15 November 2010

အိမ်ပြန်ချိန်


Holiday Mood  ဝင်နေပါသည် .... ဘလော့ရေးရန်လည်း စိတ်မဝင်စားပါ... နှုတ်ဆက်တဲ့ ပို့လေးရေးဖို့လည်း ဘယ်လိုမှ အာရုံမရပါ.... အိမ်ပြန်ရင် ဘာလုပ်မယ် ဘာစားမယ်ဆိုတာတွေဘဲ တန်းစီတွေးနေမိသည်....
အိမ်ပြန်ချိန်တွေကတော့ အမြဲတမ်း ရင်ခုန်စရာကောင်းပါတယ်။ အိမ်ပြန်ရတောမယ်ဆိုတဲ့အသိက ရင်ကိုနွေးထွေးစေတယ်....မွန်းကျပ်မှုတွေ စိတ်အားငယ်မှုတွေရှိလာတိုင်း အရင်ဆုံးသတိရမိတာက အမေ့ရဲ့အိမ်လေ... အဝေးမှာနေရတဲ့သူတိုင်းအိမ်ကို လွမ်းစွတ်တမ်းတာမိကြတာ သဘာဝပါ.... ရန်ကုန်ရောက်တဲ့နေ့ဘဲ ညနေဘက် ညကားစီးပြီးမေမြို့ ပြန်မယ်...တစ်ယောက်ထဲခရီးသွားရတာလဲ တစ်ခါတလေတော့ ကောင်းပါတယ်...  ညဘက်တစ်ညလုံး ကားစီးရတဲ့ အရသာကိုလည်း ကြိုက်တယ်..... တစ်ညလုံးကားစီး လမ်းမှာရပ်ပေးတဲ့ ညလည်းစားကိုစားလိုက် ပြန်အိပ်လိုက်နဲ့ မနက်စောစော လေးငါးနာရီဆို မန္တလေးရောက်ပြီ.... ကားက ရန်ကုန်-ပြင်ဦးလွင် တိုက်ရိုက်ဆိုတော့ မေမြို့  - မန္တလေးတောင်တက်လမ်းတွေကို express ကားကြီးနဲ့ တက်ရတာလဲ တစ်မျိုးတော့ ရင်ခုန်ချင်စရာကောင်းသား... နှစ်ဆယ့်တစ်မိုင်မှာ မနက်စားလေးစားပြီး ခြောက်ထပ်ကွေ့ကို ကားကြီးနဲ့တက်...နည်းနည်းတော့ ကြောက်စရာကောင်းတယ်.... မနက်ခုနစ်နာရီခွဲလောက်ဆို မေမြို့  ဝင်ပြီ..

ဆောင်းတွင်းရောက်နေပြီဆိုတော့ အရောင်အသွေးစုံနေတဲ့ဆွယ်တာလေးတွေရယ်... အရောင်စုံပွင့်နေတဲ့ ပန်းပေါင်းမျိုးစုံကို မြင်ခွင့်ရတော့မယ်.... ချယ်ရီပန်းတွေ့ ပွင့်တဲ့အချိန်မဟုတ်လို့ ချယ်ရီကိုတော့ မြင်ခွင့်ရမယ်မထင်ဘူး.... ဘာပဲဖြစ်ဖြစ်လေ ဆောင်းချမ်းချမ်းမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းစီးပြီး လျှောက်သွားတဲအရသာကိုကြိုက်တယ်.... ညဘက်ဆို ခြေလက်တွေအေးကိုက်နေတဲ့အထိ ဆိုင်ကယ်စီးပြီး လျှောက်သွားလေ့ရှိတယ်.... စတော်ဘယ်ရီတွေလည်းပေါ်နေလောက်ပြီ်ဆိုတော့ ထီးလှိုင်ကိုသွား.... စတော်ဘယ်ရီးတွေကို ကိုယ်တိုင်ခူးပြီးသောက်ရတာလည်း ပျော်စရာတမျိုးဘဲ....

မေမြို့ရောက်ပြီဆိုတာနဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲက စနေပြီလေ... အရင်နှစ်က တစ်ရက်တည်းကြည့်ပြီးပြန်လာရတော့ မီးပုံးတွေ အကုန်မကြည့်ခဲ့ရဘူး... ဒီနှစ်မှာတော့ အစအဆုံးကြည့်ရတော့မယ်... တောင်ကြီးတန်ဆောင်တိုင်လောက်မစီကားပေမဲ့ တော်တော်လေး စီတဲ့ ပွဲတစ်ပွဲပါ... မီးပုံးပျံပွဲမှာ IC Show နှစ်ညပါတယ်ဆိုတဲ့ သတင်းကလည်းရထားတော့ အနည်းဆုံးတစ်ညတော့ ကြည့်ဖြစ်အောင် ကြည့်ဦးမယ်....  နှင်တွေဝေနေတဲ့ ပွဲဈေးတန်းမှာ  ရဟတ်စီးရတာကလည်း ပျော်စရာကောင်းတယ်....

အိမ်ပြန်ရောက်ရင် အမျိုးတွေကို လှည့်ပတ်ပြီးကန်တော့လေ့ရှိတယ်...  အရင်တုန်းက အဲလိုကတော့ရင် အဖွားတွေ၊အဒေါ်တွေက မုန်းဖိုးပေးလေ့ရှိတယ်.. အဲဒီအချိန်တုန်းကဆို ကန်တော့ရတာကို အရမ်းပျော်တယ် မုန့်ဖိုးတွေ အမျာကြီးရလို့... အခုကျတော့ ကိုယ်ကပြန်ပြီးတော့ပေးတဲ့ အလှည့်ကိုရောက်ပြီလေ... ယူရတဲ့ အရသာထက် ပေးရတဲ့ အခါရလာတဲ့ပီတီက ပိုပြီးချိုမြိန်ပါတယ်....

စင်္ကာပူရေ.... နင်ရဲ့ ခန်းနားထယ်ဝါမှုတွေကို ခဏစွန့်ပြီး ငါချစ်တဲ့မြို့လေးကို ပြန်ဦးမယ်.... ငါမရှိပေမဲ့ နင်ကတော့ ပုံမှန်လည်ပတ်နေမှာပါ... ဒါပေမဲ့ ငါနင့်ကိုအကြာကြီးခွဲမနေနိုင်ပါဘူး... ငါပြန်လာဦးမှာပါ..... ငါ့ရဲ့  ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အတွက် နင့်ရဲ့အကူအညီတွေ ငါလိုအပ်နေဦးမှာပါ...




2 comments:

ကိုဇော် said...

ရေးထားတာ ကြည့်နူးဖို့ ကောင်းလိုက်တာဗျာ။
ကိုယ်တိုင် ရောက်သွားသလိုပါပဲ။
လာလည်ပါဦးမယ်။

Than Yaw Zin said...

လာလည်ပါ... အရမ်းအေးချမ်းတဲ့မြို့လေးပါ.... ရောက်ရင်ပျော်မှာ သေချာတယ်...