25 September 2008

အတ္တကို အရောင်တင်ကြသူများ

လူအကြောင်းပေါင်းကြည့်မှသိတဲ့။ သိပ်မှန်တဲ့စကားတခွန်းပါဘဲ။ အမှတ်မထင်တွေ့ခဲ့ကြပြီး အရမ်းခင်သွားတဲ့ သူငယ်ချင်းတွေရှိသလို ပေါင်းလာတာကြာပြီးမှ မိတ်ပျက်သွားတဲ့ သူငယ်ချင်းတွေလည်းရှိပါတယ်။ ပိုက်ဆံကြောင့်မိတ်ပျက်သွားတဲ့ သူငယ်ချင်းသုံးယောက်ရှိသွားပြီ။ လူဆိုတာလည်းအခက်သား ငွေမျက်နှာတစ်ခုကိုကြည့်မိပြီဆိုရင် သူငယ်ချင်း မိတ်ဆွေဆိုတာ မရှိတော့ဘူး။ ငွေကြေးနောက်ကွယ်မှာ ဆုံးရှုံးသွားတဲ့အရာတွေကို သူတို့ မမြင်လိုက်ကြဘူး။ ငါဆိုတဲ့အတ္တကို အရောင်တောက်လာအောင် ကြိုးစားကြရင်း အချိန်တွေကုန်သွားကြတယ်။ တစ်ယောက်ချင်းဆီပေါ်မှာရတဲ့ ခံစားမှုတွေကတော့ မတူညီဘူး။ သူတို့တွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်တော့ ပြန်သုံးသပ်မိတယ်။ ငါသူတို့တွေနဲ့ပတ်သက်ပြီး ဘယ်လိုသင်ခန်းစာရလဲ ဆိုပြီးပေါ့။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကို ဖြေသိမ့်နိုင်အောင်ဘဲ ကြိုးစားရမယ်။ ငါးရာနဲ့တန်ဖိုးဖြတ်တဲ့သူက ငါးရာတန်သူငယ်ချင်း၊ ငါးဆယ်နဲ့တန်ဖိုးဖြတ်တဲ့သူက ငါးဆယ်တန်သူငယ်ချင်းပေါ့။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်လိုက်ကြတယ်လို့ ယူဆပါတယ်။ အတွေ့အကြုံမျိုးစုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစာမိတာက သူတို့နေရာမှာငါဆိုရင်ကော အဲဒီလိုလုပ်မှာလား????

2 comments:

thonn thonn said...

စိတ်ပျက်စရာတွေဆိုတာ ဒီလိုပဲ မမရေ...။ Learn from experience လေ။ ကံဆိုးခြင်းတွေဆိုတာ ကိုယ့်အရည်အသွေးကို တောက်ပြောင်လာအောင် တိုက်ချွတ်ပေးနေတဲ့ အရာတွေလို့ပဲ သတ်မှတ်ပါ။

Than Yaw Zin said...

အခုလို အားပေးတဲ့အတွက်ကျေးဇူးပါ ညီမလေးရေ.. အခုချိန်မှာတော့မုန်တိုင်းတွေ ထန်နေပါတယ်။