဋ္ဌာန် ပုတီးစိတ်လိုက်နဲ့ အချန်တွေကုန်တယ်။ ဘယ်ကိုမှလည်းသွားမလည်ချင်ဘူးလေ။ တစ်ယောက်တည်းလည်း သွားမလည်ရဲဘူး။ ဦးလေးကလိုက်ပို့မယ်ပြောတော့လည်း သွာလည်ဖို့စိတ်မပါတာနဲ့ ဘယ်မှမသွားခဲ့ဘူး။ ပြန်ဝင်လို့မရမှာကိုဘဲ စိုးရိမ်နေခဲ့တယ်။ ကိုယ့်လိုဘဲ stay လာရှောင်တဲ့သူငယ်ချင်းတစ်ယောက် စလုံးကို ပြန်ဝင်တာ ပေးမဝင်လို့ မလေးရှာကိုပြန်ရောက်လာတယ်။ ငိုသံပါကြီးနဲဖုန်ဆက်ပြီး သူဝင်လို့မရကြောင်းကို ပြောတယ်။ သူလည်း မလေးရှာကဘဲ ရန်ကုန်ကို ပြန်သွာရတယ်။ သူဝင်လို့မရဘူးဆိုတော့ ကိုယ့်အလှည့်ကျရင်ရော ပြန်ဝင်လို့ရမှ ရပါမလားဆိုပြီး ပိုပြီးရင်ပူရတာပေါ့လေ။မလေးရှာမှာနေတဲ့တစ်ပတ်က တရားစခန်း ဝင်နေတဲ့အတိုင်းဘဲ။ တနေ့တနေ့ဘုရာရှစ်ခိုးရင်းနဲ့ အချိန်တွေကုန်သွားတယ်။ တစ်ပတ်လောက်နေပြီး စလုံးကို ပြန်ဝင်ဖို့လုပ်တယ်။ ပြန်လာတဲ့လမ်းတလျှောက်မှာလည်းတစ်လမ်းလုံး ဘုရာစာတွေရွတ်လာလိုက်တာ ဂျိုဟိုးကိုရောက်လာတယ်။ ဝယ်လာတဲ့ကာလက်မှတ်က ဂျိုဟိုးမှာဂိတ်ဆုံးမယ်ဆိုတာကိုမသိဘူး။ ဂျိုဟိုးလည်းရောက်ရော ဂိတ်ဆုံးလို့လူတွေဆင်းကြတယ်။ ဒါကိုဘဲ ကိုယ်က မလေး Immigration ရောက်တာထင်ပြီး passport လေးကိုင်ပြီး Immigration ဝင်ဖို့လူတွေနောက်ကနေလိုက်လျှောက်သွာတယ်။ တော်တော်သွားပြီးရော စိတ်ထဲမှာ သံသယဖြစ်လာတာနဲ့ မေးကြည့်တော့ Immigration မဟုတ်ဘူးတဲ့။ ကားကဂိတ်ဆုံးသွာပြီတဲ့။ ဒါနဲ့ဘဲ ကားဆီကိုပြန်ပြေရတာပေါ့။ ကားသမားက ခရီးဆောင်အိပ်ကြီးကို ရှေ့မှာယူထာလိုက်နေပြီ။ ကားသမားကိုမေးတော့ သူတို့ကားက ဂိတ်ဆုံးသွားပြီး စင်္ကာပူကိုမသွားကြောင်း ပြောတယ်။ ကိုယ်လည်းဘာလုပ်ရမှန်မသိဘဲ သူကိုရစ်နေလိုက်တော့ သူလည်းမနေနိုင်တာနဲ့ စင်္ကာပူသွားမဲ့ ကာတစ်စီးပေါ်တင်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေး Immigration ကိုကျော်လို့ စင်္ကာပူ Immigration ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ လေယာဉ်လက်မှတ်ကြီကလည်း စလုံးအိမ်မှာကျန်ခဲ့တော့ booking လက်မှတ်လေးလုပ်ခိုင်းပြီးယူလာတယ်။ ပိုပြီးအဆင်ပြေအောင်ဆိုပြီး ကျောင်းတစ်ကျောင်းက form တွေကို download လုပ်ပြီးအဆင်သင့်ဖြည့်လာပြီး Immigration ရောက်တော့ ဘာလုပ်ဖို့ပြန်ဝင်မှာလည်းမေးတော့ ကျောင်းတက်မှာဆိုပြီး ကျောင်းရှောက်ဖို့ form တွေပြလိုက်တော့ ချောချောခြူခြူဘဲ တစ်လနေထိုင်ခွင့်တုံးထုပေးလိုက်တယ်။ စင်္ကာပူထဲလည်းရောက်ရော ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သလိုခံစားရတယ်။ ဘုရားကု ကုထားတာလည်းပါမယ်ထင်ပါတယ်။ စလုံးကနေမထွက်ခင်မှာ clementi ဘုန်းကြီးကျောင်းမှာ ပြန်ရောက်တာနဲ့ ဆွမ်းကပ်ဖို့ ဘုန်းဘုန်းကို စာရင်းပေးထားတယ်။ ပြန်လာကိုလာရမယ်ဆိုပြီးပေါ့။ ဒါကတော့ ပထမဆုံးမလေးရှာအတွေ့အကြုံမျာဖြစ်ပါတယ်။

ဒုတိယအကြိမ်ခရီးစဉ်

အလုပ်ရပြီးလို့မကြာဘူး မလေးရှားကိုထပ်သွာဖို့ အကြောင်းဖန်လာပြန်ပါတယ်။ clementi ကျောင်းမှဘုန်းဘုန်းက မလေးရှာကိုသွာစရာရှိလို့ ကိုယ်တွေအဖွဲ့တွေတစ်ဖွဲ့လုံးကို အလည်လိုက်ခဲ့ဖို့ ခေါ်တာကြောင့် အဖွဲ့လိုက်ကြီးဘဲ မလေးရှာကို ရထာကြီးစီလို့ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ ဒီတစ်ခေါက်ကတော့ အလုပ်ရပြီးတဲ့အတွက်ကြောင့် ဘာမှအပူအပင်မရှိဘဲ မလေးရှာခရီစဉ်က လှပလို့နေပါတော့တယ်။ သောကြာနေ့ရထားနဲ့ထွက်သွားပြီး စနေနေ့ရောက်တော့ ပထမဆုံး ပူချွန်းမှာရှိတဲ့ ဘုန်ကြီးကျောင်းကိုသွာတယ်။ အဲဒီနေ့မှာဘဲ Genting highland ကိုသွားလည်ခဲ့တယ်။တောင်ပေါ်ကို sky-bus စီးပြီးသွားရတာလည်း တော်တော်ပျော်ဖို့ကောင်းတယ်။ တောင်ပေါ်မှာအရမ်းအေးတာဘဲ။ နှင်းတွေက အရမ်းကျနေတော့ ဘယ်လိုမှမနေနိုင်တာနဲ့ အနွေးထည်တစ်ထည် ဝယ်ဝတ်လိုက်ရတယ်။ တောင်ပေါ်ကပြန်ဆင်းတော့ အဲဒီအနားမှာရှိတဲ့ ဘုရားကျောင်းတစ်ခုကိုဝင်ခဲ့တယ်။ ညနေဘက်မှာ ပူချွန်းနားမှာရှိတဲ့ shopping center နားမှာဘဲ ဈေးလျှောက်ဝယ်ကြတယ်။ နောက်နေ့မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်လှူခဲ့ကြတယ်။ နေ့လည်ခင်မှာ KL tower နဲ့ Twin tower ကိုသွာလည်ခဲ့ကြတယ်။ ညနေဘက်ရောက်တော့ ကားနဲ စလုံးကိုပြန်လာခဲ့ကြတယ်။ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပြီး အမှတ်တရလည်းဖြစ်ပါတယ်။

တတိယအကြိမ်ခရီးစဉ်

ဒီအကြိမ်ခရီးစဉ်ကလည်း အရင်အကြိမ်များနဲ့မတူဘဲ အတွေ့အကြုံက နောက်တမျိုး ဆန်းသစ်လို့နေပါတယ်။ မြန်မာပြည်က ညီမလေး ဒီမှာအလုပ်လာရှာတာ အလုပ်ကရှာလို့မရဘူး။ စီးပွားရေးအခြေအနေက မကောင်းတာကလည်း ပါတယ်လေ။ ဒါနဲ့ ကျောင်းအပ်ပေးလိုက်တာ ကျောင်းကလည်း student pass ကို တစ်ပတ်အတွင်း ကျမယ်လို့ပြောတော့ ယုံစားမိတာပေါ့။ ဒါပေမဲ့နှစ်ပတ်နေလို့လည်းမကျတော့ ကျောင်းက ICA ကိုသွာတိုးကြည့်တဲ့ သူတို့စာထုတ်ပေးမယ်လို့ ပြောတော့စောင့်ကြည့်နေရတာပေါ့။ ICA ကိုသွာတိုးကြည့်တော့လည်း မရတော့ မလေးရှားကိုသွာဖို့ ဗီဇာလုပ်ရတယ်။ ရက်ကလည်း သိပ်မကျန်တော့တာကြောင့် ဗီဇာကိုအမြန်ကြေးပေးပြီးလုပ်တာ တစ်ရာ့ရှစ်ဆယ်တောင်ပေးရတယ်။ သူတို့ကလည်း ရမယ်လို့ပြောတော့ အေးအေးဆေးဆေးဘဲစောင့်နေမိတာပေါ့။ ဗီဇာရမဲ့နေ့မှာသွာယူတော့ ဗီဇာကမရပါဘူးဆိုပြီးပိုက်ဆံပြန်ပေးတယ်။ လူလည်းဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ဖို့ ကလည်း လေယာဉ်လက်မှတ်ကရဖို့မလွယ်ဘူး။ ဒါနဲ့သူတို့ကအကြံပေးတယ်။ Twas Immigration ဘက်ကဝင်ပြီး Immigration ရောက်မှ arrival visa လုပ်လို့ရတယ်တဲ့။ ပိုက်ဆံတော့အများကြီးပေးရတယ်တဲ့။ အဲ့ဒီညမှာဘဲ ကောင်လေးတစ်ယောက်ကလည်း မလေးရှားကိုသွာမှာဆိုတော့ သူနဲ့လိုက်သွားရင် အဖော်ရတယ်ဆိုပြီး ညတွင်ချင်းဘဲသွာဖို့လုပ်တယ်။ ဗီဇာမပါဘဲသွားရမှာကတော့ စွန့်စားမှုလို့ဘဲဆိုရမှာဘဲ။ ဝင်လို့မရခဲ့ရင်ဆိုတဲ့အတွေးကလည်း ရင်ကိုပူလောင်စေပါတယ်။ ဒါနဲလမ်းမှာ ဘုရာစာ ရွတ်သွာမယ်ဆိုပြီးလုပ်တော့ အမြဲတမ်းရွတ်နေတဲ့ မေတာသုတ်က ဘယ်လိုမှ အစဖော်လို့မရအောင် ဖြစ်သွာတော့ စိတ်ကိုတည်ငြိမ်တောင်ကြိုးစားပြီး ပြန်စဉ်စားရတာပေါ့။ ဒီလိုနဲ စလုံး Immigration ကိုဖြတ်လို့ မလေး Immigration ကိုရောက်တော့ officer တွေရဲ့အခန်းထဲကိုဝင်ပြီး arrival visa လုပ်ချင်ပါတယ်ဆိုပြီး ပြောတာပေါ့။ ညီမလေးကတော့ ဘာမှမပြောဘူး ကိုယ်ကဘဲနောက်ကနေ အားလုံးပြောပေးရတာပေါ့။ ဘာသွာလုပ်မှာလဲ sponser လုပ်မဲ့သူရှိလားဆိုပြီးမေးတာပေါ့။ ဆင်းမြန်မာ ကပေးလိုက်တဲ့ မလေးရှာ နိုင်ငံသာရဲ့ IC ရယ်၊ ကွာလာလန်ပူ-ရန်ကုန် လေယာဉ်လက်မှတ် booking ရယ်ပြလိုက်တော့ ပိုက်ဆံဘယ်လောက်ပါလည်းဆိုပြီးမေးပါတယ်။ ပါလာတဲ့ အမောင့်ကိုပြောလိုက်တော့ visa ဖိုး Malaysia Ringgit 331 ပေးရမယ်တဲ့။ ဘယ်တတ်နိုင်မလဲလေ no choice ဆိုတော့ ပေးရမှာပေါ့ visa လုပ်ပေးတာဘဲ ကျေးဇူးတင်ရဦးမယ်။ ဒါတောင်တုံးထုတဲ့နေရာက လေယာဉ်လက်မှတ် booking ကြီးမို့လို့ရစ်နေတုန်း တခြား officer တစ်ယောက်က special pass နဲ့ဝင်တာလို့လှမ်းပြောမှ ဘာမှမရစ်တော့ဘဲ မလေး Immigration ကို အောင်မြင်စွာဖြစ်နိုင်ခဲ့တော့တယ်။ စလုံးကနေစီးလာတဲကားက Immigration ဝင်နေတာကြာတဲ့အတွက် မစောင့်ဘဲထွက်သွာခဲ့တာကြောင့် ကွာလာလန်ပူ ကိုသွာမဲ့တစ်ခြား ကာတစ်စီးကို တားစီပြီ ကွာလာလန်ပူဆိုတဲ့မြို့တော်ကြီးကို မနက်လေးနာရီလောက် စောစောစီးစီး ရောက်ရှိသွားပါတယ်။ ရင်မေားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ မှတ်မှတ်ရရရှိနေဦးမှာပါ။

နောက်ထပ်ဘယ်လိုအတွေ့အကြုံတွေနဲ့ မလေးရှားကိုထပ်သွာရဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်. ......

27 November 2008

ရုံမှာ ခိုးလုပ်တတ်တဲ့အရာများ

တနေ့တနေ့ မိုးလင်းမိုးချုပ် ကွန်ပျူတာရှေ့မှာဘဲရှိနေတော့ အင်တာနက်စွဲတဲ့ရောဂါများရှိနေပြီလားလို့ ကိုယ့်ကိုကိုယ် သံသယဝင်မိတယ်။ တနေ့လုံးရုံှးမှာလည်း ကွန်ပျူတာရှေ့မှာ၊ အိမ်ပြန်ရောက်တော့လည်း ကိုယ့်ရဲ့အားလပ်ချိန်လေးမှာလည်း ကွန်ပျူတာရှေ့မှာဆိုတော့ အိပ်ချိန်ကလွဲလို့ တချိန်လုံး သူနားမှာဘဲရှိနေတယ်။ ရုံမှာ ခိုးခိုးပြီးလုပ်တဲ့ အလုပ်တွေလည်း များမျာလာပြီ။ အရင်ကဆို ရုံးမှာ online မဝင်ဘူး။ ဒါပေမဲ့လေ တနေ့မှာ အခါနှစ်ဆယ်လောက် မေးစစ်တတ်တဲ့အကျင့်ကလည်း မဖျောက်နိုင်တာကြောင့် အီးမေးကို ခဏခဏဝင်စစ်ဖြစ်တယ်။ ဒါနဲ့ဘဲ တချိန်လုံးဝင်ထားလိုက်တော့ ခဏခဏအဝင်အထွက်လုပ်စရာမလိုတော့ဘူး။ ရုံရဲ့ဖွဲ့စည်းပုံကလည်း သူများရဲ့အခန်းတွေ အကန့်လေးတွေနဲ့မဟုတ်ဘဲ ဘလာကြီးဆိုတော့ ကိုယ့်ရဲ့မော်နီတာကို အတိုင်းသားမြင်နေရတယ်။ ပိုဆိုးတာက ကိုယ်ထိုင်တဲ့နေရာက Technical Director ရဲ့အခန်းရှေ့တည့်တည့်မှာဆိုတော့ ကိုယ်ဘာတွေလုပ်လုပ် သူလှမ်းကြည့်လိုက်တာနဲ့ မြင်နေရတယ်။ တခါတလေမှာ ကိုယ့်နောက်မှာ တိတ်တိတ်လေးလာရပ်ပြီး ဘာတွေလုပ်နေလည်းဆိုတာ လာကြည့်တတ်သေးတယ်။ တခါတုန်းကဆိုရင် မေးစစ်နေရင်း ကြော်ငြာမေးတစ်စောင်တက်လာတယ်။ အမယ် မေးခွန်းငါးခုဖြေနိုင်ရင် iphone တစ်လုံးရမယ်တဲ့။ မဆိုးဘူးဟဆိုပြီး ဖြေမယ်လို့လုပ်တော့ ဖုန်းနံပါတ်လာတောင်းတယ်။ ပျော်ပျော်ကြီးဖြည့်ပေးလိုက်တာပေါ့။ မကြာပါဘူး ခဏအတွင်းမှဘဲ ဖုန်းထဲကို message လေးဝင်လာတယ်။ apple ကွန်ပျူတာကိုဘယ်တုန်းကစသုံးတာလဲတဲ့ multiple Choice ကလေးနဲ့။ ဒါလောက်ကတော့ အလွယ်လေးပေါ့။ microsoft စာမေးပွဲတွေဖြေလာတဲ့သူဆိုတော့ ဒီ multiple Choice လောက်ကတော့ ချိုင်းပလေးပါဆိုပြီး ဖြေပေးလိုက်တယ်။ မေးခွန်းတစ်ခုဖြေလိုက် တစ်ခုထပ်မေးလိုက်နဲ့ မေးခွန်းငါးခုလည်း ဖြေပြီးရော ထပ်ဝင်လာတဲ့ message က မေးခွန်းတစ်ခုကို လေးကျပ် မေးခွန်းငါးခုဆိုတော့ နှစ်ဆယ်ကျပါတယ်တဲ့။ သေပြီဆရာဘဲ။ ဒါပေမဲ့လေ ချက်ချင်းပေးရတာမှမဟုတ်တော့ အေးဆေးဘဲ။ မေ့မေ့ပျောက်ပျောက်ပဲပေါ့။ လကုန်လို့ ဖုန်းဘေလ် လာတဲ့အခါမှ ရင်နာတော့တာဘဲ။ ဘေလ်ထဲမှာ message ငါးခုစာအတွက် ဒေါ်လာနှစ်ဆယ်က အခန့်သား ပါလာတော့တယ်။ ရင်နာနာနဲ ဖုန်းဘေလ်ကို မဆောင်ဘဲထားလိုက်တာ ရက်အတော်ကြာလို့ အကြောင်းကြားစာရောက်လာမှ မဖြစ်တော့ဘူးဆိုပြီး ဆောင်လိုက်ရတယ်။ :(
ရုံမှာနောက်တစ်ခုခိုးလုပ်တာရှိသေးတယ်။ blog တွေခိုးဖတ်တာလေ။ အရင်ကဆိုရင် ရုံးမှာ မြန်မာဖောင့် သွင်းမထားဘူး။ အလုပ်ထဲမှာ အာရုံနောက်မှာဆိုးလို့။ အခုတော့မရပါဘူး ဝင်းဒိုးလေးကို နှစ်ကြောင်း သုံးကြောင်းစာလောက် မြင်သာအောင်ချုံ့ပြီးဖတ်တာပေါ့။ အဲဒီလောက်တောင်အားပေးတာ။ ဒါပေမဲ့ theme အရောင်ရင့်ရင့်တွေက ဖွင့်ထားရင်သိသာတာကြောင့် theme အရောင်ဖျော့ဖျော့လေးတွေဘဲ ရွေးဖတ်တယ်။ ကဲ.. အားပေးစေချင်ရင် theme အရောင်ဖျော့ဖျော့လေးတွေသာ ပြောင်းထားလိုက်ကြနော့။ :P
နောက်ထပ်တစ်ခု ခိုးလုပ်တဲ့အကျင့်ကတော့ ဟီးဟီး ပြောရမှာ အားနာပါတယ်... လာတော့မတိုင်နဲ့နော်။ နေ့ခင်းဖက်ထမင်းစာပြီးလို့ နှစ်ချက်ထိုးလောက်ဆိုရင် လူကအိပ်ငိုက်လာပြီ။ နောက်ဆုံးဘယ်လိုမှ မနေနိုင်တော့ဘူးဆိုရင် toilet ထဲသွားပြီး ငါးမိနစ်လောက် နှပ်နေလိုက်တယ်။ နည်းနည်း အိပ်ငိုက်ပြေ သွားပြီဆိုမှ ခတ်တည်တည်နဲ့ပြန်လာပြီး အလုပ်ဆက်လုပ်တယ်။ တော်ပြီတော်ပြီဆက်ပြောနေရင် ကိုယ့်ရဲ့မကောင်တဲ့အကျင့်တွေ အကုန်ပေါ်လာလိမ့်မယ်။ ဟား ဟား.. နောက်မှဘဲ ကြုံရင်ကြုံသလို ရေးတော့မယ်။

21 November 2008

သို့ ချစ်သူ ....

ရင်ထဲ့မှာ စူးနစ်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲးထုတ်ဖို့ကြိုးစားရင်းနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တချို့ကိုတမ်းရင်းမင်းရဲ့အကြောင်းတွေ ပြန်တွေးမိလာတယ်။ ငါမင်းကို သိပ်ချစ်ခဲ့ပါတယ် ချစ်သူ…
အတူထိုင်ခဲ့ဘူးတဲ့ကော်ဖီဆိုင်လေးရှေ့ကိုရောက်တိုင်း မင်းကိုပြင်းပြင်းပျပျသတိရမိတယ်။ အတူသွားခဲ့ဖူးတဲ့ နေရာလေးတွေကိုရောက်တိုင်းလည်း မင်းကို တမ်းတမ်းတတ သတိရမိတယ်။ မင်းအနားမှာရှိနေတဲ့ အချိန်လေးတွေဟာ ငါ့အတွက်တော့ အပျော်ဆုံးအချိန်လေးတွေပါဘဲ။ မင်းကစကားပြောကောင်းတဲ့သူဆိုတော့ မင်းပြောသမျှကို ငြိမ်ငြိမ်လေးနားထောင်ခဲ့တဲ့ အကျင့်လေးကလည်း မင်းသင်ပေးခဲ့တာဘဲလေ…
မင်းရဲ့ အကြင်နာ၊ ဂရုစိုက်မှုတွေကို တဖြည်းဖြည်းသိလာတဲ့အချိန်မှာ ငါမင်းကို တော်တော်သံယောစဉ် တွယ်နေပြီဆိုတာကို သိလိုက်ရတယ်။ မင်ကိုတွယ်တာနေတဲ့သံယောစဉ်တွေထဲက ရုန်းထွက်သွားဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လေ ငါ့ရဲ့ကြိုးစားမှုတွေပာာ မင်းရှေ့ကိုရောက်သွားပြီး မင်းအသံကိုကြာလိုက်တာနဲ့ဖယောင်ရုပ်တစ်ရုပ်လို အရည်ပျော်သွားခဲ့ရတယ်။ မင်းမျက်နှာတစ်ချက်ငြိုးရင်တောင် မနေတတ်ခဲ့တဲ့ငါ့အကြောင်းကိုလည်း နင်ကောင်းကောင်းသိနေခဲ့ပါတယ်။ ညညဖုန်းဆက်တတ်တဲ့ မင်းရဲ့အကျင့်ကြောင့် မင်းရဲ့အသံကိုမကြာရဘဲ အိပ်ရတဲ့နေ့တွေမှာ တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့တာကို မင်းသိအောင် ပြောမပြဖြစ်ခဲ့ဘူး။ တစ်ပတ်မှာ တစ်ခါလောက် တွေဖြစ်ကြတဲ့အချိန်တွေမှာ အိမ်ပြန်ချိန်ရောက်တိုင်း မင်းနားကခွဲမသွားချင်လောက်အောင် ခံစာခဲ့ရတာတွေဟာ ဘယ်လိုအကြောင်းကြောင့်ဆိုတာ မင်းမသိခဲ့ဘူးလား။
ငါ့ဘဝအတွက် မင်းဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ ငါဟာ မင်းဘဝအတွက် ဘာမှမဟုတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတဲ့အချိန်မှာ ငါအရမ်းစိတ်ထိခိုက်သွာခဲ့ရတယ်။ မင်ရင်ထဲမှာ ငါမဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက် ရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့က ကြိုးပျက်သွားတဲ့ အရုပ်တစ်ရုပ်လိုပါဘဲ။ "ချစ်လည်းမချစ်ဘူး၊ မုန်းလည်း မမုန်းဘူး" ဆိုတဲ့ စကားတစ်ခွန်းက မင်းအနားက ငါ့ကိုထွက်ခွာသွားဖို့အတွက် လုံလောက်တဲ့ စကားတစ်ခွန်းပါဘဲ။
မင်းပျော်မယ်ဆိုရင် ငါ့ရင်ကနေ ထွက်သွားနိုင်ပါတယ်။ မင်းရွေးချယ်ခဲ့တဲ့သူဟာ ငါ့လောက်မင်းကိုချစ်ရဲ့လား ဆိုတာလည်း ငါစောင့်ကြည့်နေပါတယ်။ မင်းသိထားဖို့က ငါဟာ ကွဲသွားတဲ့ မှန်တစ်ချပ်ကို ဘယ်တော့မှ ပြန်ဆက်ဖို့ စိတ်မဝင်စားဘူး ဆိုတာဘဲ။ ပြန်ဆက်လိုက်တဲ့မှန်ဟာ မူလတိုင်းပြန်မဖြစ်လာဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်လေ။ ငါ့ပေးတဲ့အချိန်မှာ ငါ့ရဲ့အချစ်တွေကို တန်ဖိုးမထားခဲ့ရင် မင်ပြန်လိုချင်တဲ့အချိန်မှာ ငါ့အချစ်တွေကို မင်းဘယ်တော့မှ ပြန်ရနိုင်တော့မှာမဟုတ်ဘူးဆိုတာ မင်သိထားပါ။ ငါမင်းကိုသတိရတဲ့အခါတိုင်း မင်းပြောခဲ့တဲ့စကားတစ်ခွန်ကို ပြန်ကြားယောင်ပြီး ငါ့မာနကို အရောင်တင်လိုက်မယ်။ အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ညှိတွယ်ခဲ့တဲ့နှောင်ကြိုးကို လွယ်လွယ်နဲ့ ဖြစ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အချိန်ဆိုတဲ့အရာကတော့ ငါ့ကိုကုစားပေးသွားမှာပါ။ လွယ်လွယ်လေးနဲ့ ဝင်လာဖို့ခက်တဲ့ငါ့ရင်ထဲ့ကအချစ်တွေကို လွယ်လွယ်လေးနဲ့ ပြက်ပျယ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး မရှိခဲ့တာဟာ ငါ့ရဲ့အားနည်းချက်လို့ဆိုမလား။


15 November 2008

Except your Love

My Honey,

If you will leave me alone

you can take all the things

That I possessed.

Your presents you give one in remembrance,

Your photographs you have give as sign of love,

Your love letter that you write,

Through your have taken all the things back

Your love will remain in my heart.


12 November 2008

အတွေ့အကြုံလေးများ

ရေမယ်ရေမယ်နဲ့ မရေးဖြစ်တဲ့ ပို့စ်လေးကို ရေးလိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ နေ့ရက်တစ်ရက်အကြောင်းပါ။
ရုံးမှာရေးထားတဲ့ software လေးကို user စသုံးပြီး UAT( User Acceptance Testing) လုပ်ဖို့ မန်နေဂျာများနဲ့တကွ user site ဖြစ်တဲ့ မူလတန်ကျောင်းလေးကို အရောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာ user site ကို သွားတိုင်း ကိုယ့်ရဲ့user တွေက အသက်ကြီးကြီး ရာထူးကြီးကြီး လူကြီးသူမတွေဖြစ်ပေမဲ့ အခုတစ်ခါမှာတော့ ကိုယ့်ရဲ့user တွေက အသက်ခုနနှစ်အရွယ် primary school မှ ကလေးသူငယ်လေးများ ဖြစ်နေပါတယ်။ အတန်းထဲကိုရောက်တော့ ကလေးတွေက အခန်းထဲကိုမရောက်ကြသေးဘူး။ တခြားအခန်းမှာသင်ပြီးမှ ဒီဘက်အခန်းကို ပြောင်းလာကြပုံရတယ်။ ကလေးတွေ သုံးဖို့အတွက် fujitsu tablet လေးတွေကို ဗီရိုလိုမျိုးထဲ့မှာထည့်ပြီး ဘက်ထရီသွင်းထားပေးတယ်။ မြန်မာပြည်မှာက တက္ကသိုလ်တွေမှာတောင် ကွန်ပျူတာတွေကို Lab ထဲမှာအလုအယက်သုံးနေရတဲ့အချိန်မှာ ဒီက primary one ကလေးတွေကတော့ fujitsu tablet တစ်ယောက်တစ်လုံးနဲ့။ အခြေအနေက အဲဒီလို တန်းတူလိုက်နေတာ။
အတန်းထဲကို ကလေးတွေဝင်လာပြီဆိုရင်ဘဲ သူတို့သုံးမဲ့ laptop လေးတွေကို ကိုယ်တိုင်ယူ ကိုယ့် user account နဲ့ login ဝင်ပြီးတာနဲ့ Typing tutor website ကိုဖွင့်ပြီး အဖျောင်းဖျောင်းရိုက်နေတော့တာဘဲ။ အမယ် တို့များ ကိုကို မမတွေတင် blog သုံးကြတာမဟုတ်ဘူး ခုနနှစ်အရွယ် ကလေးလေးတွေကလည်း blog သုံးကြတယ်ဗျ။ သူတို့တွေ သင်ဖို့ သင်ခန်းစာတွေကို blog ပေါ်မှာတင်ထားပေးပြီး သင်ကြားမှုတွေလုပ်တယ်။ software လေးကိုစသုံးဖို့လုပ်တော့ ကလေးတွေကို network IP ပေးပြီး wireless နဲ့ဆရာမရဲ့စက်ကို connect လုပ်ခိုင်းတယ်။ တချို့ကလေးတွေက သင်ခန်းစာကိုလိုက်မလုပ်ဘဲ typing ဘဲရိုက်နေလို့ မနည်းပြောယူရတယ်။ စသုံးပြီဆိုတာနဲ့ electronic roll call ခေါ်ပြီး ကလေးတွေက သူတို့ laptop ကနေ သူတို့ရဲ့ ID ကိုရိုက်စေကာ စာသင်မှုကို စတင်ပါတယ်။ ဒါတောင်လိုက်မလုပ်တဲ့ ကလေးတွေကရှိပြီး နောက်ဆုံးဘယ်လိုမှပြောမရတော့ ဆရာမက ကလေးတွေအားလုံးကို လက်မြှောက်ခိုင်းကာ software ကိုဘယ်လိုသုံးရမယ်ဆိုတာသင်ပြပြီး စတင်သင်ကြားပါတယ်။ ဆရာမက webcam ကိုသုံးပြီး ကလေးတွေရဲ့ laptop မှာသူ့ရဲ့ပုံကို ပြလိုက်တဲ့အခါမှာတော့ ဆရာမရဲ့ပုံကို သူတို့ laptop မှာမြင်ရရော ဝေးလို့အော်ပြီးပျော်သွာကြတယ်။ ဆရာမက ကလေးတွေရဲ့ kewboard နဲ့ mouse တွေကို သုံးလို့မရအောင် control လုပ်တဲ့ အခါမှာတော့ "Teacher!! Why you control my computer" လို့အော်ပြီး complain လုပ်ပါတယ်။ complain နိုင်ငံလို့ဆိုတဲ့အတိုင်း ငယ်ငယ်လေးနဲ့ complain တက်တာက အကျင့်ဖြစ်နေပြီထင်ပါတယ်။ စာသင်နေတဲ့အချိန်မှာ ကလေးတချို့ရဲ့စက်တွေက ဘက်ထရီကုန်သွားလို့ ဘက်ထရီလဲပေးရသေးတယ်။
ဘာပဲပြောပြော စိတ်လှုပ်ရှာဖွယ်ကောင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်ကို လက်တွေ့မြင်ရတော့ တကယ်ဘဲလေးစား အံ့သြမိတယ်။ တို့မြန်မာနိုင်ငံကြီးလည်း သူတို့လို ပညာရေးစနစ်လေးလုပ်ပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလိုမျိုးပေါ့။ သူတို့ရဲစနစ်တွေ အားလုံးမမှီရင်တောင်မှ ပညာရေးအဆင့်အတန်းလေးမြှင့်တင်ပေးခဲ့ရင် တိုးတက်တဲ့နိုင်ငံကြီးဖြစ်လာမှာ မလွဲမသွေဖြစ်ပါတယ်။

06 November 2008

ပျော်ပျော်ပါးပါးလှေလှော်သွားကြမလား?






ရုံးမှ သူငယ်ချင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ bedok Reservior မှာ dragon boat သွားစီးခဲ့ကြတဲ့ဓာတ်ပုံလေးတွေကို share လိုက်ပါတယ်။

30 October 2008

ပီတိရဲ့အရသာ

bonus တဲ့ … နာမည်လေးက စွဲဆောင်မှုရှိတယ်။ လူတိုင်းလည်း လိုချင်ကြတယ်။ Bank Account လေးထဲမှာ လစာရဲ့နှစ်ဆ ပိုနေတဲ့ ပမာဏလေးကို တွေလိုက်ရတော့ အတိုင်းမသိ ဝမ်းသာသွားခဲ့တယ်။ ရမယ်လို့ သိထားခဲ့ပေမဲ့ တကယ်ရလာတော့ အတိုင်းထက်အလွန် ပါဘဲ။ အလုပ် လုပ်လာတာကြာပြီ တစ်ခါမှ မရဖူးဘဲကိုး။ ကိုယ့်ရလုပ်အားနဲ့ရထားတဲ့ အပိုဆုကြေးလေးကို တန်ဖိုးရှိအောင်သုံးမယ်လို့ စဉ်းစားထားတယ်။ တလောကဘဲ အမေက ငါးကျပ်သား လက်ကောက်လေးလိုချင်တယ်လို့တော့ အဆိုသာ။ ဒါနဲ့ ရွှေဈေးကို မေးကြည့်တော့ ငါးသိန်းကျော်တဲ့။ ရထားတဲ့ bonus လေးက မပြည့်တပြည့်မို့ လိုတာလေးကိုစိုက်ပြီး အမေ့ကို ကန်တော့လိုက်တယ်။ အဖေကတော့ နောက်တစ်ခေါက်ပေါ့။ တောင်းတတ်တဲ့ ကလေးက မုန်းစားရတယ်ဆိုလားဘဲ။
ဒီမှာနေရတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းကို ရှာဖို့၊ မိသားစုကို ထောက်ပံ့ပေးနိုင်ရမယ် ဆိုတာလေးနဲ့ ကြိုးစားပြီးနေရတာဘဲ။ မပျော်လည်းနေ ပျော်လည်းနေပေါ့။ တကယ်တမ်းကျတော့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်ကျင် အရာအားလုံးကို စွန့်ပြီးလာရတာ။ ထိုက်တန်တဲ့ အကျိုးအမြတ်တစ်ခုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒီမှာနေကြတဲ့လူတွေထဲမှာ တချို့က ဘဝကိုဘယ်လိုတိုးတက်အောင် ကြိုးစားရင်းနဲ့ အချိန်တွေကိုကုန်လွန်ကြတယ်၊ တချို့က ပေါ့ပေါ့ပါးပါး ရေလိုက်ငါးလိုက် ရရစားစားဘဝနဲ့ အချိန်တွေ ကုန်သွားကြတယ်။ ကိုယ့်ရဲ့ရှေ့ဆက်ရှောက်မဲ့ဘဝကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မှာလည်းလို စဉ်းစားထားဖို့က အရေးကြီးတယ်လို့ထင်မိတယ်။ ကိုယ်တိုင်လည်း တခါတလေမှာ ရေလိုက်ငါးလိုက်နဲ့ အချိန်တွေကို အကျိုးမရှိသုံးမိလိုက်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ လွင့်ပါးနေတဲ့စိတ်တွေကို ထိန်းချုပ်ရင်း… ဘဝဆိုတဲ့ ခရီးကြမ်းကို ဖြတ်သန်းရင်း… ပျော်ရွှင်ရမဲ့ နေ့ရက်တချို့ကို စောင့်ဆိုင်းနေပါတယ် …

29 October 2008

What is Marketing?

You see a gorgeous girl at a party.
You go up to her and say, 'I am very rich. Marry me!'
That's Direct Marketing

You're at a party with a bunch of friends and see a gorgeous girl.
One of your friends goes up to her and pointing at you says, 'He's very
rich. Marry him.'
That's Advertising.

You see a gorgeous girl at a party.
You go up to her and get her telephone number.
The next day you call and say, 'Hi, I'm very rich. Marry me.'
That's Telemarketing.

You're at a party and see a gorgeous girl.
You get up and straighten your tie; you walk up to her and pour her a drink.
You open the door for her, pick up her bag after she drops it, offer her a
ride, and then say, 'By the way, I'm very rich 'Will you marry me?'
That's Public Relations.

You're at a party and see a gorgeous girl.
She walks up to you and says, 'You are very rich, I want to marry you.'
That's Brand Recognition.

You see a gorgeous girl at a party.
You go up to her and say, 'I'm rich. Marry me'
She gives you a nice hard slap on your face.
That's Customer Feedback.


Hey... you guys.. Do you know how strategies need to use?

28 October 2008

ကာရန်မဲ့သော

ပျော်ရွှင်ခဲ့တဲ့ ဟိုရင်ချိန်
ပြန်လည်သတိရ တမ်းတဆဲ …

မင်သာ ထာဝရ အနားရှိနေရင်
ပျော်ရွှင်မှုဖြင့်
ငါ့ဘဝတစ်ခု ပြည့်စုံသွားပြီ ….

စွမ်းအားတွေသာရှိမယ်ဆိုရင်
ဝင်ကြည့်ချင်တယ် မင်းရင်ဆီကို …..

27 October 2008

Get to the Root of the Problem

Were there times when you desperately needed to make a decision but found yourself running around in circles instead? It is likely that you failed to come to a conclusion because you were cornered by your own perspective.

Here is the sharing on some of the difficulties a decision maker encounters when it comes to making tough decisions.

Lack of Clear Objectives

  • Making a decision requires a clear objective.
  • Until you figure out what is your true objective, perhaps you might want to revisit your decision question.
  • Align your decision to your main objective.
Lack of Clear Constraints
  • The focus is usually on the boundary of the constraint and not what can be done within.
  • For example, when you hear words like “budget constraints”, you normally think that nothing much can be done about it.
  • A good decision maker embraces constraints and works within them to create the right outcome.
  • Of course, too many obstacles make it difficult to arrive at a solution.
  • So it is important to identify only the key constraints in the decision process.
Lack of Clear Perspective

  • The lack of fresh perspectives is one of the key hurdles that hampers decision-making.
  • It is more difficult for a person to look at the situation from another angle if he has a vested interest in a decision.
  • He may prefer one or two options over the other, regardless of merit.
  • His rationale is formed by his experiences, expertise or assumptions, which may not be appropriate for the situation at hand.
  • The inability to reframe his thoughts will lead him back to his problem.
  • A good decision maker must be able to shift his focus, look at his constraints and assumptions objectively and understand the limits of his thinking.

Difficulty with Emotions

  • Almost all decision-making models view emotions as a hindrance to good decisions.
  • However, your intuition has been honed by years of decision-making success.
  • Instead of ignoring the key element of our humanity, we should learn to use it to greater effect.

Difficulty in Selecting the right option
  • Experienced decision-makers face difficulties in selecting the right option because of the possibility of a bad outcome.
  • This fear paralyses the decision-maker as the outcome is being delayed waiting for the “right time” or “more information”.
  • Sometimes the longer you wait, the greater the chance that circumstances have shifted out of your favor and the higher the chance of a bad outcome.
  • If a decision has to be made, make it fast.

Choose the option that meets all your constraints, complements your decision objective and the amount of resources you have and holds the least or most manageable risk.


*** Extract from The Straits Times (RECRUIT), Tuesday, August 26, 2008

21 October 2008

MPA မှသူငယ်ချင်းများသို့

ဒီနေ့ MPA မှသူငယ်ချင်းတစ်ယောက် online ရောက်လာပြီး သူတို့ ဘွဲ့နှင်းသဘင်တက်ပြီးကြောင်း၊ Dinner မှာရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလာပြတယ်။ သူတို့တွေဘွဲွဲ့တွေယူကြပြီဆိုတော့မှ ကိုယ်လည်း အဲဒီဘွဲ့ကို စွန့်လွတ်ခဲ့တာကို နောင်တရတယ်။ ကျောင်းပြီးပြီးချင်း Thesis မလုပ်ဘဲ ဒီကိုထွက်လာခဲ့တော့ ဘွဲ့ရဖို့က မဖြစ်နိုင်တော့ဘူး။ ထွက်လာကာစကတော့ ဒီကနေ Thesis ရေးပြီး supervisor ကိုလှမ်းပို့မယ်။ လူတွေ့ဖြေမှဘဲ ပြန်ပြီးဖြေမယ်ပေါ့။ ဒါပေမဲ့လေ ဒီလည်းရောက်ရော အလုပ်ထဲမှာ ပြောင်းဆန်နေတာနဲ့ Thesis ရေးဖို့ မပြောနဲ့ အခြေကျအောင်ဘဲ မနည်းကြိုးစားရတာ။ ဒါနဲ့ဘဲ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ကိုယ်က အဲဒီဘွဲ့နဲ့ လုပ်မစားဘူးဆိုတာ သေချာတာကြောင့် ဘွဲ့မယူတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ IT ဆိုတဲ့လမ်းကြောင်းကြီးကိုလျှောက်နေတာကြာပြီဆိုတော့ လမ်းပြောင်ပြီးမလျှောက်ချင်ဘူး။ ဘွဲ့ရအောင်ထိ မလုပ်နိုင်ခဲ့ပေမဲ့ ၂-နှစ်ဆိုတဲ့ စာသင်နှစ်အတွင်းမှာ Public Administration အကြောင်းကို တော်တော်လေးသိခဲ့ရတယ်။ နိုင်ငံတော် အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေ၊ တိုင်းပြည်တစ်ပြည်ရဲ့ တိုးတက်မှုအတွက် Management ပိုင်းရဲ့ လိုအပ်ချက်တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး Administration ပိုင်တွေ၊ ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ရမယ်ဆိုတာတွေ၊ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဟာကွက်တွေ အများကြီးသိလာခဲ့ရတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း အတွေ့အကြုံးအများဆုံးရှိတဲ့ ဆရာ၊ဆရာမတွေချည်းဆိုတော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။ အတွေ့အကြုံးနည်းသေးတဲ့ ဆရာ၊ဆရာမတွေ တစ်ယောက်မှမပါဘူး။ အားလုံးလိုလိုက ပါမောက္ခ(သို့မဟုတ်) ဒေါက်တာ အဆင့်တွေဆိုတော့ ကောင်းတာလည်း မပြောနဲ့လေ။ တက်ရတာကလည်း ရန်ကုန် စီးပွားရေးတက္ကသိုလ်(ပင်မ) မှာဆိုတော့ တက္ကသိုလ်ဆိုတဲ့အရသာကို အပြည့်အဝခံစားရတယ်။ အတန်းချိန်မရှိရင် ကန်ဘောင်ကိုသွားပြီး မုန့်စားလိုက်၊ စိမ်းလန်းစိုပြေသွားလိုက်၊ သစ်ပုတ်ပင်ဖက် ဓာတ်ပုံသွားရိုက်လိုက်၊ စာကြည်တိုက်မှာ Internet လေးလုသုံးလိုက်နဲ့ တကယ့်ကို မမေ့နိုင်စရာ နေ့ရက်တွေပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တက်ရတာနဲ့ကတော့ ဆီနဲ့ရေလို ကွာပါတယ်။ ရွာသာကြီးမှာက ကျောင်းကလည်းဝေး၊ မြွေကလည်းပေါ၊ ရာသီဥတုကလည်းပူ၊ သစ်ပင်ရိပ်ကကျဲကျဲ။ ကျောင်းကားတွေက ခဏခဏမှောက်၊ ဟီး ဟီး … ကိုယ့်ကျောင်းကို အမွန်းတင်တာပါ။ နည်းနည်းများသွားဘီထင်တယ်။ MPA မှာတွေ့ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းလူကြီးဆန်ပြီး စိတ်ဓာတ်ရင့်ကျက်တဲ့သူတွေ ရှိသလို ကလေးအရမ်းဆန်တဲ့ လူကြီးတွေလည်း တွေရတယ်။ ဒါပေမဲ့ အားလုံးက Management ပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေကြည့်ပါဘဲ။ presentation တွေရှိရင်၊ စာမေးပွဲတွေရှိရင် အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အိမ်တလှည့် ကိုယ့်အိမ်တလှည့် စာတူတူလုပ်ကြတယ်။ စာမေးပွဲနီးမှ မိုးလင်းပေါက်နီးနီး စားကျက်ခဲ့ကြတဲ့ အချိန်တွေကို သတိရတယ်။ ရုန်ကန်လှုပ်ရှားခဲ့ရတဲ့ အချိန်တွေကို အောက်မေ့သတိရမိတယ်။ အခုချန်ထိလည်း ဘဝပင်လည်ထဲမှာ ရုန်ကန်နေဆဲပါဘဲ။ ဒီစာလေးကိုရေးရင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကံဇော်နှင့်တကွ စာသင်ပေးခဲ့သော ဆရာ၊ဆရာမ ပါမောက္ခများ၊ ဆရာ၊ဆရာမများကို ရိုသေစွာ ကန့်တော့လိုက်ပါတယ်။
P.S-သူငယ်ချင်းပေးတဲ့ Link လေးပါ။ http://popularmyanmar.com/popw/?p=586