15 September 2008

ဝမ်းနည်းမိတဲ့နေ့

ဒီနေ့ စိတ်ထဲမှာအရမ်းဝမ်းနည်းလာတာကြောင့် ငိုမိတယ်။ စိတ်ညစ်လာရင် ကမ်းစပ်တစ်ခုခုကို သွာပြီထိုင်ချင်တာကလည်း အကျင့်တစ်ခုဖြစ်နေပြီ။ ဒါနဲ့ အိမ်နဲ့ နီးနီနာနား ဘယ်နားကို သွားထိုင်ရမလဲ စဉ်းစာလိုက်တော့ နေရာတစ်ခုကို စဉ်းစားမိတာနဲ့ ချက်ချင်းထွက်လာခဲ့တယ်။
အဲဒီနေရာလေးက စလုံးမှာ အရင်တချိန်က အရမ်းစည်ကားတဲ့နေရာလေးလို့ သူတို့နိုင်ငံသားတွေကပြောတယ်။ wedding လိုမျိုး အထိမ်းအမှတ်ပွဲတစ်ခုခုလုပ်ရင် အဲဒီနေရာလေးကိုအမြဲသွားကြတယ်တဲ့။ နှစ်တွေကြာလာပြီး အခုတော့ ဘယ်သူမှ မသွားကြတော့ဘူးလို့ပြောတယ်။ ရေကန်ထဲမှာ ကြာပန်းတွေလည်းရှိတယ်။ သစ်သားတံတားလေးလည်းရှိတယ်။ မရိတ်တာကြာလို့ရှည်နေတဲ့မြက်တွေလည်းရှိတယ်။ ဒါပေမဲ့ အေးချမ်တဲ့နေရာလေးပါဘဲ။ ဒီမှာရောက်နေတဲ့သူတွေလည်း အဲဒီနေရာလေးကို ရောက်ဖူးကြမှာပါ။ သတိမထားဖြစ်ကြရင်တော့ မသိဘူး။
ရေကန်လေးဘေးမှာထိုင်ပြီတော့ စိတ်လိုလက်ရတွေးလိုက် မျက်ရည်ကျလိုက်ပေါ့။ မိုကလည်းဖွဲဖွဲလေးရွာနေသေတယ်။ စိတ်ညစ်နေတဲ့အချိန်တိုင်း ဖုန်းခေါ်နေကြ သူငယ်ချင်းလေးကို စကားပြောလိုက်သေးတယ်။ ကျေးဇူးပါသူငယ်ချင်း။
တစ်နာရီလောက်ကြာတော့ ရေပြင်ကိုလရောင်လေးလွှမ်းမိုလာတယ်။အော်.. ဒီနေ့ တော်သလင်းလပြည့်နေကိုး။ လျှပ်စစ်မီရောင်တွေကို လရောင်ကမလွှမ်နိုင်ပေမဲ့ လရောင်ကလည်း သူအလှနဲ့သူ ထိန်လင်းစွာတောက်ပနေပါတယ်။ ဒီကိုရောက်နေတာ တစ်နှစ်ကျော်ပြီဖြစ်ပေမဲ့ လရောင်ကိုအခုလောက်ကြာကြာမခံစာဘူးသေးဖူး။ လရောင်အောက်မှာလမ်းလျှောက်ရတဲ့ အရသာကို အရမ်းကြိုက်တယ်။ လရောင်အောက်မှာလမ်းလျှောက်နေရင်း စိတ်ထဲမှာကြည်နူးလာတယ်။ အော်.. ထိခိုက်ခံစာလွယ်လွန်းတဲ့ ငါ့စိတ်ပါလား…

2 comments:

thonn thonn said...

ဖြစ်တတ်ပါတယ် ..။ အဲလိုလေး စိတ်ဖြေလိုက်တော့ ပေါ့သွားတာပေါ့။ သွန်းသွန်းဆို ဘာမှမလုပ် ငုတ်တုန်ထိုင်နေတာ..ကျောက်ရုပ်လို။

MrDBA said...

တယ်လုပ်နေတယ်ပါလား။ ကြိုးစားဗျို့ ။ ဘလော့ပြီဆိုရင်တော့ နောက်က ကျားလိုက်သလိုဘဲ ရေးဖို့ချည်းဘဲ စဉ်းစားနေရတာ။ မဆိုးဘူး အိပ်ရေးပျက်ပြီး ပိတ်သွားနိုင်တယ်။ :P