29 December 2010
ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်တစ်ယောက်ဖြစ်ဖို့
22 December 2010
နှစ်သစ်ကိုကြိုဆိုခြင်း
၂၀၁၀ ဆိုတဲ့နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၁၁ ဆိုတဲ့နှစ်သစ်ကိုရောက်လာတော့မယ်။ နှစ်သစ်နဲ့အတူ ကံကောင်းခြင်းတွေ ပျော်ရွှင်မှုတွေက စောင့်မျှော်နေကြပြီလေ။ နှစ်ဟောင်းမှာ ကောင်းတာဘာတွေလုပ်ခဲ့တယ် မကောင်းတာဘာတွေလုပ်ခဲ့တယ်ဆိုပြီး ကိုယ့်ကိုကိုယ်သုံးသပ်ကြည့်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင်၊ ပိုစိတ်ချမ်းသာအောင်လုပ်နိုင်ရင် မကောင်းဘူးလား။ အားနည်းချက်လေးတွေ လိုအပ်ချက်လေးတွေကို စဉ်းစားဆင်ချင်ပြီး နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်အောင်လုပ်ဖို့ ကိုယ့်ကိုကိုယ်ကတိပေးပြီး ဖြစ်ချင်တာလေးတွေကို လုပ်ကြည့်နိုင်ရင် ပျော်စရာကောင်းမယ်ထင်တယ်။ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်မလား၊ ဖြစ်နိုင်ချေရောရှိရဲ့လားဆိုတာတွေကို သုံးသပ်ကြည့်ဖို့ လိုလိမ့်မယ်။
ကိုယ့်ဘဝမှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေဖြစ်ချင်လဲ၊ ဘယ်လိုမျှော်လင့်ချက်တွေရှိလဲဆိုတွေကို တွေးကြည့်ရင်း နှစ်သစ်ကိုကြိုဆိုလိုက်ပါ။ ကိုယ့်မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကိုယ်ဖြစ်ချင်တဲ့အရာလေးတွေကို လက်တွေ့ချရေးလိုက်ပါ။ နှစ်သစ်ကိုကြိုဖို့အတွက် ဖြစ်ချင်တဲ့အကြောင်းအရာလေးတွေကို ဥပမာအနေနဲ့ ချရေးရရင်....
15 December 2010
အာရှတွင် ဝိတ်အများဆုံးချနိုင်သူ
15 November 2010
အိမ်ပြန်ချိန်
Holiday Mood ဝင်နေပါသည် .... ဘလော့ရေးရန်လည်း စိတ်မဝင်စားပါ... နှုတ်ဆက်တဲ့ ပို့လေးရေးဖို့လည်း ဘယ်လိုမှ အာရုံမရပါ.... အိမ်ပြန်ရင် ဘာလုပ်မယ် ဘာစားမယ်ဆိုတာတွေဘဲ တန်းစီတွေးနေမိသည်....
အိမ်ပြန်ချိန်တွေကတော့ အမြဲတမ်း ရင်ခုန်စရာကောင်းပါတယ်။ အိမ်ပြန်ရတောမယ်ဆိုတဲ့အသိက ရင်ကိုနွေးထွေးစေတယ်....မွန်းကျပ်မှုတွေ စိတ်အားငယ်မှုတွေရှိလာတိုင်း အရင်ဆုံးသတိရမိတာက အမေ့ရဲ့အိမ်လေ... အဝေးမှာနေရတဲ့သူတိုင်းအိမ်ကို လွမ်းစွတ်တမ်းတာမိကြတာ သဘာဝပါ.... ရန်ကုန်ရောက်တဲ့နေ့ဘဲ ညနေဘက် ညကားစီးပြီးမေမြို့ ပြန်မယ်...တစ်ယောက်ထဲခရီးသွားရတာလဲ တစ်ခါတလေတော့ ကောင်းပါတယ်... ညဘက်တစ်ညလုံး ကားစီးရတဲ့ အရသာကိုလည်း ကြိုက်တယ်..... တစ်ညလုံးကားစီး လမ်းမှာရပ်ပေးတဲ့ ညလည်းစားကိုစားလိုက် ပြန်အိပ်လိုက်နဲ့ မနက်စောစော လေးငါးနာရီဆို မန္တလေးရောက်ပြီ.... ကားက ရန်ကုန်-ပြင်ဦးလွင် တိုက်ရိုက်ဆိုတော့ မေမြို့ - မန္တလေးတောင်တက်လမ်းတွေကို express ကားကြီးနဲ့ တက်ရတာလဲ တစ်မျိုးတော့ ရင်ခုန်ချင်စရာကောင်းသား... နှစ်ဆယ့်တစ်မိုင်မှာ မနက်စားလေးစားပြီး ခြောက်ထပ်ကွေ့ကို ကားကြီးနဲ့တက်...နည်းနည်းတော့ ကြောက်စရာကောင်းတယ်.... မနက်ခုနစ်နာရီခွဲလောက်ဆို မေမြို့ ဝင်ပြီ..
ဆောင်းတွင်းရောက်နေပြီဆိုတော့ အရောင်အသွေးစုံနေတဲ့ဆွယ်တာလေးတွေရယ်... အရောင်စုံပွင့်နေတဲ့ ပန်းပေါင်းမျိုးစုံကို မြင်ခွင့်ရတော့မယ်.... ချယ်ရီပန်းတွေ့ ပွင့်တဲ့အချိန်မဟုတ်လို့ ချယ်ရီကိုတော့ မြင်ခွင့်ရမယ်မထင်ဘူး.... ဘာပဲဖြစ်ဖြစ်လေ ဆောင်းချမ်းချမ်းမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းစီးပြီး လျှောက်သွားတဲအရသာကိုကြိုက်တယ်.... ညဘက်ဆို ခြေလက်တွေအေးကိုက်နေတဲ့အထိ ဆိုင်ကယ်စီးပြီး လျှောက်သွားလေ့ရှိတယ်.... စတော်ဘယ်ရီတွေလည်းပေါ်နေလောက်ပြီ်ဆိုတော့ ထီးလှိုင်ကိုသွား.... စတော်ဘယ်ရီးတွေကို ကိုယ်တိုင်ခူးပြီးသောက်ရတာလည်း ပျော်စရာတမျိုးဘဲ....
မေမြို့ရောက်ပြီဆိုတာနဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲက စနေပြီလေ... အရင်နှစ်က တစ်ရက်တည်းကြည့်ပြီးပြန်လာရတော့ မီးပုံးတွေ အကုန်မကြည့်ခဲ့ရဘူး... ဒီနှစ်မှာတော့ အစအဆုံးကြည့်ရတော့မယ်... တောင်ကြီးတန်ဆောင်တိုင်လောက်မစီကားပေမဲ့ တော်တော်လေး စီတဲ့ ပွဲတစ်ပွဲပါ... မီးပုံးပျံပွဲမှာ IC Show နှစ်ညပါတယ်ဆိုတဲ့ သတင်းကလည်းရထားတော့ အနည်းဆုံးတစ်ညတော့ ကြည့်ဖြစ်အောင် ကြည့်ဦးမယ်.... နှင်တွေဝေနေတဲ့ ပွဲဈေးတန်းမှာ ရဟတ်စီးရတာကလည်း ပျော်စရာကောင်းတယ်....
အိမ်ပြန်ရောက်ရင် အမျိုးတွေကို လှည့်ပတ်ပြီးကန်တော့လေ့ရှိတယ်... အရင်တုန်းက အဲလိုကတော့ရင် အဖွားတွေ၊အဒေါ်တွေက မုန်းဖိုးပေးလေ့ရှိတယ်.. အဲဒီအချိန်တုန်းကဆို ကန်တော့ရတာကို အရမ်းပျော်တယ် မုန့်ဖိုးတွေ အမျာကြီးရလို့... အခုကျတော့ ကိုယ်ကပြန်ပြီးတော့ပေးတဲ့ အလှည့်ကိုရောက်ပြီလေ... ယူရတဲ့ အရသာထက် ပေးရတဲ့ အခါရလာတဲ့ပီတီက ပိုပြီးချိုမြိန်ပါတယ်....
စင်္ကာပူရေ.... နင်ရဲ့ ခန်းနားထယ်ဝါမှုတွေကို ခဏစွန့်ပြီး ငါချစ်တဲ့မြို့လေးကို ပြန်ဦးမယ်.... ငါမရှိပေမဲ့ နင်ကတော့ ပုံမှန်လည်ပတ်နေမှာပါ... ဒါပေမဲ့ ငါနင့်ကိုအကြာကြီးခွဲမနေနိုင်ပါဘူး... ငါပြန်လာဦးမှာပါ..... ငါ့ရဲ့ ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ဖို့အတွက် နင့်ရဲ့အကူအညီတွေ ငါလိုအပ်နေဦးမှာပါ...
08 November 2010
ကျွန်မနှင့် ဖိနပ်များ
ဖိနပ်ဆိုတာ လူတစ်ဦးတစ်ယောက်အတွက် အမြဲတမ်းလိုအပ်နေတဲ့ မရှိမဖြစ်အရာတစ်ခုပါ။ ဖိနပ်တွေကို ကြိုက်တတ်တဲ့ကျွန်မ ဖိနပ်တွေအများကြီးဝယ်တတ်တဲ့အကျင့်က အဆန်းတော့ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ဆယ်ရံထက်မနဲ့တဲ့ ကျွန်မရဲ့ဖိနပ်တွေဟာ တခါတလေမှာတော့ အလုပ်ရှုပ်သား.. အထူးသဖြင့် အိပ်ခဏခဏပြောင်းလွန်းတဲ့ကျွန်မအတွက် ဖိနပ်တွေကို သိမ်းရတာအလုပ်တစ်ခုပါဘဲ။
တချို့ဖိနပ်တွေက ဈေးအင်မတန်ကြီးသလို လှပဆန်းသစ်မှုဟာလည်း အမျိုးမျိုးရှိကြပြန်တယ်။ တလောက ကမ္ဘာ့ဈေးအကြီးဆုံး ဖိနပ်တစ်ရံဆိုပြီး ဖတ်လိုက်မိတယ်။ ကျောက်မျက်ရတနာ ဒီဇိုင်းပညာရှင် Christopher Michael Shellis ဖန်တီးထားတဲ့ Eternal Diamond (အဆုံးမဲ့ ထာဝရစိန်) လို့ခေါ်တဲ့ ဒေါက်မြင့်ဖိနပ် ကို ရောင်းဈေးက ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၅,၀၀၀) တန်ပါသတဲ့။ အဲလောက်ဈေးကြီးတဲ့ဖိနပ်ကိုတော့ ဝယ်စီးဖို့စိတ်ကူးမရှိတာအမှန်ပါ…
တချို့ဖိနပ်တွေက ဈေးအနည်းငယ်ကြီးတယ်။ တော်တော်လေးလှတော့ စီးချင်တဲ့စိတ်ဖြစ်မိတာနဲ့ ဝယ်လိုက်တယ်။ ဆိုင်မှာ ခဏစီးကြည့်တာတော့လည်း အဆင်ပြေနေတာဘဲလေ။ တကယ်တမ်း စီးတဲ့အခါမှာတော့ မျက်ရည်ကျလောက်အောင် နာကျင်ပြီ ဒုက္ခပေးတဲ့ အတွက်ကြောင့် ခဏသာစီးပြီး ဘယ်တော့မှ ထပ်မစီးဖြစ်တဲ့ ဖိနပ်တစ်ရံလည်း ရှိခဲ့ဘူးတယ်။ ဘယ်လောက်ဘဲကြိုက်ကြိုက် ကိုယ်နဲ့ အဆင်မပြေတဲ့ဖိနပ်ကိုတော့ ကြိတ်မှိတ်ပြီးမစီးနိုင်ပါဘူး။
တချို့ဖိနပ်ကျပြန်တော့ ဈေးလည်းသိပ်မကြီးဘူး။ ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ စီလို့ကောင်းတယ်။ ခြေထောက်ကိုလည်းပေါက်ပြဲမှု မရှိဘူး။ ဒါပေမဲ့ နေရာတိုင်းကို စီးဖို့မသင့်တော်တဲ့အတွက် အကြမ်းစီးဖို့အတွက်ဘဲ အသုံးဝင်စေတယ်။ ကိုယ်သွားမဲ့ နေရာဒေသနဲ့ လိုက်ဖက်မှုမရှိဘူးဆိုမှတော့ ဘယ်လောက်ပဲ စီးလို့ကောင်းကောင်း အမြဲတမ်းစီးနေဖို့က မဖြစ်နိုင်ဘူးလေ။
တချို့ဖိနပ်တွေက ဈေးနှုန်းအားဖြင့် သင့်တင့်တယ်။ လှတပတနဲ့ စီးလိုက်တဲ့အခါတိုင်းမှာ နာကျင်မှုမရှိဘဲ ပေါ့ပါးလွတ်လပ်တယ၊် လမ်းလျှောက်တဲ့အခါမှာ သက်တောင့် သက်သာနဲ့ လိုရာခရီးကို အဆင်ပြေပြေသွားနိုင်တယ် ။ သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်ခံ့ခံ့နဲ့ ခေတ်မှီ လှပအောင်ချုပ်ထားတဲ့ ဖိနပ်တစ်ရံကိုတော့ အမြဲတမ်းစီးဖို့ ရွေးချယ်ပါတယ်။ ဒီဇိုင်းအရမ်းဆန်းလွန်းရင်လည်း ခဏလေးနဲ့ ရိုးသွားတတ်တာကြောင့် ခပ်ရှုပ်ရှုပ်ဒီဇိုင်းတွေကို ရွေးလေ့မရှိဘူး။ အမြင်အားဖြင့် ခပ်ရှင်းရှင်း၊ မရိုးလွန်း မဆန်းလွန်တဲ့ ဖိနပ်လေးကိုတော့ တော်တော်လေးကြိုက်မိတယ်။
မိန်ကလေးတစ်ယောက်အနေနဲ့ မိမိဘဝလက်တွဲဖော်ရွေးတဲ့အခါ ဖိနပ်တစ်ရံကို ရွေးချယ်သလို သေသေချာချာရွေးနိုင်မှသာ ကိုယ့်ဘဝအတွက် အဆင်ပြေနိုင်မဲ့သူကို ရှာဖွေနိုင်ပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့ ဖိနပ်တွေနဲ့နှိုင်းယှဉ်ရရင် နောက်ဆုံးပြောခဲ့တဲ့ အမျိုးအစားလို ကိုယ့်အတွက် အဆင်ပြေနိုင်မဲ့သူတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့ရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်မှာပါ…….
04 November 2010
ချစ်သူ…..
28 October 2010
မျှော်လင့်ချက် စိတ်ကူး အိပ်မက်
လူတိုင်းလူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက ကလေးဘဝတုန်းကဆိုရင် ဆရာဝန်ကြီးဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီးဖြစ်ချင်တယ်၊ အဆိုတော်ဖြစ်ချင်တယ်၊ ဆူပါမန်းဖြစ်ချင်တယ် အစရှိသဖြင့်ပေါ့။ ငယ်ငယ်တုန်းကဆိုတော့ ဘာကိုမှမတွေးဘူး ဖြစ်ချင်တာကိုဘဲ ထုတ်ဖော်ပြောကြတယ်။ ဖြစ်နိုင်ချေရှိမရှိဆိုတာလဲ တွေးလေ့မရှိဘူး။ ဒါကြောင့် လေးတွေရဲ့စိတ်ကူးက လွတ်လပ်တယ်၊ ဘောင်ကန့်သတ်ချက်မရှိဘူး။ အသက်နည်းနည်းကြီးလာတော့ အိပ်မက်တွေကနည်းနည်းလက်တွေ့ဆန်
လူတိုင်းမှာ အိပ်မက်တွေရှိခဲ့ကြသလို ကျွန်မမှာလဲ ရှိခဲ့ဖူးတယ်… ငယ်ငယ်တုန်းကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း
စလုံးကိုလည်းရောက်ပြီး အလုပ်လုပ်နေလိုက်တာ အခက်အခဲပေါင်းစုံ ပြသနာပေါင်းစုံနဲ့ လုံးခြာလိုက်ပြီးသကာလ စိတ်ကူးအိပ်မက်ဆိုတာတွေအားလုံး ဘယ်ပျောက်သွားမှန်းကိုမသိတော့ဘူ
စိတ်ကူးအိပ်မက်ဆိုတာကတော့လွတ်
၁) ကမ်းခြေနားမှာ အိပ်တစ်လုံးဝယ်မယ်
၂) ဘီအမ်ဒဗလျူ ကားဝယ်စီးမယ်
၃) တစ်ကမ္ဘာလုံးကို ခရီးသွားမယ်
၎) ……………………………………
၅) ………………………………… အစရှိသဖြင့်ပေါ့လေ။ ကိုယ်ဖြစ်ချင်တာတွေကို အကုန်ချရေလိုက်ပါ၊ ပြီရင် မြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်ပါ။ ကိုယ့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် တွန်းအားတစ်ခုရလာလိမ့်မယ်။ စိတ်ကူးတွေကိုမြင်အောင်ကြည့်ပြီ
လက်တွေ့အကောင်အထည်ဖော်တယ်ဆိုတဲ့
အိပ်မက်တွေမက်ခွင့်ရှိတဲ့ဘဝမှာ လွတ်လပ်စွာပျံသန်းလိုက်ပါ။ အကန့်အသတ်မရှိ မက်ခွင့်ရှိပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ကတော့ လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်မှုနဲ့ ဆိုင်ပါလိမ့်မယ်။ ဒီပို့စ်လေးကိုဖတ်ပြီး စာဖတ်သူရဲ့ စိတ်ကူးအိမ်မက်တချို့ ပြန်လည်ရှင်သန်လာခဲ့ရင် အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ……
27 October 2010
ပြန်လည်ရောက်ရှိခြင်း
ဘလော့ပြန်ရေးရင်ကောင်းမလားလို့ စတေးတပ်တင်ထားလိုက်တော့ တချို့ ကဝမ်းသာအားရနဲ့ ပြန်ရေးပါတဲ့ အားပေးမယ်တဲ့ ... တချို့ ကလည်း မရေးပါနဲ့တဲ့ အချိန်ကုန် အကျိုးမရှိဖြစ်မယ်တဲ့... ဒါပေမဲ့ ရေးစေချင်တဲ့သူကပိုများတယ်လေ.... ကိုယ့်အနေနဲ့ကတော့ အချိန်ကုန် အကျိုးမရှိဖြစ်တယ်လို့ မခံယူပါဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ကိုလုပ်နေရရင် အကျိုးရှိတယ်မရှိဘူးဆိုတာထက် ကိုယ့်စိတ်ကျေနပ်ဖို့က အဓိကပါ။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်းနဲ့ အချိန်ကုန်သွားတာက ပိုကောင်းပါတယ်။ ဘဝဆိုတာ အချိန်တိုတစ်ခုပါဘဲ။ အဲဒီထဲမှာမှ စိတ်ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း ရှင်သန်နေထိုင်သွားရရင် ပိုမကောင်းဘူးလား..... ပျော်ရွင်မှုတွေ စိတ်ပျက်စရာတွေ ရှိလာရင်လည်း အပြုံးမပျက်ကြံကြံခံရင်းပေါ့..
ဘလော့ပြန်ရေးမယ်ဆိုတော့လည်း ဘယ်လိုအကြောင်းအရာကို ရေးရင်ကောင်းမလဲဆိုတာကို စဉ်းစားရပြန်ရော။ အကြောင်းအရာတွေ မထပ်ဘဲ အမြဲမပျက်ရေးနိုင်ကြတဲ့ ဘလော့ဂါတွေကို လေးစားပါတယ်။ စာရေးတာကြာလာလေ သူတို့ရေးတဲ့ပို့စ်တွေက ပိုကောင်းလားလေလို့ ထင်မိတယ်။ လက်ရည်တတ်လာတယ်လို့ဆိုမလားဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ တဖန်ပြန်ပြီး ရှင်သန်လိုက်ဦးမယ် .... ပေါ်တစ်ခါပျောက်တစ်လှည့်ပေါ့.. ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ကိုယ်ကိုယ်တိုင်ပျော်ရွှင်မှုကို ရှာနိုင်ဖို့က အရေးအကြီးဆုံးပဲ လို့ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲနဲ့ပေါ့။
ကဲ..... ပြန်လည်းရောက်ရှိခြင်းနဲ့ မိတ်ဆက်လိုက်လိုက်ပါပြီ.... စိတ်ထဲမှာရှိရင် ရှိသလိုရေးချတဲ့နေရာတစ်ခုကို ဖန်းတီးရင်းနဲ့ .....