04 November 2010

ချစ်သူ…..

ဆုံတွေ့ခြင်းဟာ
ခွဲခွာရခြင်းရဲ့ နိဒါန်လေ....
မမျှော်လင့်ဘဲ ရင်ထဲကိုဝင်လာပြီ
ရုတ်တရက်
ပြန်လည်ထွက်ခွာသွားတဲ့ ချစ်သူ…..

ခွန်းဆင့်သံချို စကားလုံးတွေကို
ပြန်လည်းကာကြား
လွမ်းစွတ်တမ်းတ
ရင်မှာ ငိုကြွေးရပြီလေ……

ပျော်ရွှင်ကြည်နူး
ရင်ခုန်ခဲ့ရတဲ့နေ့ရက်တချို့
ရှောင်ပုန်းထွက်ခွာလို့
လွမ်းစွတ် ကြေကွဲမှုတွေနဲ့
ရှင်သန်နေရဦးမယ်လေ…..

ရင်ကိုနွေးထွေစေတဲ့
စကားလုံးတစ်ချို့ကို
ပြန်လည်ကြားယောင်ရင်း …..
ဟန်ဆောင်မှုကင်းတဲ့
ချစ်ခြင်းတချို့ကို
ရင်ထဲမှာ သိမ်းထားရင်းနဲ့
နားလည်စွာနဲ့ ချစ်နေမှာပါ
ပျော်ရွှင်ပါစေ ချစ်သူ ……..

2 comments:

ကိုဇော် said...

အဲဒီလို . . . .
ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကို တချိန်တုန်းက ရွတ်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း....

အုပ်ကြီး said...

" ...ချစ်ခြင်းတချို့ကို ရင်ထဲမှာ သိမ်းထားရင်းနဲ့ နားလည်စွာနဲ့ ချစ်နေမှာပါ ပျော်ရွှင်ပါစေ ချစ်သူ …….."

ချစ်သူသာသိရင်ပျော်မလား ..ကြေကွဲခံစားရမလားမသိဘူးနော် ..